ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် အမ်းမြို့နယ်တရားရုံးတွင် စွဲချက်တင်

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ မေ ၈ ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို သုဿာန် ၄ ခု၌ ကျိန်စာတိုက် ဆန္ဒပြရာတွင် ဦးဆောင်သူ ၄ ဦးကို တပ်တောင်ရဲစခန်းနှင့် အမ်းမြို့မစခန်းတို့က အမ်းမြို့နယ်တရားရုံး၌ ယနေ့တွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။ “ကျိန်စာတိုက် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သူ ၄ ဦးကို မြို့မရဲစခန်းက နေရာ ၂ ခုမှာ ကျိန်စာတိုက်မှုနဲ့ တပ်တောင်ရဲစခန်းက ကလည်း နေရာအတွက် နေရာ ၂ ခုမှာ ကျိန်စာတိုက်တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ […]

တရုတ် CNPC နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦး အမှုဖွင့်ခံရ

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဧပြီ ၂၉ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သုဿန်မြေ ၄ ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက CNPC ကုမ္ပဏီ နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲဦးဆောင်သူ ၄ ဦးမှာ အမှုဖွင့်ခြင်းကို ခံထားရကြောင်း သတင်း ရရှိသည်။ အမှုဖွင့်ခံထားရသူများမှာ မျောက်ကိုက် သုဿန်မြေတွင်ဦးဆောင်သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ သံပုရာ သုဿန်တွင် ဦးဆောင်သူ ဦးရွှေထွန်း၊ ခမောင်းချောင်းသုဿန်မြေတွင်ဦးဆောင်သူ ဦးတင်လှိုင်နှင့် ဆင်ခုံတိုင် သုဿန်မြေတွင် ဦးဆောင်သူဦးဝဏ္ဏစိုးတို့ဖြစ်သည်။ သူတို့ ၄ ဦးကို ဧပြီလ ၂၇ ရက်နေ့တွင် အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် […]

အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြ

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဧပြီ ၂၅ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို တစ်ပြိုင်တည်း ကျိန်စာတိုက် ဆန္ဒပြပွဲ တစ်ခုကို အမ်းဒေသခံပြည်သူ ၅၀၀ ခန့်က ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC ကုမ္ပဏီက လျော်ကြေးမပေးသည့် အပြင် SEOP နှင့် SEGP တရုတ်ကုမ္ပဏီတို့က ၂၀၁၄ ခုနှစ်က လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် ပိုက်လိုင်း […]

CNPC နှင့် MOGE တို့ကို အလိုမရှိကြောင်း အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဧပြီ ၇ ပျက်စီးသွားသည့် လယ်ယာမြေများအား လျော်ကြေး မပေးသဖြင့် CNPC တရုတ်ကုမ္ပဏီနှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို အလို မရှိဟုဆိုကာ အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။ ၎င်း အစာငတ်ခံ ဆန္ဒပြပွဲကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး အမ်းမြို့နယ် တောင်စောက်ရှိ CNPC တရုတ်ကုမ္ပဏီရုံးရှေ့တွင် ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “နံနက် ၁၀ နာရီကနေ ညနေ ၄ […]

တရုတ် CNPC နှင့် မြန်မာ MOGE တို့ကို တောင်စောက် အခြေစိုက်စခန်းရှေ့တွင် အမ်းတောင်သူများ ဆန္ဒပြမည်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဧပြီ ၅ CNPC တရုတ်ကုမ္ပဏီ နှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို ၎င်းတို့၏ အခြေစိုက်ရုံးတည်ရှိရာ တောင်စောက် စခန်းတွင် အမ်းဒေသခံ တောင်သူများမှ ဧပြီလ ၇ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြသွားမည်ဟု သတင်းရရှိသည်။ ဆန္ဒပြရန် စီစဉ်ရခြင်းမှာ အမ်းမြို့နယ်မှ ဒေသခံတောင်သူများက ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်၍ ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ ဆန္ဒပြမှာက တောင်စောက် အခြေစိုက် စခန်း […]

ကျောက်ဖြူမှ လယ်သမား ၁၇ ဦး ကုမ္ပဏီမှ ပေးအပ်သည့် လျော်ကြေးကို နောက်ဆုံးတွင် လက်ခံယူ

ကျော်ဝင်း (ကျောက်ဖြူ ) နိရဉ္စရာ၊ အောက်တိုဘာ ၆ ကျောက်ဖြူမြို့နယ်မှ လယ်သမား ၁၇ ဦးသည် ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံး၍ ပျက်စီးသွားသည့် မြေယာများအတွက် လျော်ကြေးငွေများကို ကုမ္ပဏီမှ ပေးအပ်သည့် အတိုင်း လက်ခံယူရန် နောက်ဆုံးတွင် သဘောတူလိုက်သည်ဟု သိရှိရသည်။ ‘‘ ခု ရရှိတဲ့ လျော်ကြေးငွေက ပျက်စီးသွားတဲ့လယ်မြေတွေကို ပြန်ပြုဖို့ ငွေမလုံလောက်ဘူး။ ပျက်စီးနေတာက တော်တော်များတယ်။ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် လိုက်လျော့မှု မရှိဘူး။ လယ်သမားတွေက အခက်အခဲတွေဖြစ်လာတော့ ခုရရှိတဲ့ နုန်းထားကို သဘောမတူပေမယ့် နောက်ဆုံး လျော်ကြေးကို ယူလိုက် ကြတယ်’’ဟု လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်း ကပြောသည်။ မြေတစ်ဧကကို ကျပ်ငွေ ၁၇ သိန်းငါးသောင်းကျပ်နုန်းဖြင့် […]

စက်လှေများဖြင့် ချီတက်လာသော ရေလုပ်သားများ မဒေးကျွန်း တရုတ် CNPC ရုံးရှေ့တွင် ဆန္ဒပြကြပြီ

ကျော်ဝင်း(ကျောက်ဖြူ) နိရဉ္စရာ၊ မေ ၂၂ ယနေ့ နေ့လယ် ၁၂ နာရီကျော်က ကျောက်ဖြူမြို့မှ စက်လှေများဖြင့် ချီတက်လာကြသော ရေလုပ်သားများသည် ယခုအခါ မဒေးကျွန်းရှိ တရုတ် CNPC ရုံးရှေ့တွင် ဆန္ဒပြနေကြပြီဟု သိရသည်။ ရေနံတင်သင်္ဘောကြောင့် ငါးဖမ်းလုပ်ကွက်ပျက်စီးမှု တာဝန်ယူဖြေရှင်းပေးရေး(ဒို့အရေး) ၊ မဒေးကျွန်း ကျွန်းပတ်လမ်းများရရှိရေး (ဒို့အရေး) နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရေး (ဒို့အရေး) စသဖြင့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြနေကြသည်ဟု ပြောဆိုသည်။ တရုတ်ရေနံတင် သင်္ဘောကြီးများ ၀င်ထွက်သွားလာမှုကြောင့် ငါးဖမ်းခွင့်များ ရပ်ဆိုင်းခံရ၍ အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများ ထိခိုက်လာမှ ယခုလို ကျောက်ဖြူဒေသခံ ရေလုပ်သားများက တရုတ်ကုမ္ပဏီကို ဆန္ဒပြကြခြင်း ဖြစ်သည်။ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းမှ […]

တရုတ် CNPCကုမ္ပဏီကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် မဒဲကျွန်းဒေသခံများဆန္ဒပြတောင်းဆို

ကျော်ဝင်း၊ ကျောက်ဖြူ နိရဉ္စရာ၊ မေလ ၁၁ တရုတ်ရေနံတင်ဆိပ်ကမ်းတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် လမ်းပန်းဆက်သွယ်ရေးအပါအ၀င် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရေးအတွက် တရုတ် CNPC- China National Petroleum Corporation ကုမ္ပဏီကို မေလ ၁၁ ရက် နေ့လယ် ၁ နာရီကျော်ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မဒဲကျွန်းကျေးရွာအုပ်စု၊ ကျောက်တန်းရွာ၊ ပြိန်ရွာ၊ ရွာမရွာ (၃)ရွာ ရွာချင်းဆက် ကွန်ကရစ်လမ်းရရှိရေး၊ ကျောက်တန်းကျေးရွာထဲတွင် ပျက်စီးနေသော တံတား(၃)စင်းကို ကွန်ကရစ် တံတားပြုလုပ်ပေးရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းရရှိရေးတောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ဦးလှခိုင်က ‘‘ ကျောက်တန်းကျေးရွာမှာရှိတဲ့ တံတား(၃)စင်းကို ကွန်ကရစ်တံတားပြုလုပ်ပေးဖို့နဲ့ (၃)ရွာချင်းဆက် ကွန်ကရစ်လမ်းပြုလုပ်ပေးဖို့ ဆက်သွယ်ရေး လိုင်းအဆင်ပြေအောင်လုပ်ပေးဖို့ တောင်းဆိုဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ […]

တာဝန်ယူမှု တာဝန်ခံမှုနှင့် လူထုကို အကာအကွယ်ပေးထားသော ဥပဒေမရှိသေးသမျှ အထူးစီးပွားရေးဇုန်ကို ရပ်ဆိုင်းထားရန် ကျောက်ဖြူဒေသခံများ ပြည်ထောင်စုဝန်ကြီးထံတင်ပြ

ကျော်ဝင်း၊ ကျောက်ဖြူ နိရဉ္စရာ၊ မေလ ၁ တာဝန်ယူမှု တာဝန်ခံမှုနှင့် လူထုအပေါ်အကာအကွယ်ပေးထားသော ဥပဒေ နည်းဥပဒေ မရှိသေးသမျှ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုအား ရပ်ဆိုင်းထားရန် ကျောက်ဖြူဒေသခံများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ထံတင်ပြ တောင်းဆို လိုက်သည်။ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ဧပြီလ(၃၀)ရက်နေ့က မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကော်မတီဥက္ကဌ ဒေါက်တာစိုးဝင်းနှင့် ကျောက်ဖြူဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ဌာနဆိုင်ရာများ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စတွေ့ဆုံပွဲတွင် တင်ပြ တောင်းဆို လိုက်တာဖြစ်ခြင်း ဖြစ်သည်။ “ လက်ရှိသွားနေတဲ့ မြေယာပေါ်လစီ၊ အထူးစီးပွားရေးဇုန်ဥပဒေ၊ နည်းဥပဒေမှာ အားနည်းချက်တွေ […]

တရုတ်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စတင်ရန်အသင့်ဖြစ်နေပြီဟုဆို

ကျော်ဝင်း၊ ကျောက်ဖြူ နိရဉ္စရာ၊ ဧပြီ ၂၅ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စတင်ရန်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ လက်ထောက်ဝန်ကြီးမှ ပြောကြားလိုက်သည်။ ဧပြီ ၂၄ ရက်နေ့က ကျောက်ဖြူမြို့ မေဖုန်းမိုရ်ဟိုတယ်၌ ကျောက်ဖြူ ဒေသခံများနှင့် တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံခြားရေးရာလက်ထောက်ဝန်ကြီးတို့ တွေ့ဆုံစဉ် ၀န်ကြီးက ထိုသို့ ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။ “ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တရုတ်နိုင်ငံ အနေနဲ့ အသင့်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဘက်မှ အဆင်သင့်ဖြစ်တာနဲ့ စတင်သွားမှာ ဖြစ်ပါတယ်” ဟု တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ […]