မြောက်ဦးမြို့ ဆန္ဒပြပွဲတွင် ရဲကပစ်ခတ်၍ သေဆုံးသူ ၇ ဦးကို ယနေ့ ဂူသွင်းသင်္ဂြိုလ်မည်

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇန်န၀ါရီ ၁၈ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခွင့်ပြုရန် ဆန္ဒပြတောင်းဆိုရာ၌ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၇ ဦးတို့၏ အလောင်းများကို ယနေ့ ဇန်န၀ါရီ ၁၈ ရက် နေ့လယ် ၁ နာရီတွင် မြောက်ဦး သင်္ချိုင်း၌ ဂူသွင်းသဂြိုဟ်မည်ဟု သိရသည်။ “သူတို့ ရုပ်အလောင်းကို ထားရှိဖို့ ဂူကို မြောက်ဦးအရေးပေါ် ကယ်ဆယ်ရေးအသင်းက အလှူငွေနဲ့ လုပ်နေကြပါတယ်။ မနက်ဖန် နေ့လယ် ၁ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်သွားမှာ ဖြစ်ပါတယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ မြောက်ဦးမြို့တွင် ရခိုင်အချုပ်အခြာအာဏာ […]