ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် အမ်းမြို့နယ်တရားရုံးတွင် စွဲချက်တင်

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ မေ ၈ ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို သုဿာန် ၄ ခု၌ ကျိန်စာတိုက် ဆန္ဒပြရာတွင် ဦးဆောင်သူ ၄ ဦးကို တပ်တောင်ရဲစခန်းနှင့် အမ်းမြို့မစခန်းတို့က အမ်းမြို့နယ်တရားရုံး၌ ယနေ့တွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။ “ကျိန်စာတိုက် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သူ ၄ ဦးကို မြို့မရဲစခန်းက နေရာ ၂ ခုမှာ ကျိန်စာတိုက်မှုနဲ့ တပ်တောင်ရဲစခန်းက ကလည်း နေရာအတွက် နေရာ ၂ ခုမှာ ကျိန်စာတိုက်တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ […]

တရုတ် CNPC နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦး အမှုဖွင့်ခံရ

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဧပြီ ၂၉ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သုဿန်မြေ ၄ ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက CNPC ကုမ္ပဏီ နှင့် MOGE တို့အား ကျိန်စာတိုက်ပွဲဦးဆောင်သူ ၄ ဦးမှာ အမှုဖွင့်ခြင်းကို ခံထားရကြောင်း သတင်း ရရှိသည်။ အမှုဖွင့်ခံထားရသူများမှာ မျောက်ကိုက် သုဿန်မြေတွင်ဦးဆောင်သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ သံပုရာ သုဿန်တွင် ဦးဆောင်သူ ဦးရွှေထွန်း၊ ခမောင်းချောင်းသုဿန်မြေတွင်ဦးဆောင်သူ ဦးတင်လှိုင်နှင့် ဆင်ခုံတိုင် သုဿန်မြေတွင် ဦးဆောင်သူဦးဝဏ္ဏစိုးတို့ဖြစ်သည်။ သူတို့ ၄ ဦးကို ဧပြီလ ၂၇ ရက်နေ့တွင် အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် […]

အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြ

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ ဧပြီ ၂၅ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် သင်္ချိုင်းမြေ ၄ နေရာ၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို တစ်ပြိုင်တည်း ကျိန်စာတိုက် ဆန္ဒပြပွဲ တစ်ခုကို အမ်းဒေသခံပြည်သူ ၅၀၀ ခန့်က ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် CNPC ကုမ္ပဏီက လျော်ကြေးမပေးသည့် အပြင် SEOP နှင့် SEGP တရုတ်ကုမ္ပဏီတို့က ၂၀၁၄ ခုနှစ်က လက်ကမ်းစာစောင် ဖြန့်ဝေရာတွင် ပိုက်လိုင်း […]

CNPC နှင့် MOGE တို့ကို အလိုမရှိကြောင်း အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဧပြီ ၇ ပျက်စီးသွားသည့် လယ်ယာမြေများအား လျော်ကြေး မပေးသဖြင့် CNPC တရုတ်ကုမ္ပဏီနှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို အလို မရှိဟုဆိုကာ အမ်းဒေသခံတောင်သူ ၁၀၀ ကျော်က အစာငတ်ခံဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။ ၎င်း အစာငတ်ခံ ဆန္ဒပြပွဲကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး အမ်းမြို့နယ် တောင်စောက်ရှိ CNPC တရုတ်ကုမ္ပဏီရုံးရှေ့တွင် ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “နံနက် ၁၀ နာရီကနေ ညနေ ၄ […]

တရုတ် CNPC နှင့် မြန်မာ MOGE တို့ကို တောင်စောက် အခြေစိုက်စခန်းရှေ့တွင် အမ်းတောင်သူများ ဆန္ဒပြမည်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဧပြီ ၅ CNPC တရုတ်ကုမ္ပဏီ နှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို ၎င်းတို့၏ အခြေစိုက်ရုံးတည်ရှိရာ တောင်စောက် စခန်းတွင် အမ်းဒေသခံ တောင်သူများမှ ဧပြီလ ၇ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြသွားမည်ဟု သတင်းရရှိသည်။ ဆန္ဒပြရန် စီစဉ်ရခြင်းမှာ အမ်းမြို့နယ်မှ ဒေသခံတောင်သူများက ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်၍ ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ ဆန္ဒပြမှာက တောင်စောက် အခြေစိုက် စခန်း […]