တန်ဖိုးကြီး ဗုဒ္ဓဆင်းထုတော်တစ်ဆူ ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့ တာကာငွေ ၆ ကုဋေ တန်ဖိုးရှိ ကျောက်ဆင်းထု ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဘင်္ဂလာ-  မြန်မာနယ်စပ် တွင် ဘင်္ဂလာရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။ အဆိုပါ ရုပ်ပွားတော်ကို မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အိုခီးယားမြို့နယ်ဇာလီယာပါလောင် မြောက်ချောနဆိုရီ ကျေးရွာမှ ဆွေယက်အာလာမ်နေအိမ်မှ ရှာဖွေ ဖမ်းဆီးရမိသည်ဟု ရဲက ဆိုသည်။ လွန်ခဲ့သော တနင်္လာနေ့ ညနေက သတင်းအရ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း ဖြစ် ကြောင်း ကော့စ်ဘာဇား တင်းတပုဒ်တွင် ဖော်ပြသည်။ အဆိုပါ ကျောက်ဆင်းထု ရုပ်ပွားတော်ကို ဂုံနီအိပ်နှင့် ထည့်ပြီး နေအိမ်အတွင်း အိပ်ကုတင် အောက်တွင်ကျင်းတူးပြီးမြုပ်နှံထားရာမှ သတင်းအရ ရှာဖွေရာတွင် တူးဖော်တွေ့ ရှိခြင်း […]

၂၁၀၂ -အရေးအခင်းတွင် ပါဝင်သူများဟု စွပ်စွဲခံထားရသူ ၁၀၀ ကျော်ကို ကျောက်တော်တွင် လိုက်လံဖမ်းဆီးနေ

မာန်ယုကျော် (ရွှေဝမြေ) ဒီဇင်ဘာ ၁၃ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အရေးအခင်းတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ ကျောက်တော်မြို့နယ်မှ လူပေါင်း ၁ဝဝ ကျော်ကို အခင်းဖြစ်ပွားအပြီး (၃) နှစ်အကြာတွင် ရဲက လိုက်လံဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။ ၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်တော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ  ရဲမှူးခင်မောင်က ယင်းသတင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာသို့ အတည်ပြု ပြောသည်။ “တချို့ကတော့ ရှောင်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေအနေကိုကြည့်ပြီးဖမ်းနေရတယ်။ အကုန်လုံးကိုတော့ မမိနိုင်သေးဘူး။ မမိမချင်းတော့ ဖမ်းဆီးသွားမှာပါ” ဟု သူက ဆိုသည်။ ယခု ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ ကျောက်တော်မြို့နယ်အတွင်း ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ဆူပူ […]

တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်မူများရှိနေ

(နိရဉ္စရာ- ၁၀ ဇူလိုင် ၂၀၁၄) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။ “ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။ ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ […]

မောင်တောနယ်စပ်မှ တူးမီးကိုင်၍ ထောင်ချခံရသူ၏ ပြစ်ဒဏ်ပြင်ဆင်သတ်မှတ်

(နိရဉ္စရာ- ၄ ဇူလိုင်လ ၂၀၁၄) ဇွန်လ ၂၆ ရက်နေ့က ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရသူ ကိုသန်းထိုက်အတွက် မိသားစုက အယူခံဝင်ရာ မြို့နယ် တရားရုံးမှ ပြစ်ဒဏ်ကို ပြင်ဆင်သတ်မှတ်ပေးလိုက်သည်ဟု သူ၏ ညီမ ဖြစ်သူ မပေါက်ပေါက်က ပြောသည်။ “ ကျွန်မ အစ်ကိုရဲ့ ပြစ်ဒဏ်ကို တရားရုံးက ပြင်ဆင် သတ်မှတ်ပေးရာမှာ ၆ လ လျှော့ပေါ့ပေးလိုက်ပါတယ်။ တရားရုံးကိုရော လိုက်ပါ ကူညီကြတဲ့သူတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။ ကိုသန်းထိုက်သည် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်  မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲ၊ သဲချောင်းအုပ်စု၊ ကျွန်းတောင်ရွာဟောင်းတွင် တစ်ဦးတည်းနေထိုင်ကာ တူးမီး […]

ကျောက်ဖြူ မဘသ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

(နိရဉ္စရာ – ၁၆ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး သံဃာတော်များ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းအစည်းအဝေးကို ကျောက်ဖြူမြို့ ယပ်လှဲကျောင်းတွင် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၂)နာရီတွင် စတင် ကျင်းပခဲ့ရာ ကျောက်ဖြူမှ ရဟန်းရှင်လူ(၅၀)ကျော် တက်ရောက်လာကြကြောင်း သိရသည်။ အစည်းအဝေးတွင် မင်းကျောင်းဆရာတော်ကြီးအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။ သဘာပတိဆရာတော်ကြီးနှင့် သံဖြူကျောင်းဆရာတော်ကြီးတို့မှ တက်ရောက်လာသော ရဟန်းရှင်လူ ပရိသတ် များအား သြဝါဒများမိန့်ကြားခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ် မဘသဥက္ကဌ၊ မူလာရာမဆရာတော်နှင့် ကျောက်မြောင်း ဆရာတော်တို့မှ မဘသ၏ လုပ်ဆောင်ချက်များကိုရှင်းလင်းခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ခုကို ချမှတ်ခဲ့ကြကြောင်း သိရ […]

မောင်တောဒေသခံများ ဆန္ဒဖေါ်ထုတ်ရန်ခွင့်ပြုချက်ရ

(နိရဉ္စရာ- ၇ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး ဒုချီးရားတန်း ပြဿနာကြောင့် တင်းမာမူများ ပေါ်ပေါက်နေသော မောင်တောတွင် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒဖေါ်ထုတ်ခွင့်ကို အာဏာပိုင်များက ယနေ့တွင် ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။ “ ခွင့်ပြုလိုက်တယ်ဗျာ။ ဒီနေ့ နေ့လယ်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်တယ်” ဟု မောင်တောမြို့မိမြို့ဖ တစ်ဦးက ပြောသည်။ မြို့လူကြီးနှစ်ဦးက ခွင့်ပြုချက်ရရန် တင်ပြ တောင်းခံခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ ခုနကဘဲ အဲဒီခွင့်ပြုချက်ကို မြို့နယ်မှူးဆီက သွားယူခဲ့တယ်။ လူပေါင်း ၅၀ ဆန္ဒဖေါ်ထုတ်မယ်လို့ တင်ထားတော့ အဲဒီအရေအတွက်အတိုင်းဘဲ ခွင့်ပြုလိုက်ပါတယ်။ ဆန္ဒဖေါ်ထုတ်ပွဲကိုတော့ […]