ရသေ့တောင်မြို့နယ် ANP ပါတီ လွှတ်တော်သုံးရပ် ကိုယ်စားလှယ်လောင်း ရွေးချယ်

ရန်ကုန်၊ မေ ၂၃ ရခိုင်အမျိုးသားပါတီ (ANP) ၏ ရသေ့တောင်မြို့နယ် လွှတ်တော်သုံးရပ် ကိုယ်စားလှယ် သုံးရပ်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပွဲကို ယနေ့ မေလ ၂၃ ရက်နေ့ နေ့လယ်တွင် စတင်မည်ဟုသိရသည်။ ANP ၏ ရသေ့တောင်မြို့နယ် အမှတ် (၁) နှင့် (၂) မဲဆန္ဒနယ်မြေမှ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ခြောက် ဦး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် ပြည်သူ့ လွှတ်တော်တွင် နှစ်ဦး ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။ ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပါဝင် ယှဉ်ပြိုင်မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် […]

နိုင်ငံသားမဟုတ်သူများကို သစ်တောထွက် ပစ္စည်းများ သွယ်ဝိုက် ထုတ်လုပ်ခွင့်ပြုသည့် ရခိုင် သစ်တောဝန်ကြီးဌာန ကန့်ကွက်ခံရ

ဘူးသီးတောင်၊ မေလ ၁၈ နိုင်ငံသား မဟုတ်သူများအား သွယ်ဝိုက်ပြီး သစ်တောထွက် ပစ္စည်းများ ထုတ်ယူခွင့်ရရန် လိုင်စင် ချပေးသော ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနကို ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းက မေလ ၈ ရက်နေ့က စာရေး ကန့်ကွက်လိုက်ကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနသည် ဒေသအတွင်းမှ နိုင်ငံသား မဟုတ်သူများကို သွယ်ဝှိုက်ပြီး ၀ါးထုတ်လုပ်နိုင်ရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သော ဘူးသီးတောင်မြို့ အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံးအမည်ဖြင့် ၀ါးလုံးရေ (၁၅) သိန်း ထုတ်လုပ်ရန် လိုင်စင်ချပေးခဲ့သည်ဟု သိရသည်။ ယင်းသို့ ချပေးခြင်းသည် ဒေသအတွင်းမှ […]

ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်

မတ်လ ၃ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စခန်းမှူးတစ်ဦးကို တပ်သား တစ်ဦးက ယနေ့ နံက်နက်က သူကိုင်ဆောင်ထားသော ရိုင်ဖယ် သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု သတင်း ရရှိသည်။ “ ဟုတ်ပါတယ်။ ဒီနေ့မနက်က ဖြစ်တာပါ။ တခြား တပ်က အရာရှိတွေနဲ့ ၀ိုင်းဖွဲ့ လဘက်ရည် သောက်နေတာကို နောက်ကနေ အနီးကပ် ပစ်သတ်သွားတာပါ။ တစ်ချက်တည်းပါ” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။ သေဆုံးသူမှာ ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူး တင်လှ ဖြစ်ပြီး သေနတ်နှင့် ပစ်သတ်သူမှာ ရဲတပ်သား ကျော်ထွန်းနိုင် ဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီ ခန့်က […]

ဘန်ကီမွန်းကို ဘူးသီးတောင်တွင် ဆန္ဒပြ

(နိရဉ္စရာ၊ ၂၄ နိုဝင်ဘာ ၂ဝ၁၄) /  မာန်ယုကျော် (ရွှေဝမြေ) နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသုံးစွဲခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့ ထပ်မံ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲကို ယနေ့ (နိုဝင်ဘာလ ၂၄ ရက်)  မွန်းလွဲ ၁ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။ ဆန္ဒပြသူများသည် ဘူးသီးတောင်မြို့၊ ၆ ရပ်ကွက်ရှိ ဧစေတီဘုရားအနီးမှ မင်းဘာကြီးလမ်း၊ တရားရုံးခွဆုံ၊ ဗိုလ်ချုပ်လမ်း၊ ဓညဝတီလမ်း၊ ဝိမလလမ်းတို့အတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က […]

ဘူးသီးတောင်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ကန့်ကွက် ဆန္ဒပြမည်

( နိရဉ္စရာ- ၂၀ နိုဝင်ဘာ ၂၀၁၄)/ ဗေဒါပျံ (ဘူးသီးတောင်) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော စကားများနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြသွားမည်ဟု သိရသည်။ ယင်း ကန့်ကွက် ဆန္ဒပြပွဲကို လူမှုရေးလှုပ်ရှားသူများ ဦးဆောင်၍ ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူ ဦးအောင်သောင်းရွှေက ပြောသည်။ “ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ မြို့လည်မှာ တည်ရှိတဲ့ အေးစေတီကျောင်းမှာ စုပါမယ်။ အဲဒီကနေ မြို့တစ်ပါတ် လှည့်လည် ဆန္ဒထုတ်ဖေါ်ပါမယ်။ ထူးထူးခြားခြား ဆောင်ရွက်ဖို့မရှိပါဘူး။ အေးချမ်းစွာပဲ စုဝေးဆန္ဒပြမှာပါ” ဟု သူက ပြောသည်။ ဆန္ဒပြပွဲ ပြုလုပ်ခွင့် ရရှိရေး […]