မြောက်ဦးနယ် ကုလားပုန်းညောင်ပင်လယ်ရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ် ၄၀နီးပါးပျက်စီး

(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၄) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုလားပုန်းညောင်ပင်လယ် ကျေးရွာတွင် ယနေ့ နံနက်က လေဆင်နှာမောင်းတိုက်ခတ်သွားသဖြင့် အိမ် ၄၀ ခန့် ပြိုပျက်သွားကြောင်း သတင်း ရရှိသည်။ “ အိမ် ၂ ဆောင်က လုံးဝပြိုပျက်သွားပါတယ်။ အိမ် ၃၀ကျော်ရဲ့ အိမ်ခေါင်မိုးတွေ ပွင့်ထွက်သွားပြီး အချို့အိမ်တွေရဲ့ ဘေးထရံတွေ လန်ကျသွားပါတယ်။ ဗွီဒီယိုရုံ တစ်ခု၊ ဆန်စက် နှစ်လုံး အဆောင်နဲ့ စပါးကျီ ၃ ခုလည်း ပျက်စီးသွားပါတယ်” ဟု ကုလားပုန်း ညောင်ပင်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှက ပြောသည်။ယနေ့  နံနက် ၁၀ နာရီ ၁၀မိနစ်က လေဆင်နှာမောင်း လျှပ်တပြက် […]

ပြင်သစ်သံရုံး ပထမအတွင်းဝန် ရခိုင်သတင်းသမားများနှင့် စစ်တွေတွင် တွေ့ဆုံ

(နိရဉ္စရာ ၂၀ ဇွန်လ ၂၀၁၄)/လင်းမြတ် မြန်မာနိုင်ငံ ပြင်သစ်သံရုံး ပထမအတွင်းဝန်သည် ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားများနှင့် ယမန်နေ့က စစ်တွေတွင် တွေ့ဆုံခဲ့သည်။ ပြင်သစ်သံရုံးပထမအတွင်းဝန် Mrs.Sonia Tebbakh  အပါအဝင် သံရုံးတာဝန်ရှိသူ (၃)ဦးသည် သူတို့၏ စစ်တွေ ခရီးစဉ် အတွင်း  ပြည်တွင်း ပြည်ပ အခြေစိုက် မီဒီယာ(၇)ခုမှ ရခိုင်သတင်းသမားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ဆုံပွဲကို စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာများနှင့် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ပြင်သစ်သံရုံး ပထမအတွင်းဝန် Mrs.Sonia  က အစည်းအဝေးတွင် ယခုလို ပြောသည်။ “ရခိုင်ကိုလာတာ ဒါပထမဦးဆုံးပါ။ ရခိုင်မှာ ဂျာနယ်လစ်တွေ၊အစိုးရအဖွဲ့ဝင်လူကြီးတွေ၊ဒေသခံတွေနဲ့ တွေ့တော့ ဒီမှာ […]

မြောက်ဦးတွင် တောင်ပြို မြေပိ၍ သားအမိ နှစ်ဦး သေဆုံး

(နိရဉ္စရာ ၁၈ ဇွန်လ ၂၀၁၄)/လင်းမြတ် ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် ယနေ့ နေ့လည် (၂)နာရီအချိန်က တောင်ပြိုကျရာမှ မြေပိပြီး မိခင်ဖြစ်သူနှင့် လေးနှစ်အရွယ် သူမ၏သားမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။ သေဆုံးသူများမှာ မြောက်ဦး မြို့သစ်ရပ်ကွက်မှ ဒေါ်စံအေးသာ(အသက် ၄၃ နှစ်)နှင့် သားဖြစ်သူမောင်မောင်(အသက် ၄ နှစ်)တို့ဖြစ်ကြောင်း သိရသည်။ ယင်းသေဆုံးသူ သားအမိမှာ မြောက်ဦးမြို့ဗန္ဓုလဘုန်းကြီးကျောင်း အနီးရှိ စည်ကားတောင်၌ မြေတူးနေစဉ် တောင်ပြိုကျကာ မြေပိ၍သေဆုံးသွားခြင်း ဖြစ်ကြောင်းမြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။ “သားမိတစ်စု စည်ကားတောင်မှာ မြေတူးနေတုန်း တောင်ပြိုကျလို့ လေးနှစ်သားအရွယ် ခလေးနဲ့အမေဖြစ်သူကတော့သေသွားတယ။်အဖေဖြစ်တဲ့သူနဲ့အသက်(၁၂)နှစ်အရွယ်သမီးတစ်ယောက်ကျန်ခဲ့တယ်” ဟု သူက ဆိုသည်။ ယင်းသို့ တောင်ပြိုစဉ် […]

