စစ်တပ်က အသုံးမပြုဘဲပစ်ထားသောမြေ ဒေသခံများ ပြန်ရလို

(နိရဉ္စရာ- ၂၂ သြဂုတ် ၂၀၁၄) ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာမှ လယ်သမား (၅) ဦးပိုင်ဆိုင်သော လယ်မြေဧက (၅၀) ပေါ်တွင် လက်ရှိအချိန်တွင် စစ်တပ်မှ တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတော့သဖြင့် ၎င်းလယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် လယ်သမားများက တောင်းဆိုလိုက်သည်။ ၎င်းလယ်မြေမှာ ပုဏ္ဍားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာနေ ဦးလယ်မောင်ဦးပါ လယ်သမား (၅) ဦးပိုင်ဆိုင်သော လယ်မြေများဖြစ်ကြကြောင်း၊ ယင်းမြေများမှာ ကုန်းတန်းကြိမ်ချောင်းအုပ်စု ကွင်းအမှတ် (၅၁၉) ဒေသအခေါ် မြင်းဝကွင်း ဖြစ်ကြောင်း၊ ဦးပိုင်အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တို့ဖြင့် မြေစာရင်းဖွင့်၍ ရှိကြောင်း သိရသည်။ “ […]

ကလေးငယ်များရာနှင့်ချီ ပညာသင်ကြားနေသော အနောက်ဘက်နယ်စပ်ဒေသ အခမဲ့ပညာသင်ကျောင်းအတွက် အကူအညီများလိုအပ်နေ

(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၄) စာသင်သား ကလေးငယ်၂၅၀ ထိ တက်ရောက် ပညာသင်ကြားနေသော မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်း အတွက် အကူအညီများ လိုအပ်နေကြောင်း ကျောင်းထိုင်ဆရာတော် ဦးစရဏမှ နိရဉ္စရာသို့ မိန့်ကြားသည်။ “ ဦးဇင်းတည်ထောင်ထားတဲ့ ကျောင်းက တောင်ပြိုမြို့နယ်ခွဲ နယ်စွန်နယ်ဖျားမှာဆိုတော့ အခက်အခဲအများကြီးရှိပါတယ်။ ဒီ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိပါတယ်။ သူတို့အတွက် အိမ်သုံးဆေးဝါးတွေ၊ ထီးတွေ၊ ပုံနှိပ်ကျောင်းသုံးစာအုပ်တွေ၊ ဗလာစာအုပ်တွေ ၊ဘောလ်ပန်နဲ့ ခဲတံ၊ ပေတံတွေအပြင်  ယင်လုံအိမ်သာက အစ အရေးပေါ် လိုအပ်နေပါတယ်” ဟု […]

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသားကို ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆို

(နိရဉ္စရာ- ၃၀ ဇွန်လ ၂၀၁၄) နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်လှတင်၏ နေရာတွင် ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုသာ အစားထိုး ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တွင် ရခိုင်အမျိုးသား (၃၀) ခန့်မှ  ဇွန်လ ၂၈ ရက်နေ့က ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။ ” ရခိုင်ပြည်သူများ ရွေးကောက်တင်မြှာက်ထားတဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ပဲ စစ်ဗိုလ်ချုပ်တယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ ရခိုင်ပြည်ကို ပြည်ထောင်စုအတွင်းက ပြည်နယ်တခုအဖြစ် သဘောမထားလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီအတွက် လာဆန္ဒပြတောင်းဆိုတာပါ” ဟု  ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ခိုင်ဘခင်က ပြောသည်။ရခိုင်ပြည်နယ် […]

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နုတ်ထွက်

(နိရဉ္စရာ- ၂၀ ဇွန်လ ၂၀၁၄) ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ၎င်း၏ ဆန္ဒ သဘောထားအလျောက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားပြီဟု သိရသည်။ ယင်းနူတ်ထွက်မူကို သမ္မတ ဦးသိန်းစိန်မှ ၂၀၁၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ စွဲဖြင့် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။ ၀န်ကြီးချုပ် ဦးလှမောင်တင်နေရာတွင် ယခင် ပြည်ထောင်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ယာယီ အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။ (သတင်းစာပါ နုတ်ထွက်ခွင့်ပြုမိန့်မှာ အောက်ပါအတိုင်း ဖြစ်သည်။) […]

ပြင်သစ်သံရုံး ပထမအတွင်းဝန် ရခိုင်သတင်းသမားများနှင့် စစ်တွေတွင် တွေ့ဆုံ

(နိရဉ္စရာ ၂၀ ဇွန်လ ၂၀၁၄)/လင်းမြတ် မြန်မာနိုင်ငံ ပြင်သစ်သံရုံး ပထမအတွင်းဝန်သည် ရခိုင်ပြည်နယ်အခြေစိုက် သတင်းသမားများနှင့် ယမန်နေ့က စစ်တွေတွင် တွေ့ဆုံခဲ့သည်။ ပြင်သစ်သံရုံးပထမအတွင်းဝန် Mrs.Sonia Tebbakh  အပါအဝင် သံရုံးတာဝန်ရှိသူ (၃)ဦးသည် သူတို့၏ စစ်တွေ ခရီးစဉ် အတွင်း  ပြည်တွင်း ပြည်ပ အခြေစိုက် မီဒီယာ(၇)ခုမှ ရခိုင်သတင်းသမားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယင်းတွေ့ဆုံပွဲကို စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာများနှင့် တွေ့ဆုံရခြင်းနှင့် ပတ်သက်၍ ပြင်သစ်သံရုံး ပထမအတွင်းဝန် Mrs.Sonia  က အစည်းအဝေးတွင် ယခုလို ပြောသည်။ “ရခိုင်ကိုလာတာ ဒါပထမဦးဆုံးပါ။ ရခိုင်မှာ ဂျာနယ်လစ်တွေ၊အစိုးရအဖွဲ့ဝင်လူကြီးတွေ၊ဒေသခံတွေနဲ့ တွေ့တော့ ဒီမှာ […]

အချက် (၆) ချက်ကို ဆန္ဒဖေါ်ထုတ်မည့် ဂွမြို့သားတို့ အစီအစဉ် ရဲတပ်ဖွဲ့က ခွင့်မပြု

(နိရဉ္စရာ- ၅ ဇွန်လ ၂၀၁၄) ဆုံးရှုံးနေသော အခွင့်အရေးများအတွက် ဆန္ဒဖေါ်ထုတ်ကြမည့် ရခိုင်ပြည်နယ် ဂွမြို့ ဒေသခံများ၏ အစီအစဉ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုသဖြင့် ယခုအခါ ယင်းအစီအစဉ်အား ယာယီရပ်နားထားလိုက်ရသည်ဟု အငြိမ်းစား ဗဟိုတရားရုံး  ရှေ့နေ တစ်ဦးဖြစ်သူ ဦးတင်ညိုက ပြောသည်။ “ ကျွန်တော်တို့က ဇွန်လ ၇ ရက်နေ့မှာ ဂွမြို့မှာ ဆန္ဒဖေါ်ထုတ်မယ်ဆိုပြီး ခွင့်ပြုချက်တင်ပါတယ်။ ဒါကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုဘူး။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေက ဆွေးနွေးပြီး ခွင့်မပြုလို့ဆိုတဲ့ အတွက် ပယ်ချခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။ ဂွမြို့နယ် ဒေသခံများအနေဖြင့် […]