ရခိုင်စာသူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင်ပြုလုပ်

စံမောင်သန်း စစ်တွေ၊ဇန်န၀ါရီလ ၂၆ ရက် ရခိုင်စာ သူငယ်တန်း သင်ရိုးပြုစုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ မင်းသူရိယခန်းမတွင် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုး၊ ရခိုင်စာ သင်ရိုးညွန်းတမ်းပြုစုရေး ကော်မီတီ ဥက္ကဌ ရခိုင်ပြည်နယ်ရှေ့နေချုပ် ဦးလှသိန်း၊ ရခိုင်စာပေပညာရှင်များ၊ ရခိုင်စာရေးဆရာများ၊ ရခိုင်စာသင်ရိုးပြုစုရေး မြို့နယ်ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ခန့်တက်ရောက်ပြီး ဆွေးနွေးနွေးခဲ့ကြသည်။ သူငယ်တန်းနှင့် မူလတန်းပညာကို သင်ကြားရာတွင် မိမိမိခင်ဘာသာစကားဖြင့် သင်ကြားလျှင် တတ်မြောက်ရန် လွယ်ကူသောကြောင့် တိုင်းရင်းသားများ အတွက် မိမိတို့၏ ဘာသာဖြင့် သင်ရိုးညွှန်းတမ်း ပြုစုရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ […]

၂၁၀၂ -အရေးအခင်းတွင် ပါဝင်သူများဟု စွပ်စွဲခံထားရသူ ၁၀၀ ကျော်ကို ကျောက်တော်တွင် လိုက်လံဖမ်းဆီးနေ

မာန်ယုကျော် (ရွှေဝမြေ) ဒီဇင်ဘာ ၁၃ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်အရေးအခင်းတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ ကျောက်တော်မြို့နယ်မှ လူပေါင်း ၁ဝဝ ကျော်ကို အခင်းဖြစ်ပွားအပြီး (၃) နှစ်အကြာတွင် ရဲက လိုက်လံဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။ ၎င်းသတင်းအား လက်ခံရရှိပြီးနောက် ကျောက်တော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ  ရဲမှူးခင်မောင်က ယင်းသတင်းမှာ ဟုတ်မှန်ကြောင်း နိရဉ္စရာသို့ အတည်ပြု ပြောသည်။ “တချို့ကတော့ ရှောင်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အခြေအနေကိုကြည့်ပြီးဖမ်းနေရတယ်။ အကုန်လုံးကိုတော့ မမိနိုင်သေးဘူး။ မမိမချင်းတော့ ဖမ်းဆီးသွားမှာပါ” ဟု သူက ဆိုသည်။ ယခု ဖမ်းဆီးရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ ကျောက်တော်မြို့နယ်အတွင်း ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော ဆူပူ […]

ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ

(နိရဉ္စရာ-၂၇ ဇူလိုင် ၂၀၁၄)/နှင်းသန္တာ ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဥာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိုင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ကြိမ် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲမှူးနှင့်အတူ လိုက်ပါစစ်ဆေးနေသူ ရဲဝန်ထမ်းတစ်ယောက်က နိရဉ္စရာသို့ ပြောသည်။ “အဲဒီလို ဖျက်ဆီးထားတာကို ရွာက ကလေးတွေ စတွေ့တာလို့ ပြောတယ်။သူတို့က စေတီထဲကို သွင်းထားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ […]

တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ ပြုလုပ်မူများရှိနေ

(နိရဉ္စရာ- ၁၀ ဇူလိုင် ၂၀၁၄) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။ “ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။ ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ […]

ကျောက်ဖြူ မဘသ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

(နိရဉ္စရာ – ၁၆ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး သံဃာတော်များ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းအစည်းအဝေးကို ကျောက်ဖြူမြို့ ယပ်လှဲကျောင်းတွင် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၂)နာရီတွင် စတင် ကျင်းပခဲ့ရာ ကျောက်ဖြူမှ ရဟန်းရှင်လူ(၅၀)ကျော် တက်ရောက်လာကြကြောင်း သိရသည်။ အစည်းအဝေးတွင် မင်းကျောင်းဆရာတော်ကြီးအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။ သဘာပတိဆရာတော်ကြီးနှင့် သံဖြူကျောင်းဆရာတော်ကြီးတို့မှ တက်ရောက်လာသော ရဟန်းရှင်လူ ပရိသတ် များအား သြဝါဒများမိန့်ကြားခဲ့ကြသည်။ ယင်းနောက် ကျောက်ဖြူမြို့နယ် မဘသဥက္ကဌ၊ မူလာရာမဆရာတော်နှင့် ကျောက်မြောင်း ဆရာတော်တို့မှ မဘသ၏ လုပ်ဆောင်ချက်များကိုရှင်းလင်းခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ခုကို ချမှတ်ခဲ့ကြကြောင်း သိရ […]

စစ်တွေတက္ကသိုလ်တာဝန်ရှိသူများ ပြည်ထောင်စု စိတ်ဓါတ်မွေးမြူရန် ရခိုင်ဓါတ်ပုံ/ဗီဒီယိုအသင်းမှ ဆန္ဒပြတောင်းဆို

(နိရဉ္စရာ- ၁၀ ဖေဖေါ်ဝါရီလ ၂၀၁၄) စစ်တွေတက္ကသိုလ်တာဝန်ရှိသူများကို ပြည်ထောင်စု စိတ်ဓါတ်မွေးမြူရန် လိုကြောင်း ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ပညာသည်များအသင်းမှ တောင်းဆိုလိုက်သည်။ ၎င်းတောင်းဆိုမူကို ယနေ့ စစ်တွေမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ယင်းအဖွဲ့မှ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ “ ကျွန်တော်တို့ စစ်တွေ တက္ကသိုလ် (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဓါတ်ပုံရိုက်ကူးခွင့် တင်ဒါ ပေးရေး အဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲသလို ဆန္ဒပြတဲ့ နေရာမှာ စစ်တွေတက္ကသိုလ် တင်ဒါအဖွဲ့ ပြည်ထောင်စု စိတ်ဓါတ်မွေးမြူပါဆိုပြီး တောင်းဆိုခဲ့ကြပါတယ်” ဟု ရခိုင်ပြည်နယ် ဓါတ်ပုံနှင့် ဗီဒီယို ပညာသည်များအသင်းမှ ဘဏ္ဍာရေးမှူး ဦးမောင်ခင်ဝင်းက နိရဉ္စရာကို ပြောသည်။ ယင်းပြင် […]

မောင်တောဒေသခံများ ဆန္ဒဖေါ်ထုတ်ရန်ခွင့်ပြုချက်ရ

(နိရဉ္စရာ- ၇ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး ဒုချီးရားတန်း ပြဿနာကြောင့် တင်းမာမူများ ပေါ်ပေါက်နေသော မောင်တောတွင် ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒဖေါ်ထုတ်ခွင့်ကို အာဏာပိုင်များက ယနေ့တွင် ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။ “ ခွင့်ပြုလိုက်တယ်ဗျာ။ ဒီနေ့ နေ့လယ်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်တယ်” ဟု မောင်တောမြို့မိမြို့ဖ တစ်ဦးက ပြောသည်။ မြို့လူကြီးနှစ်ဦးက ခွင့်ပြုချက်ရရန် တင်ပြ တောင်းခံခဲ့ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ ခုနကဘဲ အဲဒီခွင့်ပြုချက်ကို မြို့နယ်မှူးဆီက သွားယူခဲ့တယ်။ လူပေါင်း ၅၀ ဆန္ဒဖေါ်ထုတ်မယ်လို့ တင်ထားတော့ အဲဒီအရေအတွက်အတိုင်းဘဲ ခွင့်ပြုလိုက်ပါတယ်။ ဆန္ဒဖေါ်ထုတ်ပွဲကိုတော့ […]