လှေဖြင့် ခိုးဝင်လာသူ ဘင်္ဂလီ ၂၅ ဦး အမ်းမြို့နယ်တွင် ဖမ်းမိ

နိရဉ္စရာ၊ မေ ၁၇ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောက်တော်မြို့နယ်ဘက်မှ လှေဖြင့် ခိုးဝင်လာသူ အထောက်အထားမဲ့ ဘင်္ဂလီ လူမျိုး ၂၅ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။ အမ်းမြို့နယ် ရဲမြို့နယ်မှူးက “ ဖမ်းမိတာ အားလုံး ကျား ၂၂ ယောက် မ ၃ ယောက်၊ စုစုပေါင်း ၂၅ ယောက်ဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။ သူတို့အား အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု၊ ချောက်ခြုံတောင် ကျေးရွာအနီး၊ ကမ်းထောင်ကြီးလမ်းဘေး တောတွင်း ခြုံဘေးတစ်နေရာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု […]

ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးသွားသူများအထဲမှ မြန်မာနိုင်ငံသို့ ပြန်လည် ခိုးဝင်နေထိုင်မှုများရှိနေ၍ ဖမ်းဆီးအရေးယူမှုများရှိနေဟုဆို

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ မေ ၇ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများအထဲမှ တစ်ချို့သည် မြန်မာနိုင်ငံ မောင်တောမြို့နယ် ထဲသို့ ပြန်လည် ခိုးဝင် နေထိုင်လာကြသဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေရကြောင်း ရခိုင်ပြည်နယ် လ၀က ဦးစီးမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။ မောင်တောမြို့နယ်အတွင်းသို့ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် တရားဝင် လက်ခံရေး စခန်းမှ ၀င်ရောက်လာခြင်းမဟုတ်ဘဲ တရားမ၀င်လမ်းကြောင်းမှ ခိုးဝင်မှုများ ရှိနေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ် လ၀က ဦးစီးမှူး ဦးအောင်မင်းကို နိရဉ္စရာသတင်းဌာနမှ ဆက်သွယ် မေးမြန်းစဉ် ယင်းသို့ ဖြေကြား ပြောဆိုခြင်း ဖြစ်သည်။ “အဲဒါနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း ပြောရရင်တော့ […]

ကျောက်ဖြူတွင် အမျိုးသမီးငယ် တစ်ဦးအား အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူပြီး မကောင်းမှုလုပ်ရန်ရောင်းချမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့အား ဖမ်းဆီး

နိရဉ္စရာ၊ မတ် ၂၉ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမျိုးသမီး တစ်ဦးအား လဘက်ရည်ဆိုင်တွင် အလုပ်ရမည်ဟု ဆိုကာ လိမ်လည်ခေါ်ယူပြီး မကောင်းမှုလုပ်ရန် ရောင်းချမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။ “ ဟုတ်ပါတယ်ဗျာ။ ဖမ်းဆီးတာမှန်ပါတယ်။ ရမ်းဗြဲမြို့ လောင်းချောင်း အမှတ်(၁) ရပ်ကွက်က ဦးမောင်လှရီ (၅၃) နဲ့ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်က ဒေါ်မိချို (၅၇) နှစ်တို့ ဖြစ်ပါတယ်။ သူတို့ကို လူကုန်ကူးမှု ပုဒ်မ ၂၂၊ ၃၂ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်” ဟု ကျောက်ဖြူမြို့မ စခန်းမှူးက နိရဉ္စရာသို့ ပြောကြားသည်။ ၂၀၁၇ […]

တန်းခိုဆရာထွန်းစာပေဆု ရခိုင်စာပေပညာရှင် ၅ ဦးကို ချီးမြှင့်

နိရဉ္စရာ၊ မတ် ၁၉ ရခိုင်ပြည်နယ်မှ စာပေဆုတစ်ခု ဖြစ်သော တန်းခိုးဆရာထွန်း စာပေဆုကို ယခုနှစ်တွင် ရခိုင် စာပေပညာရှင် ၅ ဦးကို မတ်လ ၁၈ ရက်နေ့က ချီးမြှင့်လိုက်သည်ဟု သတင်းရရှိသည်။ ဆုချီးမြှင့်ခံရသော ရခိုင်စာပေ ပညာရှင်များမှာ (၁) စာရေးဆရာမ စစ်တွေပွင့်လွှာ (တစ်သက်တာ စာပေဆု)၊ (၂) ဆရာအခင်ထွန်း (ဂီတာဆု)၊ (၃) စာရေးဆရာမ မေလိုင်းဖြူ (ဝတ္ထုဆု)၊ (၄)ဆရာ ခိုင်မင်းစော (ဆောင်းပါးဆု)နှင့် (၅)ဆရာဥက္ကာမင်းညို (ကဗျာဆု) တို့ဖြစ်ကြသည်။ ယခုနှစ် တန်းခိုးဆရာထွန်း စာပေဆုအား ဆုချီးမြှင့်ခြင်းမှာ ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး ၎င်းစာပေဆုများကို တန်းခိုးဆရာထွန်း မွေးရပ်ရွာ ပုဏ္ဍားကျွန်းမြို့နယ် တန်းခိုရွာတွင် အခမ်းအနား […]