မရမာကြီးအမျိုးသားနေ့ စစ်တွေတွင် ကျင်းပမည်

နိရဉ္စရာ၊ မေ ၈ ရခိုင်မျိုးနွယ်စုဝင် တစ်ခုဖြစ်သည့် မရမာကြီး လူမျိုးတို့၏ အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လာမည့် မေ ၂၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။ တတိယ အကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်/မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၂၉-၅-၂၀၁၈) တွင် စစ်တွေမြို့ ကုန်သည်လမ်းရှိ မရမာကြီးပရိယတ္တိစာသင်တိုက်(ဟောင်း)၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မရမာကြီးလူမျိုးသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်သာမက ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်လည်း အများအပြားနေထိုင်ကြသည်။

ရခိုင်အရေးကို အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းဖြင့် ဖြေရှင်း၍ မရနိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြား

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅ လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်နေသော အရေးကိစ္စကို ဆောင်ရွက် ဖြေရှင်းရာတွင် အမျိုးသားရေး စိတ်ဓာတ်တစ်ခုတည်းဖြင့် ဖြေရှင်းလျှင် အမှားများကို ကျူးလွန်မိနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့မုဒ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသည့် (၄၃) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အဖွင့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ “ နယ်မြေအနေအထားအရ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အင်အားရှိတယ်၊ ပြောနိုင်တယ်လို့ ယူဆနေပေမယ့် ကမ္ဘာကြီးနဲ့ယှဉ်မယ်ဆိုရင် ကျွန်တော်တော်တို့ရဲ့ သတင်းတွေ၊ အမှန်တရားတွေဟာ ကွယ်ပျောက်ခံနေရတဲ့ အခြေအနေကို ကြုံနေရတာ ဖြစ်ပါတယ်။ဒီအခြေအနေပေါ်မှာ မူတည်ပြီး […]

စစ်ဆင်ရေးပြုလုပ်နေသော်လည်း မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ဆက်လက်စီးဆင်းနေ

အောင်ကျော်မင်း (မောင်တော) နိရဉ္စရာ၊ သြဂုတ် ၁၆ ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မေယုဒေသတွင် သြဂုတ် ၁၀ ရက်နေ့မှ စတင်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်နေသော်လည်း မောင်တောမြို့နှင့် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ တက်ကနက် (ကယုချောင်း) အကြား ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးမှာ ဆက်လက်၍ စီးဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။ မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေသော ကုန်ပစ္စည်းများမှာ ရေထွက်ပစ္စည်များဖြစ်ကြသည့် ပုဇွန်၊ ငါးသလောက်၊ ငါးခြောက်မျိုးစုံ၊ သစ်တောထွက်ပစ္စည်းများအနေဖြင့် ဝါးနှင့် စိုက်ပျိုး သီးနှံများ အနေဖြင့် ချင်းစိမ်း၊ နနွင်း၊ မကျည်းသီးများကို ပို့ဆောင်လျက်ရှိနေသည်။ မောင်တောမြို့မှ ကုန်သည် တစ်ဦးက“ ကျွန်တော်တို့ဘက်က ဘင်္ဂလာဘက်ကို ပို့ကုန် […]

မြန်မာမှ ၃ ဦး အပါအ၀င် စစ်သွေးကြွ ၆ ဦး ကော့စ်ဘဇားတွင် ဖမ်းမိ

နိရဉ္စရာ၊ မတ် ၂၀ ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသား ဆိုသူ ၃ ဦး အပါအ၀င် စစ်သွေးကြွ ၆ ဦးကို ကော့စ်ဘဇားမြို့ရှိ ဟိုတယ် တစ်ခုမှ ဖမ်းဆီးလိုက်သည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။ ကော့စ်ဘဇား ရဲမင်းကြီး Md Ashfarujul Haque Tutul က သတင်းအရ ဟိုတယ် ယမုံနာ ( Jamuna) ဧည့်ရိပ်သာအား ယမန်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ၀င်ရောက် စီးနင်းရှာဖွေရာမှ ၎င်းတို့အား ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။ ထိုမြန်မာနိုင်ငံသား ၃ ဦးမှာ UN မှ […]

မောင်တောတွင် နိုင်ငံသားကဒ် ထုတ်ပေးနေမှုအပေါ် ဂျပန်ရောက် ရခိုင်များကန့်ကွက်ဆန္ဒပြ

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ မတ်လ ၁၇ မောင်တောခရိုင်တွင် ဘင်္ဂလီများ လူမျိုးအား တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် သေချာစိစစ်ခြင်း မပြုလုပ်ဘဲ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ထုပ်ပေးနေသည်ဟု ဆိုကာ ဂျပန်ရောက် ရခိုင်အသိုင်းအ၀ိုင်းက ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် ယခုလ ၁၅ ရက်နေ့က ဆန္ဒပြကန့်ကွက် ခဲ့သည်။ ဆန္ဒပြပွဲတွင် လူဦးရေ ၃၀ ခန့် ပါဝင်ပြီး နိုင်ငံသား စိစစ်မှု ပြုလုပ်ရာတွင် တည်ဆဲ ဥပဒေများနှင့် အညီ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဦးဆောင်သူ ကိုသော်ဇင်ဖြိုးမှ ဆန္ဒဖော်ထုတ်ရခြင်းမှာ ခိုးဝင်ဘင်္ဂလီများကို ဥပဒေနှင့်အညီ ကိုယ်တွယ် ဖြေရှင်းပေးရေး၊ ၁၉၈၂ ဥပဒေကိုချိုးဖောက်ပြီး […]