တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူများအပါအ၀င် လူငယ် ၁၀၀၀ ခန့်တက်ရောက်မည်

နိရဉ္စရာ၊ ဧပြီ ၃၀ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လေ့လာသူ Observer အပါအ၀င် လူပေါင်း ၁၀၀၀ ခန့်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ ကျွန်တော်တို့ မေလ ၁ ရက် မနက် ၇ နာရီမှာ အခမ်းအနားကို စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အခု ညီလာခံကို တက်ရောက်မယ့် လူငယ် စုစုပေါင်း ၄၀၀ နီးပါး တောင်ကုတ်မြို့ကို ရောက်ရှိနေပါပြီ။ Obsever လေ့လာသူတွေ၊ ဒေသခံတွေ၊ တစ်ခြားအဖွဲ့အစည်းပေါင်းစုံက လူတွေနဲ့ ဆိုရင်တော့ ဖွင့်ပွဲကို လူပေါင်း ၁၀၀၀ ခန့်တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု လူငယ်ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းသူ […]

ဒေါ်ခင်စောဝေ၏ မောင်တောဒေသလုံခြုံရေးအဆို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးဆွေးနွေး

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၄ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တောခရိုင်အား တည်ငြိမ်အေးချမ်းစေရန် ကောင်းမွန်သည့် အစီအမံများ ဖြင့် ကာကွယ်စောင့်ရှောက်ရေး အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးမှ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရသည်။ သူမအဆိုအား ဆွေးနွေးမည့် သူများမှာ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၄ ဦး ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။ “ ရခိုင်အမျိုးသားပါတီ၊ တပ်မတော်သားကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးသွားမှာဖြစ်ပြီးတော့ NLD က အကြံပြုဆွေးနွေးသွားကြမှာ ဖြစ်ကြပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။ […]

NLD သံတွဲပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား မတရားငွေတောင်းခံသည်ဟုဆိုကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်ကြား

နိရဉ္စရာ၊ သြဂုတ် ၂၃ ရခိုင်ပြည်နယ် NLD သံတွဲမဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်အား မြေဧက (၅) ဧကအတွက် ငွေ (၆၅) သိန်း တောင်းယူမူနှင့် ပတ်သက်ပြီး သံတွဲဒေသခံ ဦးတင်နိုင်စိုးက သြဂုတ် ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံကို တိုင်ကြားလိုက်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ ဦးတင်နိုင်စိုးအား ဆက်သွယ်ရာ နောက်ထပ် ငွေတောင်းခံထားရသူ ဦးဝင်းတင်နှင့် စကားပြောပါဟု ဖုန်းလွဲပေးသဖြင့် ဆက်လက်မေးမြန်းရာ ဦးဝင်တင်က ယခုလို ပြောကြားသည်။ “ အခု လွှတ်တော်ကိုယ်စားလှယ်တောင်းတာက ဦးတင်နိုင်စိုးဆီက ကျပ် ၆၅ သိန်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဦးဝင်းသိန်းဆီကလည်း […]

The Voice အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်အားဖမ်းဆီးမှုအပေါ် ရခိုင်သတင်းသမားများအသင်း (AJA) ကြေညာချက်ထုတ်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ ဇွန် ၃ The Voice သတင်းစာ၏ အယ်ဒီတာ ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဗြိတိသျှ ကိုကိုမောင်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးလိုက်ခြင်းနှင့်ပတ်သက်ပြီး ကိစ္စ ရခိုင်သတင်းသမားများ အသင်း (AJA)က ဇွန်လ ၃ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။ The Voice သတင်းစာပါ သရော်စာဆောင်းပါး ‘‘ကျည်ထောင်စု သစ္စာ’’ နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ပုဒ်မ ၆၆ (ဃ) ဖြင့်တိုင်တန်းချက်အရ ဗဟန်းမြို့နယ်ရဲစခန်းက သတင်းစာ၏ အယ်ဒီတာဖြစ်သူ ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဇွန်လ ၂ ရက်နေ့က ခေါ်ဆောင်သွားပြီး […]

ရခိုင်ပြည်နယ် အစိုးရငွေကို သုံးပြီး NLD စည်းရုံးရေးလုပ်နေသလားဟု မေးခွန်းထုတ်

နိရဉ္စရာ၊ မေ ၁၃ ရခိုင်ပြည်နယ် NLD သည် ပြည်နယ် အစိုးရ ရန်ပုံငွေကို အသုံးပြုပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသလားဟု မေးခွန်းထုတ်လိုပါသည်ဟု တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။ “ ကျွန်တော်တို့ နတ်မော်ကျေးရွာအတွက် ရေတွင်းတူးရန်ဆိုပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကနေ မေလ ၁ ရက်နေ့ တောင်ကုတ်ခရီးစဉ်မှာ ကျပ်သိန်း (၂၀) ချပေးခဲ့ပါတယ်။ ဒီငွေတွေကို NLD မြို့နယ် သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဦးချစ်မောင်မောင်က ဦးစီးပြီးတော့ ရေတွင်းတွေ တူးဖော်နေပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရော၊ ကျေးရွာသားတွေကိုရော ဘာမှ အသိပေးတိုင်ကြားတာ မရှိဘဲနဲ့ NLD က လူတွေကိုယ့်သဘောနဲ့ကိုယ်တူးဖော်နေကြပါတယ်။ ဒါဟာ ပြည်သူပိုင်ငွေကို […]

NLD ၏ ရခိုင်မှ ခရိုင်နှစ်ခု အစည်းအဝေး ၂၀၂၀ ရွေးကောက်ပွဲကို အလေးထားဆွေးနွေး

နိရဉ္စရာ၊ ဧပြီ ၂၁ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) စစ်တွေ ခရိုင်နှင့် မောင်တောခရိုင် တာဝန်ရှိသူများ၏ အစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့က စစ်တွေမြို့ NLD ရုံးတွင် ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးသို့ NLD ရခိုင်ပြည်နယ် ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် ခေါင်းဆောင် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စစ်တွေခရိုင် အထွေထွေ အတွင်းရေးမှူး ဦးကောင်းစံလှက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ “ အဓိက အစည်းအဝေးမှာဆွေးနွေးတာကတော့ ရှေ့ ဒီ ၂၀၂၀ ပေါ့လေ။ အဲဒီ ရွေးကောက်ပွဲ အတွက် ဘယ်လို ပြင်ဆင်မလဲ။ ကိုယ့်မဲဆန္ဒနယ်မြေတွေမှာ […]

အမ်းမှာ မဲနိုင်ရတဲ့ အကြောင်း ဒေါက်တာအေးမောင် ပြောကြားချက်

နိရဉ္စရာ၊ ဧပြီ ၂ နိရဉ္စရာ (မေး)- ဒီနယ်မြေက ကြံခိုင်ရေးက အပြတ်အသတ်တည်ဆောက်ထားတဲ့နယ်မြေ၊ NLD ကလည်း အာဏာရှိတဲ့ပါတီဆိုတော့ ဒီနယ်မြေမှာ ဥက္ကဋ္ဌအနိုင်ရတဲ့ အဓိကအကြောင်းတရားက ဘာတွေပါလဲ။ ဘာကြောင့် အနိုင်ရတယ်လို့ သုံးသပ်ပါသလဲ။ ဒေါက်တာအေးမောင်(ဖြေ) – လူထုရဲ့ နိုင်ငံရေး နိုးကြားတဲ့ အသိစိတ်ဓာတ်ပေါ့ဗျာ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ အပစ်ပယ်ခံပြည်နယ်တစ်ခုရဲ့ ဘဝ သမိုင်းအရ နိုင်တာပေါ့နော်။ သံဝေဂ ယူစရာတွေ၊ တစ်နည်းအားဖြင့် ရခိုင် လူထုဟာ ၆၉ နှစ်ကြာအောင် ဆင်းရဲတွင်းမှာ ဒုက္ခမျိုးစုံနဲ့ နေကြရတာပေါ့ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ အဲဒါကြောင့် ပြည်ပမှာ အလုပ်အကိုင်သွားရှာကြတယ်။ ပြည်ပ စွန့်ခွာမှုများတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် မူလတန်းပညာမသင်နိုင်တဲ့ […]

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလဲ အမ်းမြို့နယ်တွင် မြိုင်မြိုင်ဆိုင်ဆိုင် မဲဆွယ်

သတင်း/ဓာတ်ပုံ- ရွှေရအောင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP သည် မတ်လ ၃၀ ရက် နောက်ဆုံး မဲဆွယ်ပွဲနေ့က မြိုင်မြိုင်ဆိုင်ဆိုင် မဲဆွယ်မှုများကို အမ်းမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် လစ်လပ်တစ်နေရာအတွက် မဲဆွယ် စည်းရုံးရေးကို ဖျော်ဖြေပွဲများဖြင့် ပြုလုပ်ခဲ့ကြသည့် NLD နှင့် ANP ပါတီတို့နှင့် အတူ အပြိုင်အဆိုင် မြို့ပေါ်ရပ်ကွက်များတွင် ည ၁၁ နာရီကျော်အထိပြုလုပ်ခဲ့သည်။ ကြံ့ခိုင်ရေး ပါတီသည် “ မဲဆန္ဒရှင် ပြည်သူများ ဘ၀လုံခြုံစိတ်ချဖို့ ဦးသောင်းငြိမ်းကို မဲပေးစို့” ဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။

အမ်း ကြားဖြတ်ရွေးကောက်ပွဲ ဘယ်ပါတီ အောင်ပွဲခံမှာလဲ?

မကြာမီရက်ပိုင်းအတွင်းမှာဘဲ မြန်မာတစ်နိုင်ငံလုံးက လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၄င်း လစ်လပ်မဲဆန္ဒနယ်တွင် အမ်းမြို့ နယ် ပြည်သူ့ လွတ်တော်နေရာလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အာဏာရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အဖွဲ့ထဲ ရောက်သွားသူတွေရယ်၊ ကွယ်လွန်ခဲ့ ကြတဲ ကိုယ်စားလှယ်တွေရဲ့  နေရာများကို အစားထိုးဖို့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်။ ၂၀၁၅-ရွေးကောက်ပွဲတွင် အမ်းမြို့ နယ်ပြည်သူ့ လွတ်တော် နေရာတွင် တပ်မတော်ဗိုလ်ချုပ်ဟောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  ဦးသိန်းဆွေ၊ ပြည်နယ်လွတ်တော် အမှတ် (၁) မဲဆန္ဒနယ်တွင် ယခင် […]