ကျောက်တော်သကြားစက် စက်မှုဌာနမှူး ဂျင်ဂလိဖြင့်ပစ်ခတ်ခံရ

(နိရဉ္စရာ-၁၄ ဇွန်လ ၂၀၁၄)/လင်းမြတ် ရခိုင်ပြည်နယ် ကျောက်တော်မြို့ သကြားစက်မှ ဌာနမှူးတစ်ဦးအား စက်ရုံအနီးအနားမှ လူတစ်စုမှ ဂျင်ဂလိ လက်နက်ဖြင့် ပတ်ခတ်သဖြင့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။ ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားသူမှာ ကျောက်တော်သကြားစက်မှ စက်မှုဌာနမှူး ဦးသာနိုးအောင်ဖြစ်ကြောင်း သိရသည်။ အဆောင်မှ ဆိုင်ကယ်စီး၍ ထွက်လာစဉ်  စက်မူဌာနမူအား ဘင်္ဂါလီကုလားများက ဂျင်ဂလိဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဌာနမှူး၏ ပြောစကားကို ကိုးကား၍ သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကျောက်တော်မြို့မှ ဦးမောင်ကျော်သာက နိရဉ္စရာသို့ ပြောသည်။ “ဌာနမှူး သူ့အဆောင်ကနေ ဆိုင်ကယ်စီပြီး ထွက်လာတဲ့အချိန်မှာ ဘင်္ဂလီတွေက ဂျင်ဂလိနဲ့ လှမ်းပစ် လိုက်တာပါ။ ညာဘက်နို့အုံကို ထိသွားတယ်။ ပစ်တာက အသေပစ်သတ်တာ။ ဒါပေမယ့် […]

လုပ်ငန်းသုံးရေခဲဈေးနှုန်းသုံးဆမြင့်တက်၍ ရခိုင်ရေလုပ်ငန်းထိခိုက်

(နိရဉ္စရာ – ၅ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင် စစ်တွေမြို့ တွင် လုပ်ငန်းသုံး ရေခဲဈေးနှုန်းမှာ ယခင်နှစ်ကထက် သုံးဆမြင့်တက်သွားသဖြင့် ရခိုင်ပြည်နယ်၏ ငါးပုဇွန်လုပ်ငန်းကို အကြီးအကျယ်ထိခိုက်မူများ ရှိနေကြောင်း သတင်းရရှိသည်။ သို့အတွက် ရေလုပ်ငန်းရှင်များ၊ ရေခဲစက်ပိုင်ရှင်များ စုပေါင်းပြီး စစ်တွေမြို့ရှိ မင်းဇာနည်အအေးခန်းစက်ရုံတွင် ယမန်နေ့ ဇွန်လ ၅ ရက်နေ့က ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ကြသည်။ “ ဈေးတက်သွားရတာက အရင်က စပါးခွံသုံးစက်နဲ့ လည်ပတ်ခဲ့တော့ ထုတ်လုပ်မူ ကုန်ကျစရိတ်က သက်သာတယ်။  ပေါင် (၃၀၀) ရေခဲတစ်တုံးကို ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အခုအခါ ဒီဇယ်စက်တွေကို အသုံးပြုနေရတော့ ရေခဲပေါင်(၃၀၀)တစ်တုံးကို  အခု ကျပ်တစ်သောင်း ဝန်းကျင်နဲ့ […]

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

(နိရဉ္စရာ- ၄ ဇွန်လ ၂၀၁၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။ ၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR […]