ရခိုင်တွင် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းမှာ အရက်ကြောင့်ဟု ပြည်နယ်ရဲမှူးပြော

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဇူလိုင် ၂၁ ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်းဖြစ်ပွားသည့်မှုခင်းဖြစ်စဉ်များအနက် အရက်သေစာသောက်စား၍ ဖြစ်ပွားသည့်မှုခင်းများ ပိုမိုများပြားလာနေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ပြောသည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂ဝ ရက် နေ့လယ် ၂ နာရီက စစ်တွေရှိ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် လူထုရှင်းလင်းပွဲတွင် ရဲမှူးကြီးက ပြောဆို လိုက်ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ ရခိုင်ပြည်နယ်ထဲမှာ မှုခင်းဖြစ်စဉ်တွေကို စိစစ်ကြည့်တဲ့အခါမှာ ယာဉ်တိုက်မှုတွေ တော်တော်လေးများ ပါတယ်။ နောက်တစ်ခါ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ဒီအမှုတွေများပါတယ်။ ကျန်တဲ့ အခြားမှုတွေကတော့ ရှိပေမယ့် နည်းပါတယ်။ ဒါတွေကို စိစစ်ကြည့်တဲ့အခါ ဒီအမှုတွေဟာ […]

ရေနံနှင့်​ဂတ်​စ်​ပိုက်​လိုင်း ဆုံးရှုံးနစ်​နာမှုများကို ​ဖြေရှင်း​ပေးရန်​ ​ပြည်​နယ်​ဝန်​ကြီးချူပ်​ကို တောင်းဆို

ကျော်ဝင်း(ကျောက်ဖြူ) နိရဉ္စရာ၊ ဇူလိုင် ၂၁ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို သူ၏ အမ်းမြို့နယ် ခရီးစဉ်အတွင်း ဒေသခံများက ရေနံနှင့်ဂတ်စ်ပိုက်လိုင်း ကြောင့် ဆုံးရှုံးနစ်နာမှုကို ဖြေရှင်းပေးရန် တောာင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ အမ်းမြို့၊ အမ်းတောင်ခန်းမတွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် (၉)နာရီခန့်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဒေသခံများတွေ့ဆုံပွဲတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ” ဇူလိုင်လ ၁၃ရက်နေ့က ရေနံနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် လယ်မြေတွေ ပျက်စီးသွားတဲ့ အတွက် ဆုံးရှုံးနစ်နာမှုတွေကို ဖြေရှင်းပေးဖို့  ပြည်နယ်ဝန်ကြီးချုပ်ကို စာတင်ထားတာ ရှိပါတယ်။ အဲဒီစာထဲမှာ ပါတဲ့ အတိုင်း ပြန်ပြီးတင်ပြလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဖြေရှင်းပေးမယ်လို့ ဝန်ကြီးချုပ်ကပြန်လည် […]

ANP ပေါက်တောမြို့နယ်ရုံးကို ကိုယ်ပိုင်ရုံးသစ်သို့ ပြောင်းရွှေ့

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဇူလိုင် ၂၀ ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ဌာနခွဲရုံး ဆောက်လုပ်မှု ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း စတင် အသုံးပြု၍ ရရှိနိုင်ငံသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ရုံးသစ်သို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။ “ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ်ဌာနခွဲ ကိုယ်ပိုင်ရုံးကို ပါတီအဖွဲ့ဝင်တွေဆီက ထောက်ပံ့ငွေတွေ၊ ပြင်ပ အလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့တာ  ၄ လ ရှိပါပြီ။ တစ်စိတ် တစ်ပိုင်း ပြီးစီးတဲ့အတွက်  အသုံးပြုလို့ရအောင် စီစဉ်ပြီးတော့ ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ရုံးမှာ လုပ်ရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ဒီလိုမျိုး ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ […]

ရေကြီး၍ ပျက်စီးခဲ့ရသော ရခိုင်မှ လယ်များအတွက် စပါးမျိုးစေ့များ အချိန်မီလိုအပ်နေ

နိရဉ္စရာ၊ ဇူလိုင်လ   ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်း ဇူလိုင်လ ပထမအပတ် ရေနစ်ခဲ့စဉ်က ပျက်စီးသွားသော ဧကထောင်နှင့် ချီရှိသော လယ်များ အတွက် အရည်အသွေးပြည့်ဝသော မျိုးစေ့စပါးများ အချိန်မီ လိုအပ်နေသည်ဟု လယ်သမားများက ပြောသည်။ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက စပါးမျိုးစေ့များ ကူညီရန် ထုတ်ဖော်ပြောကြားထားသော်လည်း ယနေ့ထိ မရောက်ရှိလာသေးသဖြင့် လယ်သမားများ အနေဖြင့် ကိုယ်ထူ ကိုယ်ထ ပျိုးထောင်စိုက်ပျိုးရာ မျိုးစေ့မကောင်းသဖြင့် ဆုံးရှုံးမှု များစွာ ရှိနေသည်ဟု  သတိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။ “ အစိုးရက ကူညီမယ်လို့ ပြောတဲ့ အတွက် စာရင်းပြုစုပြီး မြို့နယ်ကို တင်ပြထားပါတယ်။ အခုအချိန်ထိ […]

ကာကွယ်ရေးဦးစီးချုပ် ယနေ့ မြောက်ဦးခရီးစဉ် ရာသီဥတုကြောင့်ရပ်ဆိုင်းခဲ့ရ

နိရဉ္စရာ၊ ဇူလှိုင် ၁၂   မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ မြောက်ဦးမြို့သို့ လာရောက်ပြီး ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို ရာသီဥတု ဆိုးရွားမှုကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု သတင်း ရရှိသည်။ “ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ထားတဲ့ အတွက် မနက် ၇ နာရီကနေ အလိုတော်ပြည့်ကျောင်းကို သွားခဲ့ပါတယ်။ ညနေ ၃ နာရီခွဲထိ ရောက်မလာတဲ့ အတွက် ကျွန်တော်တို့ အိမ်ပြန်လာတယ်။ ရေဘေးဒုက္ခသည်တွေကတော့ ဆက်စောင့်နေသူတွေ ရှိသလို ပြန်သွားတဲ့သူတွေလည်း ရှိတာကို တွေ့ခဲ့ရပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။ […]

ရခိုင်ပြည်နယ် တိုးတက်ရေး အပြောနှင့်မဟုတ်၊ အလုပ်ဖြင့်သက်သေပြမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

စံမောင်သန်း စစ်တွေ၊ ဖေဖေါ်ဝါရီ ၁၈ ရခိုင်ပြည်နယ် တိုးတက်ရေးကို အပြောနှင့် မဟုတ် အလုပ်ဖြင့် သက်သေပြမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပြုလုပ်သော ဓါတ်ပုံပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြိုဆိုသည့် ဂုဏ်ပြုအခမ်းအနားတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးမောင်မောင်အုန်းသည်  ယခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသား ဦးလှမောင်တင်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသော ဗမာ အမျိုးသားဝန်ကြီးချုပ်ဖြစ်ပြီး ယင်းသို့ အစားထိုးခန့်အပ်သည်ကို အပြုသဘောဖြင့် ထောက်ခံသူများ ရှိသလို ကန့်ကွက်သူများလည်း ရှိသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ သူ၏ သက်တမ်း ၇ […]

ပြည်ပတွင် ၈ နှစ်ကြာ ရပ်တည်လာသော ရခိုင်မျိုးစောင့်အုပ်စု ပြည်တွင်းတွင် တရားဝင်ဖွဲ့စည်းပြီ

စံမောင်သန်း စစ်တွေ၊ ဇန်န၀ါရီ ၂၇ ဂျပန်နိုင်ငံတွင် ၈ နှစ်ကြာ ရပ်တည်ခဲ့သော ရခိုင်မျိုးစောင့်အုပ်စုသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဒေသခံ ရခိုင်ပြည်သူများနှင့် အောက်ခြေအဆင့်မှ နေပြီး ပူးပေါင်း လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်မျိုးစောင့်အဖွဲ့ Arakan Rakkhita Group (ARG) ကို ဇန်န၀ါရီလ ၂၇ ရက်နေ့က စစ်တွေတွင် တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ရခိုင်မျိုးစောင့်အုပ်စုဟု လူသိများသော ARG အဖွဲ့သည် ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတကာမှ ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ကာ ရခိုင်အမျိုးသားရေးလုပ်ငန်းများကို ပြည်ပနေ၍ ၈ နှစ်ကြာ တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားလာသော […]

ရခိုင်မီဒီယာများ တွေ့ဆုံပွဲ စစ်တွေတွင်ပြုလုပ်

စံမောင်သန်း (စစ်တွေ) ဇန်န၀ါရီ ၂၅ ရခိုင်ပြည်နယ်တွင် သတင်းထောက်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ၏ တွေ့ဆုံပွဲ တစ်ခုကို  ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် သတင်းဂျာနယ်တိုက်တွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံပွဲကို International Media Support  ( IMS) မှ ကမကထ ပြုလုပ်ပေးခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်မှ အနှံ့အပြားမှ သတင်းထောက် ၂၀ ခန့်တက်ရောက်ခဲ့သည်။ ဒိန်းမတ်နိုင်ငံ၌ အခြေစိုက်သော IMS သည် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် သတင်းမီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ မီဒီယာလောက ဖွံ့ဖြိုးရေးအတွက် လွန်ခဲ့သော သုံးနှစ်တာကာလ ကတည်းက လုပ်ဆောင်နေသော […]

ပေါက်တောမြို့နယ် ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည်စခန်းမီးလောင်၊ အိမ်ထောင်စု ၁၀၆ စု အိုးမဲ့အိမ်မဲ့ဖြစ်

ပေါက်တော၊ ဇန်န၀ါရီ ၂၄ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် ဘင်္ဂလီဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် အိမ်ထောင်စု ၁၀၆စု၊ လူပေါင်း ၄၅၀ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က အတည်ပြု ပြောကြားသည်။ “ မီးလောင်တာက ဇန်န၀ါရီလ ၂၃ ရက်နေ့  ညနေ ၃ နာရီခွဲက စလောင်ပြီး ၄နာရီခွဲမှာ ပီးသွားပါတယ်။ ရှစ်ခန်းတွဲ အဆောင် ၁၀ ခုမီးထဲပါသွားပါတယ်။ ပေါ့ဆမီးပါ။ ထမင်းချက်ရာကနေ လောင်တာပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းမီးသည် ကြိမ်နီပြင် ဒုက္ခသည်စခန်းရှိ အဒူချော်ဘီအိမ်က စလောင်ခြင်းဖြစ်ပြီး အဆောင် (၁၀) […]

တစ်ဘက်နိုင်ငံမှ ၀င်ရောက် ဓါးပြတိုက်သွားသော အဖွဲ့ကို စစ်တပ်မှ မယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေ

ဇန်န၀ါရီ ၂၃ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းသို့ ၀င်ရောက်ပြီး ဓါးပြတိုက်သွားသော အဖွဲ့တစ်ခုအား စစ်တပ်မှ မေယူတောင်တွင် ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟု သတင်း ရရှိသည်။ “ အဲဒီ အဖွဲ့က ဆင်ပိုက်ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား မေယူတောင်မှာ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်က လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကတည်းက အဲဒီဝန်းကျင်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး ရှာဖွေနေပါတယ်” ဟု ချိန်ခါလီ ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ ယင်းဓါးပြအဖွဲ့မှာ အဒူလာကိန်း ဦးဆောင်သော အဖွဲ့ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ တဆင့် လှေဖြင့် တိတ်တဆိတ် ၀င်ရောက်လာပြီး ချိန်ခါလီကျေးရွာမှ မွတ်ဆလင် ကျောင်းဆရာကြီး ဦးရွှေမောင်နေအိမ်အား […]