ARG မှ ပထမဆုံးအကြိမ် စက်ပြင်သင်တန်း ဖွင့်လှစ်

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ မေ ၁၅ ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ ပထမဆုံးအကြိမ် အခြေခံစက်ပြင်သင်တန်း တစ်ခုကို မောင်တောမြို့နယ်တောင်ပိုင်းရှိ ARG အခြေစိုက်ရာ စခန်းတွင် ဖွင့်လှစ်ပို့ချနေသည်ဟု သတင်းရရှိသည်။ ၎င်းသင်တန်းအား မေ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများမှ သင်တန်းသား ၃၀ ခန့် တက်ရောက် သင်ယူလျက်ရှိသည်ဟု သိရသည်။ “သင်တန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းတဲ့ အခါမှာ စက်ကိရိယာတွေကို ဘယ်လို ကိုင်တွယ် အသုံးပြုရမယ်ဆိုတာ နားလည် တတ်ကျွမ်းအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်”ဟု ဦးဘအေးက ပြောသည်။ ၎င်းသင်တန်းတွင် ကျောက်တော်မြို့ […]

ARG မှ မောင်တောဒေသစိုက်ပျိုးရေးအတွက် ရေသိုလှောင်ဆည် တည်ဆောက်

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ မေ ၃ ရခိုင်ပြည်နယ် မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ တောင်ကြား ချိုင်တစ်ခုအား ပိတ်ဆို့ကာ ဆည်အဖြစ် တည်ဆောက်နေကြောင်း သတင်းရရှိသည်။ ၎င်းဆည်ကို မေလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာများ အတွက် စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးလာရန် ရည်ရွယ်၍ ဤဆည်အား တည်ဆောက်ခြင်း ဖြစ်ကြာင်း၊ ဆည်တည်ဆောက်ပြီးစီးပါက ရေဂါလံ သောင်းနှင့်ချီပြီး သိုလှောင်ထားနိုင်မည်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ သုံးခုစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ARG ဥက္ကဋ္ဌ ဦးဘအေးက […]

နိုင်ငံတကာရောက် ရခိုင်မိသားစုများမှ ARG သို့ ကျပ်သိန်း ၁၇၀ ကျော် လှူဒါန်း

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈ နိုင်ငံတကာရောက် ရခိုင်မိသားစုများမှ မောင်တောဒေသတွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက် လုပ်ကိုင်နေသည့် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) သို့ ကျပ်သိန်း ၁၇၀ သိန်းကျော် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းလှူဒါန်းပွဲကို အခမ်းအနား တစ်ရပ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အာရီယာန် စားသောက် ဆိုင်၌ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရခိုင်အသင်း (ကိုးရီးယား) မှ ကျပ် သိန်း ၁၄၀ နှင့် အမေရိကန်၊ နေသာလန် နှင့် ရန်ကုန်ရောက် ရခိုင်မိသားစုများမှ ၃၃၇၅၀၀၀ ကျပ်ကို […]

မောင်တောဒေသ အခြေချနေထိုင်သူများအတွက် ရခိုင်အသင်း(ကိုရီးယား)မှ CRR သို့ ကျပ်သိန်း ၉၀ ကူညီလှူဒါန်း

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၃ မောင်တောဒေသတွင် အခြေချနေထိုင်သူများအတွက် ရခိုင်အသင်း(ကိုးရီယား)နှင့် ကိုးရီးယား နိုင်ငံရှိ မြန်မာဆရာတော်များ၊ မြန်မာ တိုင်းရင်းသားများမှ ငွေ ကျပ် သိန်း (၉၀) တိတိအား အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက် အကူပြုကော်မတီ (CRR) ထံသို့ ဇန်ဝါရီ ၂၂ ရက်နေ့က ပေးအပ်လှူ ဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အလှူ ငွေများအား မောင်တောဒေသတောင်ပိုင်းတွင် CRR မှ စီစဉ် တည်ဆောက် နေသည့် ရွှေ့ပြောင်း အခြေချ အိမ်ထောင်စုများအတွက် နေအိမ်များ ဆောက်လုပ်နိုင်ရန် (နေအိမ် ၁၅ လုံး ဆောက်လုပ်နိုင်ရန်အတွက်) ရည်ရွယ် လှူ ဒါန်းခဲ့ခြင်း […]

မြောက်ဦးတွင် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရသူများအား ရခိုင်လူမှုအဖွဲ့အစည်းအများမှ ထောက်ပံ့ကူညီ

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၁ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရသူများကို ရခိုင်လူမှုအဖွဲ့အစည်းအများအပြားမှ ယနေ့ (၂၁-၁-၂၀၁၈) တွင် ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။ ထိုသို့ကူညီရာတွင် ရခိုင်မျိုးစောင့်အဖွဲ့ ( ARG) မှ သေဆုံးသွားသူ ၇ ဦး၏ ကျန်ရစ်သူမိသားစု တစ်စုလျှင် ကျပ် ၂ သိန်း၊ ဒဏ်ရာရသူ ၁၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂ သိန်းဖြင့် စုစုပေါင်း ကျပ် ၃၈ သိန်းကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ အလားတူ စစ်တွေလူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီမှ သေဆုံးသွားသူ ၇ ဦး၏ မိသားစုများနှင့် ဒဏ်ရာရသူ […]

ရန်ကုန်လိုင်သာယာမှ ရခိုင်လူမျိုးများ မောင်တောဒေသတွင် အခြေချရန် ထွက်ခွာ

နိရဉ္စရာ၊ နိုဝင်ဘာ ၂၉ ရန်ကုန်တွင် ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများထဲမှ တစ်ချို့သည် အလုပ်အကိုင် အခွင့်အလန်းများကြောင့် မောင်တော ဒေသတွင် အခြေချနေထိုင်ရန် ထွက်ခွာလျက်ရှိကြသည်ဟု သတင်းရရှိသည်။ “ အခု လက်ရှိ ရှစ်ယောက်တစ်ဖွဲ့က မောင်တောကို ရောက်သွားပါပြီ။ ဒီကနေ့ ဦးကျော်ရင်လှိုင် ဦးဆောင်တဲ့ ၁၀ ယောက် တစ်ဖွဲ့ မောင်တောကို ရန်ကုန်ကနေ သွားကြမှာပါ။ နောက်ထပ် အဖွဲ့ဝင် ၁၀ ကျော် ပါတဲ့ မိသားစု သုံးစုလည်း မောင်တောကို သွားကြမှာ ဖြစ်ပါတယ်” ဟု ရက္ခိတ မျိုးစောင့်အဖွဲ့ (ARG) ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ ယခုအခါ မောင်တောဒေသတွင် စီမံကိန်း […]

မောင်တောဒေသတွင်အကောင်အထည်ဖော်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ARG မှ ရန်ကုန်တွင် ရှင်းလင်းပွဲပြုလုပ်

နိရဉ္စရာ၊ နိုဝင်ဘာ ၁၃ ရခိုင်မျိုးစောင့်အဖွဲ့ ( ARG) မှ ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လူထု ရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံတွင် နိုဝင်ဘာ ၁၂ ရက် နံနက်က ပြုလုပ်ခဲ့သည်။ ၎င်းရှင်းလင်းပွဲသို့ အဖွဲ့ နာယက ဦးထွန်းအောင်ကျော်နှင့် ARG ဥက္ကဋ္ဌ ဦးဘအေးတို့မှ တက်ရောက်ရှင်းလင်းခဲ့သည်။ ရှင်းလင်းပွဲတွင် ARG ဥက္ကဋ္ဌ ဦးဘအေးမှ မောင်တောဒေသတွင် ရခိုင်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအား ရိက္ခာများ ထောက်ပံ့ ကူညီခြင်းထက် အလုပ်အကိုင်များ ရှာဖွေဖော်ထုတ်ပြီး ရေရှည်ရပ်တည်နေထိုင်ရေးအတွက် ကူညီဆောင်ရွက်လိုအပ်နေကြောင်း ရှင်းလင်း ပြောကြားသည်။ ၎င်းပြင် ARG […]

