“သွားကြားထိုးတံတောင်မပါသူကို နိုင်ငံတော်ပုန်ကန်မှုနှင့်စွဲ” ဟု ဒေါက်တာအေးမောင်ပြောဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ စက်တင်ဘာ ၁၀ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်တို့အား အမှုသုံးခုဖြင့် တရားစွဲဆိုထားရာတွင် ၎င်းအမှု သုံးခုထဲမှ မတရားအသင်းနှင့်ဆက်သွယ်မှု ၁၇ (၁) ကို ပလပ်လိုက်ပြီး ကျန်အမှု ၂ ခုဖြစ်သည့် နိုင်ငံတော်ပုန်ကန်မှု ၁၂၂ (၁) နှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုရန် စစ်တွေခရိုင်တရားသူကြီး ဒေါ်မြအေးက ယနေ့ အမိန့် ချမှတ်ခဲ့သည်။ ထိုသို့ အမိန့်ချမှတ်လိုက်သည့် အပေါ် ဒေါက်တာအေးမောင်က “သွားကြားထိုးတံတောင်မပါသူကို နိုင်ငံတော်ပုန်ကန်မှုနှင့် စွဲဆိုသည်” ဟု ဝေဖန်ပြောဆိုသွားခဲ့သည်။ “ လိုရင်းကတော့ဗျာ နိုင်ငံတော်ကို စစ်မက် ပြိုင်တဲ့သဘောပဲ။ ကျွန်တော်တို့မှာ သွားကြားထိုးတံတောင် […]

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်တို့အား ၁၃ ကြိမ်မြောက် ရုံးထုတ်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၁၃ ပုဒ်မ သုံးခုဖြင့် တရာစွဲဆို ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဇွန် ၁၃ ရက် ယနေ့တွင် ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်တို့ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု၊ မတရားအသင်း ဆက်သွယ်မှု အမှု ၂ ခုကို စစ်တွေမြို့နယ်တရားရုံးတွင်လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုကို စစ်တွေခရိုင် တရားရုံးတွင် လည်းကောင်း ကြားနာ စစ်ဆေးလျက်ရှိသည်။ ၎င်းအမှု ၃ ခုလုံးကို ခရိုင်တရားရုံးတစ်ခုတည်း၌ စစ်ဆေးပေးရန် ရှေ့နေများက လျှောက်ထားခဲ့သည်။ “ဒီတရားခံ နှစ်ဦးဟာ အကြောင်းခြင်းရာ တစ်ခုတည်းအပေါ်မှာ ၃ […]

အသစ်တက်လာသောသမ္မတ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ဖမ်းဆီးခံထားရသူ ဒေါက်တာအေးမောင်ပြော

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၂၈ အသစ်တက်လာသော သမ္မတ ဦးဝင်းမြင့်သည် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက် နိုင်လိမ့်မည်ဟု ဖမ်းဆီးခံထားရသည့် ဒေါက်တာ အေးမောင်က ပြောကြားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား သမ္မတ အဖြစ် လွှတ်တော်တွင် ယနေ့ ရွေးချယ်တင်မြောက်နေချိန်တွင် လက်ထိပ်ခတ်ကာ ခုနှစ်ကြိမ်မြောက် ရုံးထုတ်ခြင်းကို ခံရသည့် ရခိုင်နိုင်ငံရေးလောကမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်က သတင်းသမားများသို့ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ အခု အသစ်တက်လာတဲ့ သမ္မတအနေနဲ့ အချိန်တို အတောအတွင်းမှာ အမျိုးသား ရင်ကြား စေ့ရေးကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ပင်လုံညီလာခံကို မကြာမီ […]

နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို (၅) ကြိမ်မြောက်ရုံးထုတ်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၁၄ နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ယနေ့ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ် တရားရုံးတို့တွင် (၅) ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ ရုံးထုတ်ရာတွင် နိုင်ငံတော်ပုန်ကန်မှုကို ယနေ့ နံနက်ပိုင်း စစ်တွေခရိုင်တရားရုံး၌ ကြားနာ စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အမှုနှစ်ခုကို ညနေပိုင်းတွင် မြို့နယ်တရားရုံး၌ စစ်ဆေး ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့တွင် တရားလိုပြ သက်သေ ၄ ဦးကို အမှုနှင့်ပတ်သက်၍ တရားရုံးတွင် မေးမြန်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။ ၎င်းပြင် မှတ်တမ်းခွေများကို နားထောင်မှု ပြုလုပ်သွားမည်ဟုလည်း […]

နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို စတုတ္ထအကြိမ်ရုံးထုတ်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၇ နိုင်ငံတော်ပုန်ကုန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ခရိုင်နှင့် မြို့နယ်တရားရုံးတွင် ယနေ့ မတ်လ ၇ ရက်နေ့က စတုတ္ထအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။ ယင်းသို့ ရုံးထုတ်ရာတွင် ၁၇ (၁) ပုဒ်မနှင့်ပတ်သက်သည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ရသေ့တောင် မြို့စခန်းမှူး ဒုရဲမှူး ကျော်နုကို အပြန်အလှန် စစ်မေးခြင်းပြုလုပ်ခဲ့သည်ဟု သိရသည်။ “ဒီနေ့ ၁၇ (၁) ပေါ့နော်၊ မတရားအသင်းအမှုအတွက် ရသေ့တောင် […]

“ဗမာကျွန်” ဟု သုံးနှုန်းခဲ့ခြင်း မရှိကြောင်း ဒေါက်တာအေးမောင်ပြောဆို

နောင်ခိုင်အောင် စစ်တွေ၊ ဖေဖော်ဝါရီ ၉ ယနေ့ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲရန် စစ်တွေခရိုင် တရားရုံးသို့ ရုံးထုတ်လာစဉ် ဒေါက်တာ အေးမောင်မှ သူ ရသေ့တောင်မြို့ စာပေဟောပြောရာတွင် “ ဗမာကျွန်” ဟူသော အသုံးအနှုန်းကို သုံးနှုန်း ပြောဆိုခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။ “တစ်ခုရှိတယ်ဗျ။ ကျနော်မပြောတာတွေပါတယ်။ ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ်ကို ဗမာကျွန်အဖြစ်သဘောထားတယ်။ အဲဒါကျနော်မသုံးဘူး။ ဒါပေမယ့် အဲဒါကို သတင်းစာတွေမှာပါလို့ ကျနော်စိတ်မကောင်းဘူး။ ဒါက ဗမာနဲ့ရခိုင်ကို ရန်တိုက်သလိုဖြစ်ပါတယ်” ဟု ခရိုင်တရားရုံးမှ အထွက်တွင် ဒေါက်တာအေးမောင်က ပြောဆိုသည်။ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) […]

ဒေါက်တာအေးမောင်အားပါတီမှ နုတ်ထွက်ခွင့်ပြု/ မပြု ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှ ဆုံးဖြတ်မည်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ နိုဝင်ဘာ ၂၈ ရခိုင်အမျိုးသားပါတီ ( ANP) မှ ဒေါက်တာအေးမောင်အား နုတ်ထွက်ခွင့်တင်သော်လည်း နုတ်ထွက်ခွင့် ပြုသင့်/မပြုသင့် ဆိုသည်ကို ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတချို့က နိရဉ္စရာသို့ ပြောဆိုသည်။ “ ပါတီ ဥက္ကဋ္ဌ တစ်ယောက်နုတ်ထွက်စာတင်တယ်ဆိုတော့ ဒီအပေါ်မှာ ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ဗဟိုကော်မတီ အစည်းအဝေး ခေါ်သင့်ရင်လည်း ခေါ်ရမှာ ဖြစ်ပါတယ်” ဟု ANP ပါတီ အတွင်းရေးမှူး(၁) ဦးသာထွန်းလှက ပြောသည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ […]

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

(နိရဉ္စရာ- ၄ ဇွန်လ ၂၀၁၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။ ၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR […]