လတ်တလော ဖြစ်ပေါ်နေသော ရခိုင်ပြသနာနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမှ အကြမ်းဖက်သမားများကို အပြစ်တင်

နိရဉ္စရာ၊ စက်တင်ဘာ ၁၁ ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးမှ Ma Mingqiang မှ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများကို ပြစ်တင်လိုက်ကြောင်း “ China ambassador blames Rohingya insurgents for Myanmar crisis” ခေါင်းစဉ်ဖြင့် Bdnews24.com ၏ သတင်းတစ်ပုဒ်တွင် ဖ်ာပြထားသည်။ တရုတ်သံအမတ်ကြီးမှ Ma Mingqiang မှ ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး ကြံစည်လုံးပန်းအားထုတ်နေသူ ဘင်္ဂလီ အကြမ်းဖက်သမားများကိုသာ အပြစ်တင်သင့်ကြောင်း အကြံပြု ပြောကြားလိုက်ကြောင်း သတင်းကဆိုသည်။ တရုတ်သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး […]

စစ်တွေ လုံခြုံရေးတိုးမြှင့်၊ရဲအင်အား ၁၀၀ ကျော်ဖြင့်လှည့်ကင်းဆောင်ရွက်

နိရဉ္စရာ၊ စက်တင်ဘာ ၁၀ စက်တင်ဘာ ၁၁ ရက်နေ့တွက် မူဆလင်အကြမ်းဖက်သမားများ တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်သည်သာမ ရဲတပ်ဖွဲ့ ၁၀၀ ကျော်ဖြင့် ယနေ့ ညနေမှ စပြီး လှည့်ကင်းများဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ကား ၁၀ စီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀ ခန့်ဖြင့် ပါဝင်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ ဦးစီးဆောင်ရွက်နေကြောင်း သိရသည်။ (ယနေ့ည ၇ နာရီခန့်က စတင်ပြီး လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်)

တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ

နိရဉ္စရာ၊ စက်တင်ဘာ ၁၀ မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့တွင် ပိတ်မိနေသူ လူပေါင်း ၁၀၀၀ ကျော်အား ယနေ့နံနက်က ကားများဖြင့် ပြောင်းရွှေ့လာရာ ညနေ ၆ နာရီခန့်တွင် မောင်တောမြို့ပေါ်သို့ ရောက်ရှိလာကြောင်း နံသာတောင် ဆရာတော် ဦးစာရဏမှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ “ လူပေါင်း ၁၂၀၀ လောက်ပါလာပါတယ်။ စစ်တပ်က လော်ရီကားကြီး ၈ စီး၊ အရပ်သားကား ၄ စီး၊ စုစုပေါင်း ၁၂ စီး သယ်ယူလာတာပါ။ အဓိက ပြောင်းရွှေ့လာရတာက လုံခြုံရေး စိတ်မချရလို့ပါ။ မနက်ဖြန် ၁၁ ရက်နေ့မှာ တောင်ပြိုကို ဘင်္ဂလီအကြမ်းဖက်သမားတွေက လူအုပ်နဲ့ […]

လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်အမှု CID သို့ လွဲပြောင်း

နိရဉ္စရာ၊ စက်တင်ဘာ ၁၀ အကြမ်းဖက်မှု ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ဘူသီးတောင်မြို့နယ် ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၏ အမှုအား Criminal Investigation Department (CID) မြန်မာနိုင်ငံ မူခင်းတပ်ဖွဲ့သို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း တရားစွဲဆိုသူ ဘူးသီးတောင်မြို့မရဲစခန်းမှူးက ပြောသည်။ “ သူ့ကို ဒီလ ၁ ရက်နေ့က ဘူးသီးတောင်မြို့မရဲစခန်းမှာ အမှုဖွင့်ပါတယ်။ သူရဲ့ အမှုကို အခုတော့ မူခင်းတပ်ဖွဲ့ကို လွဲပြောင်းပေးလိုက်ပါပြီ။ မူခင်းတပ်ဖွဲ့ကနေ ဆက်လက် စစ်ဆေးပြီး ဘယ်လို အမှုတွေမှာ သူပါဝင် ပတ်သက်တယ် ဆိုတာ ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု မြို့မရဲစခန်းမှူးက ပြောသည်။ ဘူးသီးတောင် အမတ်ဟောင်း […]

အကြမ်းဖက်တိုက်ပွဲများအတွင်း လက်နက်ဆုံးရှုံးမှုနှင့် သိမ်းဆည်းရမှုစာရင်းထုတ်ပြန်

နိရဉ္စရာ၊ သြဂုတ် ၃၁ သြဂုတ် ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ဆုံးရှုံးခဲ့ရသည့် လက်နက်ငယ် အရေအတွက်မှာ စုစုပေါင်း ၁၀ လက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆုံးရှုံးခဲ့ရသည့် လက်နက်များမှာ ဘီအေ ၉၄ သေနတ်ငါးလက်၊ ၁၂ ဗို့သေနတ် နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ ၆၃ သေနတ်တစ်လက်၊ အမ်အေ-၁၁ တစ်လက် စုစုပေါင်း လက်နက်ငယ် ၁၀ လက်ဆုံးရှုံးထားကြောင်း သိရသည်။ ဆုံးရှုံးထားသည့် ကျည်ဆံများမှာ ၇ ဒသမ ၆၂ ကျည်တောင့် ၁၄၀၀၊ […]

ခုံတိုင် မြိုတိုင်းရင်းသားရွာမီးတိုက်ခံရပြီး လူ ၇ ဦးအသတ်ခံရသည့်အပေါ် အစိုးရအတည်ပြု

နိရဉ္စရာ၊ သြဂုတ် ၃၁ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လတ်တလော ပေါ်ပေါက်နေသည့် အကြမ်းဖက်မှုအတွင်း အပြစ်မဲ့ ရခိုင် တိုင်းရင်းသားအများအပြား အသတ်ခံနေရရာ မောင်တောမြို့နယ် မြောက်ပိုင်း ခုံတိုင်မြိုရွာ မီးရှို့ခံရပြီး ရွာသား ခုနှစ်ဦး အသတ်ခံရခြင်းကို အစိုးရက အတည်ပြုသည်။ မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။ “ သြဂုတ် ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာဖြစ်တာပါ ဆရာ။ ဘင်္ဂလီ အစွန်းရောက် ရွာသား ၄၀၀ […]

မောင်တောတောင်ပိုင်း အင်ဒင်းကျေးရွာမှ ပျောက်ဆုံးနေသူ ၃ ဦးထဲမှ ၂ ဦးကို ပြန်တွေ့

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၃၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရွာမှ ပျောက်ဆုံးနေသူ သုံးဦးထဲမှ နှစ်ဦးကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့သည်ဟု အင်းဒင်အထက (ခွဲ) မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းက ပြောသည်။ ဦးမောင်နီ အသက် (၆၄) နှစ်၊ ဦးဖြူမောင် (၅၈) နှစ်ခန့်နှင့် ဦးမြင့်သိန်း အသက် (၄၀) ခန့်တို့သည် သြဂုတ်လ ၂၅ ရက်နေ့မှ ပျောက်ဆုံးနေရာ ယခုအခါ ဦးဖြူမောင်နှင့် ဦးမြင့်သိန်းတို့ကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ “အင်းဒင်ကျေးရွာက ပျောက်ဆုံးနေတဲ့ ၃ ယောက်အနက် ဦးဖြူမောင်နဲ့ ဦးမြင့်သိန်းတို့ကို ပြန်တွေ့ပါတယ်”ဟု […]

