နိုင်ငံသားမဟုတ်သူများကို သစ်တောထွက် ပစ္စည်းများ သွယ်ဝိုက် ထုတ်လုပ်ခွင့်ပြုသည့် ရခိုင် သစ်တောဝန်ကြီးဌာန ကန့်ကွက်ခံရ

ဘူးသီးတောင်၊ မေလ ၁၈ နိုင်ငံသား မဟုတ်သူများအား သွယ်ဝိုက်ပြီး သစ်တောထွက် ပစ္စည်းများ ထုတ်ယူခွင့်ရရန် လိုင်စင် ချပေးသော ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနကို ဘူးသီးတောင်မြို့နယ် ၀ါး၊ ဓနိ လုပ်ငန်းရှင်များ အသင်းက မေလ ၈ ရက်နေ့က စာရေး ကန့်ကွက်လိုက်ကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာနသည် ဒေသအတွင်းမှ နိုင်ငံသား မဟုတ်သူများကို သွယ်ဝှိုက်ပြီး ၀ါးထုတ်လုပ်နိုင်ရန်အတွက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သော ဘူးသီးတောင်မြို့ အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံးအမည်ဖြင့် ၀ါးလုံးရေ (၁၅) သိန်း ထုတ်လုပ်ရန် လိုင်စင်ချပေးခဲ့သည်ဟု သိရသည်။ ယင်းသို့ ချပေးခြင်းသည် ဒေသအတွင်းမှ […]

မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦး အသတ်ခံရ

(နိရဉ္စရာ- ၁၄ မတ်လ ၂၀၁၄) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦး မတ်လ ၉ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု အမည် မဖေါ်လိုသူ မောင်တော ဒေသခံတစ်ဦးက ပြောသည်။ အသတ်ခံရသူမှာ မောင်တောမြို့နယ် ဘဂုံးနား (အနောက်ရွာ) ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံ (မြေယာကော်မတီအဖွဲ့ ဝင်)  ဦးအဒူရော်ဟိန်းဖြစ်ကြောင်း သိရသည်။ သတ်ဖြတ်ပြီးနောက် တရားခံများသည် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သူက ဆိုသည်။ “ သူနေထိုင်တဲ့ရွာမှာ အသတ်ခံရတာပါ။ မတ်လ ၉ ရက်နေ့ ညဉ့်မှာ ၀င်သတ်သွားတာပါ။ မနက်လင်းမှ အာဏာပိုင်တွေက သိရတာပါ”ဟု သူက ဆိုသည်။ […]

မောင်တောမြို့နယ်တွင် ရဲစခန်း (၄)ခု ထပ်မံတိုးချဲ့မည်

( နိရဉ္စရာ- ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄) / မင်းဆက်ခိုင် ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် နယ်မြေ ရဲစခန်း (၄) ခု ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ရဲစခန်းများ တည်ဆောက်မည့် ကျေးရွာများသို့ တာဝန်ရှိသူများ ယမန်နေ့က သွားရောက်လေ့လာခဲ့ကြောင်း မောင်တောခရိုင်ရဲမှူးကြီး ဦးရွှေသန်းက နိရဉ္စရာသို့ ပြောသည်။ “ ရဲစခန်းတွေကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်ဘောင်ကျေးရွာနဲ့  မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတွေမှာ တိုးချဲ့ ချသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ရဲစခန်းတစ်ခုစီတွင် ရဲတပ်သား (၄၅) ဦးဖြင့် ဖွဲ့စည်းပုံပြည့်ချသွားမည် ဖြစ်ပြီး ခေတ်မှီလက်နက်များ တပ်ဆင်ရန်လည်း […]

မောင်တောဒေသခံများ ဆန္ဒဖေါ်ထုတ်ရန်ခွင့်ပြုချက်ရ

(နိရဉ္စရာ- ၇ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး ဒုချီးရားတန်း ပြဿနာကြောင့် တင်းမာမူများ ပေါ်ပေါက်နေသော မောင်တောတွင် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒဖေါ်ထုတ်ခွင့်ကို အာဏာပိုင်များက ယနေ့တွင် ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။ “ ခွင့်ပြုလိုက်တယ်ဗျာ။ ဒီနေ့ နေ့လယ်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်တယ်” ဟု မောင်တောမြို့မိမြို့ဖ တစ်ဦးက ပြောသည်။ မြို့လူကြီးနှစ်ဦးက ခွင့်ပြုချက်ရရန် တင်ပြ တောင်းခံခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ ခုနကဘဲ အဲဒီခွင့်ပြုချက်ကို မြို့နယ်မှူးဆီက သွားယူခဲ့တယ်။ လူပေါင်း ၅၀ ဆန္ဒဖေါ်ထုတ်မယ်လို့ တင်ထားတော့ အဲဒီအရေအတွက်အတိုင်းဘဲ ခွင့်ပြုလိုက်ပါတယ်။ ဆန္ဒဖေါ်ထုတ်ပွဲကိုတော့ […]