ရက္ခိုင့်တပ်မတော်အပါအ၀င် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်ရောက်ရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံသို့ တက်ရောက်ရန် UWSA, KIA, SSPP, NDAA, TNLA, AA, MNDAA နေပြည်တော်သို့ ရောက်ရှိလာပြီဟု သိရသည်။ (ဓာတ်ပုံ- ဦးဇော်ဌေး)

ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစီအစဉ်ပယ်ဖျက်

နိရဉ္စရာ၊ သြဂုတ် ၃၁ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးသည် ယနေ့ စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြသည်။ ဦးခွန်ထွန်းဦး မတက်ရောက်ခြင်းမှာ သူနဂိုကတည်းက ကြေငြာထားတာသော အားလုံးပါဝင်ရေးမူ All Inclusive မဖြစ်သဖြင့် မတက်ရောက်ခြင်း ဖြစ်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို ကိုးကားပြီး ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြသည်။ “ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့် မရှိဘူးလို့ရှိရင် သူအနေနဲ့လည်းဘဲ တက်ရောက်ပြီး ဆွေးနွေးဖို့၊ လက်မှတ်ထိုးဖို့ဆိုတာတွေ မလုပ်နိုင်ဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ရခိုင် AA၊ ကိုးကန့် MNDAA […]

လက်နက်ကိုင်အဖွဲ့များ အားလုံး မပါဝင်လျင် ၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်မျိုးချစ်ပါတီ တက်ရောက်မည်မဟုတ်ဟုဆို

နိရဉ္စရာ၊ သြဂုတ် ၂၃ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံးပါဝင်ခွင့်ရမည် မဟုတ်လျင် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ရခိုင်မျိုးချစ်ပါတီ (APP) တက်ရောက်မည် မဟုတ်ကြောင်း ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရခိုင်မျိုးချစ်ပါတီ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၎င်းပါတီ၏ ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းအား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့ ၂၁ ရာစု ပင်လုံညီလာခံကို ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဖြစ်ပေါ်လာရေးတို့ […]

၂၁ရာစုပင်လုံညီလာခံသို့ ရက္ခိုင့်တပ်မတော် တက်ရောက်ရန် လမ်းပွင့်ပြီ

နိရဉ္စရာ၊ သြဂုတ် ၅ ရခိုင်ပြည်သူများ အထူး မျှော်လင့်တောင့်တနေသော ရက္ခိုင့်တပ်မတော် (AA)၏ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ခွင့်ရရေးမှာ ယခုအခါ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပါဝင်နိုင်ဘဲ ဖြစ်နေသော ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ သုံးဖွဲ့ကို လက်နက် စွန့်စရာမလိုဘဲ ဆွေးနွေးပွဲတက်ရောက်နိုင်ပြီဖြစ်ကြောင်း   မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူ  ပြောဆိုကြောင်း ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောကြောင်း […]

AA၊ TNLA၊ MNDAA သုံးဖွဲနှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့မည်

နိရဉ္စရာ၊ သြဂုတ် ၂   မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်သည် ရက္ခိုင့်တပ်တော် AA ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်း MNDAA (ကိုးကန့် အဖွဲ့) နှင့် တအာင်း အဖွဲ့ TNLA အဖွဲ့သုံးဖွဲ့ကို များမကြာမီ တွေ့ဆုံ သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်က ပြောသည်။ သြဂုတ် ၁ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ငြိမ်းချမ်းရေး ကော်မရှင်နှင့် အြထူးဒေသ(၄) မိုင်လားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် […]

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော် (AA) ပါဝင်

ရန်ကုန် ဖေဖော်ဝါရီ ၁၂ တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော် ( Arakan Army) မှ တပ်ဖွဲ့များလည်း ပါဝင်နေသည်ဟု သတင်း ရရှိသည်။ တအာင်းတပ်မတော်၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ တအာင်းတပ်မတော် ( TNLA)၊ ရက္ခိုင့်တပ်မတော် ( AA)နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ ( KIO/KIA) ပူးပေါင်းတပ်ဖွဲ့တို့ နှင့် ဖြစ်ပွားနေသည်ဟု […]