ALP မှ လက်နက်အများအပြားကို လူ ၈ ဦးနှင့် အတူ မြန်မာ- မီဇိုရမ်နယ်စပ်တွင် ဖမ်းမိဟု

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ လက်အောက်ခံ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်မှ လက်နက် အများအပြားနှင့် ကျည်ဆံများကို ၎င်းပါတီ၏ တပ်ဖွဲ့ဝင် ရှစ်ဦးနှင့် အတူ အိန္ဒိယ စစ်တပ်မှ ဖမ်းမိသည်ဟု India Express တွင် သတင်းဖော်ပြသည်။ အိန္ဒိယ စစ်တပ် သတင်းအရ ဒီဇင်ဘာ ၉ ရက်သောကြာနေ့က မီဇိုရမ်ပြည်နယ် Lwangtlai ခရိုင် Tuithumnar ဒေသတွင် စစ်ဆင်ရေးတစ်ခုအတွင်း လက်နက် အများအပြားနှင့် ၎င်း တပ်ဖွဲ့မှ လူ၈ ဦးဖမ်းမိကြောင်း ဖော်ပြသည်။ ဖမ်းဆီးရမိသည့် လက်နက်များထဲတွင် ခေတ်မီ M 16 လက်နက်များ၊ AK […]

ပင်လုံတိုင်းရင်းသားလူငယ်ညီလာခံသို့ ရခိုင်ပြည်နယ်မှ လူငယ် ၃၀ ကျော်တက်ရောက်မည်

ကောင်းမြတ်နိုင်(မောင်တော) နိရဉ္စရာ၊ ဇူလိုင်လ ၁၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ နေ့ထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်မည့် ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ပေါင်းစုံညီလာခံသို့ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် လူငယ် ၃၅ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ပေါင်းစုံညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုဇော်ဇော်ထွန်းက “ရခိုင်ပြည်နယ်က လူငယ် ၃၅ ဦးလျာထားပါတယ်။ မျိုးနွယ်စုတွေထဲကတော့ အနည်းဆုံး ယောင်္ကျားလေးတစ်ဦး၊ မိန်းခလေးတစ်ဦးစီလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရခိုင်လူငယ်တွေအနေနဲ့ကျွန်တော်တို့ဒေသမှာ ဖြစ်ပျက်နေတာတွေကို ဝိုင်ဝန်း ဆွေးနွေး သွားမှာပါဖြစ်ပါတယ်။အဓိကတော့ တိုင်းရင်းသားလူငယ်တွေစုပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် အကြောင်းတွေကို ဆွေးနွေးအဖြေရှာသွားမှာပါ။”ဟု နိရဉ္စရာ […]

စစ်တပ်က ပြန်ပေးမြေ အငြင်းပွားမူကြောင့် မင်းပြား- ဗလိပေါက်ရွာတွင် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေ ရှိနေ

(နိရဉ္စရာ- ၂၉ ဇွန်လ ၂၀၁၄) ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာတွင် စစ်တပ်က ပြန်ပေးသော လယ်မြေများနှင့် ပတ်သက်ပြီး ရွာသားများအကြား အငြင်းပွားမူ ပေါ်ပေါက်နေကာ ရွာသားများ အကြား တစ်ဘက်နှင့် တစ်ဘက် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။ “ အခု စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ အကုန်လုံးကို ပြန်ပေးပါတယ်။ စုစုပေါင်း လယ် ၄၂၃ ဧက ဖြစ်ပါတယ်။ ရွာသားတွေကို တစ်အိမ်ထောင်ကို ၁ ဒသမ ၃၅ ဧကစီ ခွဲဝေပေးပါတယ်။ အဲသလို ခွဲဝေပေးနေတဲ့ အချိန်မှာ စစ်တပ်က အရင် သီးစားချခဲ့တဲ့ […]

အမျိုးသမီးတစ်ဦး ခေါင်းဆောင်တဲ့ ဆိုင်ကယ်စီး လုယက်ဂိုဏ်း စစ်တွေတွင် ဖမ်းမိ

(နိရဉ္စရာ- ၂၄ ဇွန်လ ၂၀၁၄) အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ်စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတစ်ခုကို စစ်တွေတွင် ယမန်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ အမျိုးသမီး ဂိုဏ်းခေါင်းဆောင်မှာ မမိုးစန္ဒာ ဖြစ်ပြီး သူမမှာ GE ( ဆောက်လုပ်ရေးတပ်)မှ စာရေးမ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စာကြည့်တိုက်မှူးဖြစ်ကြောင်း သိရသည်။ သူနှင့်အတူ ဖမ်းဆီးခံရသူများမှာ မင်းဂံရပ်ကွက်၊ ထွန်းသစ်လွှင် စားသောက်ဆိုင်မှ ကိုတိုး (ခ) ဟိန်းအောင်ခန့်၊ အမက (၈၀) စစ်တပ်ကျောင်းမှ ညစောင့် စိုးမိုးဌေးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုစောဝင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။ သူတို့အား […]