ပုဏ္ဍားကျွန်းဂူဝဘုရားတွင် ထူးဆန်းစွာသေဆုံးနေသူ အသက် (၂၀)အရွယ်အမျိုးသမီး သဂြိင်္ုလ်ပြီးစီးသော်လည်း အမည်၊ နေရပ်လိပ်စာ မသိရသေး

(နိရဉ္စရာ- ၇ ဇွန်လ ၂၀၁၄)  ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ရှိ ဘုရားတစ်ခုတွင် ထူးဆန်းစွာ သေဆုံးနေသော အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးအား သဂြိုင်္လ်ပြီးစီးသွားပြီ ဖြစ်သော်လည်း သူမ၏ အမည်နှင့် နေရပ်လိပ်စာကို ယခုအချိန်ထိ မသိရှိရသေးကြောင်း သတင်း ရရှိသည်။ “  သူမကို ရဲကသဂြိုင်္လ်လိုက်ပါပြီ။ ဒါပေမယ့် သူမဟာ ဘယ်သူလဲ။ဘယ်ကလဲဆိုတာ အခုအချိန်ထိ မသိသေးဘူး။ ဘယ်သူမှလည်း အဲဒီအမျိုးသမီးဟာ ငါ့သမီး င့ါဆွေမျိုးဖြစ်တယ်ဆိုတာကို လာရောက် ပြောတာ မရှိသေးဘူး” ဟု ပုဏ္ဍားကျွန်းမြို့မှ ဦးစံရွှေကျော်က နိရဉ္စရာသို့ ပြောသည်။ ဇွန်လ ၅ ရက်နေ့က ယင်းအမည်မသိ အသက် ၂၀ အရွယ် မိန်းခလေးသည် […]

ဈေးကြီးမှ အမိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

(နိရဉ္စရာ-  ၄ ဇွန်လ ၂၀၁၄) / ခိုင်ခိုင်ဇံ ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့ တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ ဈေးကြီးမှ စွန့်ပစ် အမို်က်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေသည်ဟု သိရသည်။ မြေသားအမာကို ရလို၍ ယခုလို အမိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိုက်မျာဖို့ပြီး လမ်းလုပ်နေသည့်  စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။ “ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အ တွက်ကားဘီး တစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို […]

မင်းပြားတွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးအဖြစ်များနေ

(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄)/တင့်ဆွေမောင် ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါ အဖြစ်များနေကြောင်း သတင်း ရရှိသည်။ လွန်ခဲ့သော မေလဆန်းမှ စတင်ကာ မင်းပြားမြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များလာကြောင်း မင်းပြားမြို့ လူမှုကူညီမှုအသင်း ဥက္ကဌ ဦးခင်ဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။ “များသောအားဖြင့် ကလေးတွေ အဖြစ်များနေတယ်။ ခုဆေးရုံမှာ သွေးလွန် တုတ်ကွေး ရောဂါဖြစ်နေတဲ့ အတွင်း လူနာ(၁၄)ယောက်တောင် ရှိနေတယ်။ တစ်ယောက်ဆိုရင် အခြေအနေမကောင်းတဲ့ အတွက် စစ်တွေ ဆေးရုံကို ပို့လိုက်ရတယ်။ မင်းပြားမြို့ အစွန်အဖျားရပ်ကွက်တွေမှာ အဖြစ်များနေပါတယ်” ဟုဆိုသည်။ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသည့် လူနာအများစုမှာ မင်းပြားမြို့ ဦးစောတင့်ရပ်ကွက်၊ ဈေးဟောင်းပိုင်း ရပ်ကွက်နှင့် […]

နိရဉ္စရာအမည်ကို မဖေါ်ပြဘဲ ဂျာနယ်များတွင် သတင်းအသုံးပြုမူ ကန့်ကွက်သွားမည်

(နိရဉ္စရာ- ၂၃ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင် နိရဉ္စရာ သတင်းဌာ၏ အင်တာနက် စာမျက်နာက တစ်ဆင့် ထုတ်လွှင့်သော သတင်းများကို ပြည်တွင်းမှ ထုတ်ဝေသော သတင်း ဂျာနယ် စာစောင် အချို့တွင် နိရဉ္စရာ သတင်းဌာန အမည်ကို မဖေါ်ပြဘဲ အသုံးပြုနေမူကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။ “ ဒီကနေ့ဘဲ ကျနော်တို့ဆီက သတင်း (၂) ပုဒ်ကို ပြည်တွင်း ထုတ်ဂျာနယ် တစ်ခုမှာ သုံးထားတာကို တွေ့ရတယ်။ ကျနော်တို့ရေးတဲ့စာသား၊ ကျနော်တို့ အင်တာဗျူး လုပ်ထားတဲ့ သူတွေရဲ့ နာမည်နဲ့ ပြောတဲ့စကားတွေကို ဒီအတိုင်းသုံထားတယ်။ ဒါပေမယ့် […]