တေးသံရှင်မိုင်၊ ရတနာမိုင်နှင့်ကိုသန်းမောင်တို့၏ အမေရိက ဖြေဖျော်ပွဲများမှ ရရှိသည့် ကျပ်သိန်း ၂၄၇ သိန်းကို မောင်တော ဒေသသို့

နောင်ခိုင်အောင် နိရဉ္စရာ၊ အောက်တိုဘာ ၂၀ အဆိုတော် ရတနာမိုင်၊ အဆိုတော် မိုင်နှင့် ရခိုင်ဝါရင့် တေးသံရှင် ကိုသန်းမောင် တို့၏ အမေရိကန်ပြည်ထောင်စု ဖြေဖျော်ရေး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မောင်တောဒေသအတွက် မြန်မာမိသားစုများက စုဆောင်းကောက်ခံ လှူဒါန်း လိုက်သော ကျပ်ငွေ သိန်းပေါင်း ၂၄၇ သိန်းကို ယနေ့တွင် ကိုသန်းမောင်မှ စစ်တွေသို့ ကိုယ်တိုင်သွားရောက်ပြီး မောင်တောဒေသ အတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။ ရခိုင်အနုပညာရှင်များဖြစ်သည့် ကိုသန်းမောင်အပါအဝင် အဆိုတော်ရတနာမိုင်နှင့် သူမ၏ မိခင်ဖြစ်သူ အဆိုတော်မိုင်တို့သည် သြဂုတ်လ ၆ ရက်နေ့မှ စက်တင်ဘာ ၁ဝ နေ့ထိ အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး မောင်တောဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသော ရခိုင်ဒုက္ခသည်များကို […]

ရခိုင်မျိုးစောင့်အဖွဲ့၏ ဌာနချုပ်ရုံး ဖွင့်ပွဲကျင်းပ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၀ ရခိုင်ပြည်နယ် မောင်တောဒေသနေ ဌာနေတိုင်းရင်းသားများ၏ ဘ၀ တိုးတက်ဖွံ့ဖြိုးမှု ရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်နေသည့် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဌာနချုပ် ရုံးခန်းဖွင့်ပွဲကို စစ်တွေမြို့တွင် သြဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ ၎င်းအခမ်းအနားတွင် သဘာပတိ အဖြစ် ဆရာကြီးဦးမောင်ဗသိန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးစိုးနိုင်က ဆောင်ရွက်သည်။ အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ဆရာကြီး မောင်ဗသိန်းက ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားပြီး ရခိုင်အမျိုးသားတိုင်း ARG နှင့် အတူ […]

မောင်တောဒေသခံတိုင်းရင်းသားများ ၀င်ငွေတိုးရေး ၀က်မွေးမြူရေးတိုးမြှင့်ဆောင်ရွက်မည်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၄ ရခိုင်ပြည်နယ် မောင်တော ဒေသရှိ ရခိုင်တိုင်းရင်းသားများ၏ စီးပွားဝင်ငွေတိုးရန် ရည်ရွယ်လျက် ရခိုင် လူမှု အဖွဲ့အစည်းများမှ တစ်ပိုင် တစ်နိုင် ၀က်မွေးမြူရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ (စစ်တွေ) မှ လှူဒါန်းငွေ ကျပ် ၃၃ သိန်းကျပ်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ ၀က်သားပေါက်များကို ၀ယ်ယူ၍ မောင်တောဒေသရှိ ကျေးရွာသားများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ “စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက မောင်တောဒေသက ဆင်းရဲတဲ့ ရခိုင်ဒေသခံတွေ အတွက် ၀က်မွေးမြူနိုင်ရေး ရည်ရွယ်ပြီးတော့ ငွေ […]