သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ရရှိသည့် ကျောင်းသား ၅ ဦးအား ဆုချီးမြှင့်

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဇူလိုင် ၁၇ သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ ၅ ဦးအား  ဂုဏ်ပြုသည့် ဆုပေးပွဲအခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၁၇ နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေကရုနာခန်းမတွင် ပြုလုပ်ခဲ့သည်။ ဆုချီးမြှင့် ဂုဏ်ပြုခံရသည့် ကျောင်းသား/ ကျောင်းသူများမှာ ရခိုင်ပြည်နယ်တွင် ပထမဆု ရရှိသည့် စစ်တွေ အထက ၂ မှ မောင်အောင်ချစ်စံ၊ ဒုတိယဆုကို စစ်တွေ အထက ၂ မှ မစုကေခိုင်၊ တတိယ ဆုကို ပေါက်တော အထက မှ မောင်ကျော်ဝင်းထွန်း၊ […]

တပ်ချုပ်ကို မြောက်ဦးဒေသခံတွေ ဘာတွေ တင်ပြခဲ့သလဲ

နိရဉ္စရာ၊ ဇူလှိုင်လ ၁၃ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဇူလှိုင်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း၌ မြောက်ဦးမြို့ပေါ်က တာဝန်ရှိသူများ၊  ရေဘေး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြောက်ဦးဒေသခံများက  မြောက်ဦးမြို့ နှစ်စဉ် ရေကြီးမှုကို ကာကွယ်မည်ဆိုလျင် နိုင်ငံတော် အစိုးရမှ စီမံကိန်းများ ချမှတ်ပြီး မြောက်ဦးချောင်းကို ရေစီးရေလာကောင်းအောင် တူးဖော်ရန် လိုအပ်ကြောင်း တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။ ကိုယ်တိုင် တင်ပြတောင်းဆိုခဲ့သူ မြောက်ဦး နာရေး ဥက္ကဋ္ဌ ဦးဦးမောင်သန်းက “ ကျွန်တော်တို့ မြောက်ဦးဟာ ဒီလိုဘဲ နှစ်စဉ် ရေကြီးနေတဲ့ […]

ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ဖွဲ့စည်း

ဇော်ဝင်း ကျောက်ဖြူ၊ မတ်လ ၁ ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသောအခက်အခဲ ပြသနာများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဥပဒေနည်းလမ်းတကျ ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ် ရှေ့နေများကောင်စီကို ကျောက်ဖြူမြို့တွင် ဖွဲ့စည်းလိုက်သည်။ ဖေဖော်ဝါရီ၂၇ရက်မှ ၂၈ရက်နေ့ထိ (၂) ရက်တိုင်တိုင် ကျောက်ဖြူမြို့ မေဖုန်းမော် ဟိုတည်တွင်  ပြုလုပ်ခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ရှေ့နေများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် ထိုသို့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲအား တရား လွှတ်တော်ရှေ့နေ ဦးကျော်မြင့် Law Firm ၏ စီစဉ်မှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ခရိုင်( ၅ )ခုမှ ရှေ့နေများ တက်ရောက်ခဲ့သည်။ ရခိုင်ပြည်နယ် ရှေ့နေများကောင်စီတွင် […]

စစ်တွေရှိ မီးလောင်ပြင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန် ပြည်နယ်အစိုးရ အမိန့်ထုတ်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ မတ်လ ၁ ရက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် မီးလောင်ကျွမ်းသွားသည့် ကွင်းပြင်များ အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများကို  ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ နေရာမှ ဖယ်ရှားပေးရန် ပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ကျူးကျော်နေ သူများထံမှ သိရသည်။ သတ်မှတ်ချိန်အတွင်းဖယ်ရှားမပေးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ၃ ပါးနှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော ကျူးကျော်များအား ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင်အင်အား ၂ဝ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။ “သတ်မှတ်ထားတဲ့ရက်ထက် လွန်သွားရင်တော့ ဥပဒေအတိုင်း […]

နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

တောင်ကုတ်- ဒီဇင်ဘာ ၂၈ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အဖိုးတန် နေပူတောင်ကို ကျောက်ထုတ်ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်းလိုက်သည့် အပေါ် ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးခန့်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ဆန္ဒပြရသည့် အကြောင်းအရင်းကို ရခိုင်လူမှုကွန်ယက်မှ ကိုဇေယျာကျော်က ယခုလို ပြောသည်။ “ ကျွန်တော်တို့ ဒီတောင်ကုတ် မြို့နယ် ရိုးမထဲမှာရှိတဲ့ နေပူတောင် စီမံကိန်းပေါ့ နော်။ ဒီနေပူတောင် အဆင့်မြင့် ကျောက်ကို ဗီယက်နမ်နိုင်ငံက ကုမ္ပဏီ နဲ့ အမှတ် (၃) သတ္တုတွင်း ၀န်ကြီးဌာနတို့ ပူးပေါင်း ကျောက်ထုတ် လုပ်နေတယ်။ ဒီစီမံကိန်းက […]

သဘာဝသယံဇာတပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို သမ္မတက တိုးတက်စေလို

စစ်တွေ/ စံမောင်သန်း ဒီဇင်ဘာ ၂၆ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်လူထုနှင့် တွေ့ဆုံစဉ် သဘာဝသယံဇာတ ပေါများပြီး ပင်လယ်ဆိပ်ကမ်းများရှိပါလျှက် ဆင်းရဲနေရသော ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုသွားခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်  ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသ ၃ ခုရှိရာ ချင်းပြည်နယ် ပထမ၊  ရခိုင်ပြည်နယ်က ဒုတိယနှင့် ကယားပြည်နယ်က တတိယဖြစ်ကြောင်း စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်တွေ လူထုနှင့် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတမှ သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ “ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဆင်းရဲရခြင်းမှာ […]

စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

စံမောင်သန်း ၂၄ ဒီဇင်ဘာ ၂၀၁၄ ရခိုင်ပြည်နယ် စစ်တွေမြို့ ဘီလူးမတံတားပေါ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်းသိရသည်။ အခင်းဖြစ်ပွားပုံမှာ စစ်တွေမြို့ မြို့တွင်းမှ သင်္ဘောဆိပ်ဘက်သို့ မောင်းနှင်လာသော ထော်လာဂျီကို နောက်မှ မောင်းနှင်လာသော ကားတစ်စီးက ၀င်တိုက်ခြင်းဖြစ်ပြီး၊ တိုက်မိသော ထော်လာဂျီနှင့် သင်္ဘောဆိပ်ဘက်မှ မောင်းနှင်လာသော ထော်လာဂျီတို့ ထပ်မှန်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက “ကားက ထော်လာဂျီကို ၀င်တိုက်တာပါ။ ပထမတိုက်ခါစကတော့ ထော်လာဂျီဘာမှ မဖြစ်သေးဘူး။ နောက်ကားက ဆောင့်ကာဆောင့်ကာ နှစ်ခေါက်ဆက်တိုက် တိုက်ပြီးမှ ထော်လာဂျီမှောက်သွားတာပါဟု” ပြောသည်။ ပထမဆုံးအတိုက်ခံရသော ထော်လာဂျီမောင်းသမားမှာ ဦးမောင်ကျော်ဆန်း အသက် […]

မဟာဓါတ်အားလိုင်း ဓါတ်တိုင်ပေါ် တက်ပြီး နွားကျောင်းသူ ကာရန်းလိုက်ပြီး ဆေးရုံတင်ရ

ပုဏ္ဍားကျွန်း ဒီဇင်ဘာ ၂၃ ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းတွင် နွားကျောင်းနေသည့် လူငယ် တစ်ဦးသည် သူ၏ နွားများကို ဓါတ်တိုင်ပေါ်သို့ တက်ရောက်ပြီး ကြည့်ရာမှ လျှပ်စစ်လိုက်ပြီး ပြုတ်ကျသွားသဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။ ယင်းလူငယ်မှာ အသက် ၁၄ နှစ်အရွယ် နွားကျောင်းသား တစ်ဦးဖြစ်ပြီး ပုဏ္ဍားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဖြစ်ကြောင်း ပုဏ္ဍားကျွန်းဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။ “ သူက မဟာ ဓါတ်အားလိုင်းကနေ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ ဓါတ်တိုင်ကို တက်ပီး သူ့နွားတွေ ဘယ်ကို ရောက်နေသလဲဆိုတာကို ရှာကြည့်တယ်။ တထစ်ပြီး တထစ်တက်တာ။ အမြင့်ကို ရောက်တော့ ကာရန်းလိုက်ပြီး […]

ကုန်တင်မော်တော်ဘုတ်တစ်စီး ပေါက်တောမြို့နယ်တွင် နစ်မြုပ်

ပေါက်တော ဒီဇင်ဘာ ၂၄ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပင်လယ်ပြင်တွင် ကုန်တင် မော်တော်ဘုတ်ကြီး တစ်စီး ကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြုပ်သွားသည်ဟု သတင်း ရရှိသည်။ ကုန်တင် မော်တော်ဘုတ်နစ်မြုပ်သွားခြင်းကို မျက်မြင် ဒေသခံ တစ်ဦးဖြစ်သူ သရက်ချောင်း ကျေးရွာသားတစ်ဦးဖြစ်သူ ကိုအောင်စံသာက ယခုလို ပြောသည်။ “ မော်တော်ဘုတ်က ပေါက်တောမြို့နယ် သလွန်တောင်ကျွန်း၊ ကျွဲသမအပေါက်မှာ ကျောက်ဆောင်နဲ့ တိုက်မိပြီး နစ်မြုပ်သွားတာပါ။ မနေ့က ဖြစ်တာပါ” ဟု သူက ပြောသည်။ ကုန်တင် မော်တော်ဘုတ်ပေါ်တွင် ကုန်ပစ္စည်းအများအပြားပါဝင်ပြီး ရန်ကုန်မှ လာသည့် မော်တော်ဘုတ်ဖြစ်ကြောင်း သူက ပြောသည်။ ယခုအခါ ပေါက်တောမြို့ပေါ်က ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု […]

ရခိုင်သို့ အရက်အဆီနှင့် အရက်အတုများတင်သွင်းနေမှုကို တားဆီးပေးရန် သမ္မတထံစာရေးတောင်းဆို

( နိရဉ္စရာ- ၁၁ နိုဝင်ဘာ ၂ဝ၁၄) /  မာန်ယုကျော် (ရွှေဝမြေ) ရခိုင်ပြည်နယ်သို့ အရက်အဆီနှင့်အရက်အတုများ တင်သွင်းနေမှုကို ဥပဒေအရတားဆီးပေးရန် နိုင်ငံ တော်သမ္မတထံ စာရေးတောင်းဆိုထားကြောင်း အရက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။ အရက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် ရခိုင်ပြည်နယ်၊ သံဃာ့ နာယကအဖွဲ့မှ နာယကနှင့် ဥက္ကဋ္ဌဆရာတော်ကြီးများ၊ စစ်တွေမြို့နယ် အမျိုးဘာသာ သာသနာ စော့င်ရှောက်ရေးအဖွဲ့မှ ဆရာတော်ကြီးများ လက်မှတ် ရေးထိုး၍ အဆိုပါစာကို နိုဝင်ဘာ ၇ ရက်နေ့က သမ္မတထံ တင်ပြလိုက်ခြင်းဖြစ်သည်။ “ရခိုင်ပြည်မှာ အရက်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ လမ်းဘေးကအရက်ဆိုင်တွေကို ဖမ်းရုံနဲ့မရဘူး။ အဓိက ရခိုင်ပြည်ကို တင်သွင်းနေတဲ့ အရက်အဆီကိုတားဆီးပေးရမယ်။  အဲဒီအရက်အဆီတွေကြောင့် ရခိုင် ပြည်မှာ […]