ရမ်းဗြဲတွင် ဖမ်းမိသော ဘင်္ဂလီ ၂၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

ကျော်ဝင်း (ကျောက်ဖြူ ) နိရဉ္စရာ၊ စက်တင်ဘာ ၇ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မင်းကြောင်း တံတားဘေး ချောင်းကမ်းစပ်၌ ဖမ်းမိသော ဘင်္ဂလီ လူမျိုး ၂၉ ဦးအနက် ၂၇ ဦးကို ရမ်းဗြဲမြို့နယ်တရားရုံးမှ စက်တင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ် စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က မင်းကြောင်း တံတားဘေး ချောင်းကမ်းစပ်၌ ဖမ်းဆီးရမိသာ ဘင်္ဂါလီ ကျား ၁၇ ဦး၊ မ ၁၂ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးမှ အပ ကျန် ၂၇ ဦးကို ထောင် ၂နှစ်စီ […]

ပေါက်တောမြို့တွင် ပထမဆုံး အကြိမ် အခမဲ့ မျက်စိ ခွဲစိတ်ကုသပေး

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၃ ရခိုင်ပြည်နယ်မှ တိပိဋက ကျမ်းပြီး ဆရာတော် ဦးအိန္ဒပါလ ဦးဆောင်၍ စက္ခူပါလ အဖွဲ့မှ ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် မတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့ထိ (၄) ရက်တိုင်တိုင် မျက်စိဝေဒနာရှင်များအတွက် အခမဲ့ ခွဲစိတ် ကုသပေးလျက်ရှိသည်ဟု သိရသည်။ “ဆရာတော် ဦးစီးပြီးတော့ အလှူရှင်အဖွဲ့တွေ၊ ပုဂ္ဂလိအလှူရှင်တွေက ၀ိုင်းဝန်း ပံ့ပိုးပြီးတော့ မျက်စိလာကု တာပါ။ ဆရာဝန်တွေကတော့ ရန်ကုန်က ဆရာဝန်တွေနဲ့ ဒေါက်တာမိုးကျော်အပါအ၀င် စစ်တွေက ဆရာဝန်တွေပါပါတယ်။ မနေ့ကတော့ ၅၆ ယောက်ကို ခွဲစိပ် ကုသပြီးပါပြီ”ဟု ပေါက်တောမြို့နယ် လူမှုကွန်ရက်အဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းက […]

ရန်ကုန်- စစ်တွေ အောင်ပြည့်စုံခရီးသည်တင်ဘတ်စ်ကား ၀ါယာကြိုးရှော့ဖြစ်၍ မီးလောင်ရာမှ တစ်ဦးသေ လေးဦးဒဏ်ရာရ

ကျော်ဝင်း၊ ကျောက်ဖြူ နိရဉ္စရာ၊ မတ်လ ၂ ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော အောင်ပြည့်စုံ ခရီးသည်တင်ယဉ်သည် ယနေ့ မတ်လ(၂)ရက် နံနက်(၆း၁၅)နာရီခန့်က ၀ါယာကြိုးရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် (၁)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။ မီးလောင်ဒဏ်ရာဖြင် သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့တွင်နေထိုင်သူ မအေးအေးသန်း အသက်(၂၀)နှစ်ဖြစ်ကြောင်းသိရသည်။ အောင်ပြည့်စုံခရီးသည်တင်ယဉ်အမှတ် 4A / 6971 ကားတွင် ခရီးသည်(၁၈)ဦးလိုက်ပါလာပြီး အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၂၄ အရောက်တွင် မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။ ‘‘ ၀ါယာကြိုးရှော့ဖြစ်ရာက ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်တယ်လို့သိရတယ်။ ကားမှာ ပိတ်မိပြီး တစ်ဦးသေတယ်။ လေးဦးဒဏ်ရာရတယ်။ မီးလောင်ဒဏ်ရာရသူ လေးဦးကတော့ မစိုးရိမ်ရဘူး’’ဟု အမ်းမြို့မ ရဲစခန်းတာဝန်ရှိသူ […]

ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည်

နိရဉ္စရာ၊ မတ်လ ၂ ရခိုင်ပြည်နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင် မြေပုံမြို့နယ် ကြာအင်းတောင်ရွာတွင် အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ “ အခု ပွဲတော် ပြုလုပ် ကျင်းဖို့ သတ်မှတ်ထားတဲ့ နေ့က ၁၉၄၆ ခုနှစ်က ကြာအင်းတောင် ညီလာခံ ကျင်းပခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ဆရာတော် ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲကို ရခိုင်ပြည်နယ် ၁၇ ဦးမြို့နယ်မှ ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ […]

ALD ပါတီ ပြန်မှတ်ပုံတင်ရန် လျှောက်ထားသူ ခေါင်းဆောင် ၂၀ ထဲ ဦးအေးသာအောင် မပါဝင်

နိရဉ္စရာ၊ မတ်လ ၁ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ကို ပါတီကို ပြန်လည် ထူထောင်ရန် အတွက် ခေါင်းဆောင် အမည် (၂၀) ဦးနှင့် အတူ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားရာ ထိုအထဲတွင် ယခင် ALD ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသာအောင် မပါဝင်ကြောင်း သတင်းရရှိသည်။ “ ဦးအေးသာအောင် မပါဝင်ပါဘူးခင်ဗျား။ သူက ဆုံးဖြတ်ချက် မချသေးတဲ့ အတွက် မပါဝင်တာ ဖြစ်ပါတယ်” ဟု ပါတီမှတ်ပုံတင်ခွင့်ရရန် လျှောက်ထားအပြီး အပြန်တွင် နိရဉ္စရာက မေးမြန်းစဉ် ထိုသို့ ဦးမျိုးကျော်က […]

စစ်တွေထောင်တွင် ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဟုဆို

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၁ ရခိုင်ပြည်နယ် စစ်တွေထောင်တွင် ၂၀၁၆ ခုနှစ် ဇူလှိုင်လ ၂၅ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရသော ခိုင်မျိုးထွန်းကို တရားရုံးထုတ်သည်မှာ အကြိမ် ၂၀ ထိ ရှိပြီ ဖြစ်သော်လည်း တရားလို မရောက်၍ အမှုကို ကြားနာစစ်ဆေးခြင်း မပြုလုပ်နိုင်ဘဲ ဖြစ်နေသဖြင့် ယခု လုပ်ရပ်မှာ ခိုင်မျိုးထွန်း အပေါ် လူ့ခွင့်ရေး ချိုးဖောက်ရာရောက်နေကြောင်း ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောကြားလိုက်သည်။ အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို (မတ်လ ၁ […]

ရခိုင်တွင် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဖေဖေါ်ဝါရီ ၂၇ ရခိုင်ပြည်နယ်တွင် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ် ပညာရေးဌာန၏ မှတ်တမ်းများအရ လွန်ခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသူကျောင်းသား ၃၀၉၆၀ ဦးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုသူကျောင်းသား ၄၂၅၉၈ ထိ ရှိလာခဲ့သည်။ စာစစ်ဌာန ၁၀၂ ခုရှိခဲ့ရာမှ ယခုနှစ်တွင် စာစစ်ဌာန ၁၁၆ ခု ထိတိုးလာသည်။ “ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေမယ့် ကျောင်းသူကျောင်းသား ၄၂၅၉၈ ဦးရှိပါတယ်။ စာစစ်ဌာနအနေနဲ့တော့ ၁၁၆ […]

ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ

ကျော်ဝင်း၊ ကျောက်ဖြူ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ၀က်ဝဲဥ သွားတူးရာမှ ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး (၄၁) ပြား ရရှိထားကြောင်း သတင်းရရှိသည်။ ကံပြင်စုရပ်ကွက်တွင်နေထိုင်သူ ဒေါ်မရွှေကြည်သည် ကံပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး တောင်တွင် ၀က်ဝဲဥတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား(၄၁)ပြားတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ငွေဒင်္ဂါးရရှိထားသူ ဒေါ်မရွှေကြည်၏ လင်ယောက်ျား ဦးမောင်ခင်ရွှေက သည်။ ‘‘ ကျနော့် အိမ်ရှင်မ တောင်ကိုသွားပြီး ၀က်ဝဲဥ တူးရာက ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားတွေ့တာပါ။ ကျနော် ကြည့်ရ သလောက် ဒင်္ဂါးပြားက ပုံစံ(၄)မျိုးလောက်ပါတယ်။ တွေ့တာ တစ်လနီးပါးတောင်ရှိနေပြီ။ ကျနော့်အိမ်ရှင်မက ရခိုင်ရှေးဟောင်းဒင်္ဂါးလို့မသိဘူး။ နောက်မှ ကျနော်သိလို့ […]

မောင်တောမြို့ ၅ မိုင် ထီးတစ်ရာကျောင်းတိုက် မီးလောင်

အောင်ကျော်မင်း (မောင်တော) နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇ ရခိုင်ပြည်နယ် မောင်တောမြို့၊ ၅ မိုင်အကွာအဝေးရှိ နတ်ဆွေတော် (ခေါ်) ထီးတစ်ရာဘုန်တော်ကြီးကျောင်း တစ်ကျောင်းလုံး ယနေ့ ညနေက မီလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။ ညနေ ၅ နာရီ ၅ မိနစ်တွင် မီလောင်မူဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကျောင်းထိုင် ဆရာတော်က “ အဓိဋ္ဌာန်ဝင်နေစဉ် ထွန်းညှိထားတဲ့ ဖယောင်းတိုင်လဲကျပြီး မီးလောင်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။ ဆရာတော်သည် နေ့တိုင်း ဆီမီးထွန်းပြီး အဓိဠာန်ဝင်လေ့ရှိကြောင်း ဆက်လက်ရှင်းပြ ပြောဆိုသည်။ ဆရာတော်တွင် သူ၏ ပင်စင် စာအုပ်နှင့်အတူ ငွေ ၁၆ သိန်း ပါရှိသွားခဲ့သည်။ ၎င်းပြင် ဆန် […]

နိုင်ငံသား စိစစ်မှု ၁၉၈၂ ဥပဒေနှင့် မညီ၍ စစ်တွေတွင် ကန့်ကွက် ဆန္ဒပြ

မဘုကေ စစ်တွေ၊ ဖေဖော်ဝါရီ ၂၇ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံသား စိစစ်ရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် မညီဘဲ ပြုလုပ်ဆောင်ရွက်နေသည်ဟု ဆိုကာ စစ်တွေမြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ “မောင်တောဒေသမှာ ၁၉၈၂ ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးနေတာတွေ့တယ်။ ဒါကြောင့် ဆန္ဒပြတာပါ။ အစိုးရက ပြည်သူကို လျစ်လျှုရှုနေတယ် ထင်တယ်”ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးအောင်ဌေးက နိရဉ္စရာသို့ ပြောသည်။ ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်ကျော့စိန်က ရခိုင်ပြည်နယ် လဝက ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူပေးရန် ယခုလအစောပိုင်းကလည်း စစ်တွေတွင် ပထမ အကြိမ်ဆန္ဒပြခဲ့ပြီးဖြစ်သော်လည်း ထူးခြားမှုမရှိသောကြောင့် ယခုကဲ့သို့ ထပ်မံဆန္ဒပြရခြင်း […]