အကြမ်းဖက်သမားများပစ်ခတ်မှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်းနှစ်ဦး ဒဏ်ရာရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၉ ကိုးတန်ကောက်ရခိုင်ကျေးရွာမှ ချိန်ခလိန်ဘင်္ဂါလီ ရွာကိုဖြတ်၍ ရသေ့တောင်ဘက်သို့ လာသော လမ်းဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ထမ်း ၄ ဦးကို ချိန်ခါလိန် ဘင်္ဂါလီ ဒုက္ခသည်စခန်းအရောက်တွင် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။ ဒဏ်ရာရရှိသူနှစ်ဦးမှာ ဦးမောင်သိန်းအောင် (၄၄)နှစ်နှင့် ဦးဇော်ဇော်သူ (၃၇) နှစ်တို့ဖြစ်ကြသည်။ သူတို့သည် ကိုးတန်ကောက်လမ်းကို ပြင်နေသည့် လမ်းဦးစီးဌာနမှ SE ဦးဖြိုးမင်းသန်း ဦးဆောင်သည့်အဖွဲ့တွင် အလုပ်လုပ်နေသည့် ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။ “တိုက်ပွဲတွေဖြစ်တော့ သူတို့ ကိုးတန်ကောက်မှာ ပိတ်မိနေခဲ့ကြပါတယ်။ ချိန်ခလိန်မှာ တပ်မတော်က ရှင်းလင်းရေး လုပ်ပြီးပြီဆိုတော့ လုံခြုံတယ်ထင်ပြီး ရသေ့တောင်ဘက်ကို သွားဖို့ […]

သရက်အုပ်ကျေးရွာကို ဘင်္ဂလီရွာ ၅ ရွာမှ လူပေါင်း ၁၀၀၀ ကျော်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၊ ရေတပ်က တပ်ကူလိုက်

နိရဉ္စရာ၊ သြဂုတ် ၂၈ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ရခိုင်သရက်အုပ်ကျေးရွာကို အနီးအနားရှိ ဘင်္ဂလီရွာ (၅) ရွာမှ အကြမ်းဖက်သမား လူပေါင်း ၁၀၀၀ ကျော်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ “ သူတို့က မြောက်ဘက်နဲ့ တောင်ဘက်ကနေ တက်လာပြီး ရွာကို ၀ိုင်းပြီး သေနတ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။ ရေတပ်က တပ်ကူလာပြီး ပစ်ခတ်တော့မှ မြောက်ဘက်က အုပ်စု နောက်ဆုတ်သွားပါတယ်။ တောင်ဘက်ကတော့ မဆုတ်သေးဘူး။ ဒီအတိုင်းရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမြင့်လိုင်က နေ့လယ် တစ်နာရီက မေးမြန်းစဉ် ပြောကြားသည်။ သရက်အုပ် ရခိုင်ကျေးရွာအား ၀ိုင်းဝန်း […]

ကျဆုံးခဲ့ကြရသည့် လ၀ကအရာရှိတစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအား စစ်ရေးအခမ်းအနားဖြင့် မောင်တောတွင်သဂြိုင်္လ်

အောင်ကျော်မင်း(မောင်တော) နိရဉ္စရာ၊ သြဂုတ် ၂၈ မောင်တောမြို့နယ် အတွင်း အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရသည့် လ၀က အရာရှိ တစ်ဦးနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးအား မောင်တောမြို့ သုဿန်တွင် ယမန်နေ့က စစ်ရေး အခမ်းအနားဖြင့် သေတမ်းစာဖတ်ကာ သဂြိုင်္လ်ခဲ့သည်။ သေဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင်များမှာ မြင်းလွတ် နယ်ခြားစခန်းမှ နယ်မြေမှူး ဟိန်ထက်ကျော်၊ တပ်သား ဝင်းထိုက်၊ ဇီးပင်ချောင်းကင်းစခန်းမှ တပ်သား မင်းသူရနိုင်(၂၂)နှစ်၊ တပ်သားဇာနည်ထွန်း(၂၄)နှစ်နှင့် အလယ်သံကျော်တွင် တာဝန်ကျနေသူ ဒုလဝကမှူး ဦးဇာမောင်းတို့ ဖြစ်ကြသည်။ သူတို့အား သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ် (၂)နာရီ အချိန်တွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ […]