ဒေါက်တာအေးမောင်အားဝိုင်းရံသူ ဦးအောင်သန်းဝေကို ပုဒ်မ(၂) ခုဖြင့် စစ်တွေတွင်ရဲက ဖမ်းဆီး

နိရဉ္စရာ၊ ဇွန် ၂၁ ဒေါက်တာအေးမောင်အား ၀ိုင်းရံနေသူ စစ်တွေမှ ဦးအောင်သန်းဝေကို ရဲက ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီ ဖြစ်သည်။ ယနေ့ည ၆ နာရီ ၂၅ မိနစ်က နိရဉ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ရာ ဦးအောင်သန်းဝေမှ မိမိအား ဖမ်းဆီးထားခြင်းမှာ မှန်ကန်ကြောင်း၊ ယခုအမှတ်(၁) ရဲစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသည်။ ဦးအောင်သန်းဝေက “ ကျွန်တော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က လက်မှတ် ရေးထိုးပြီး တရားစွဲတာပါ။ ပုဒ်မက ၂ ခု ဖြစ်ပါတယ်။ တစ်ခုက ၆၆ (ဃ) အမှုတစ်ခု ဖြစ်ပါတယ်။ နောက်တစ်မူက […]

ငဖဲမြို့နယ် စပ်စီရွာအနီး ကားလမ်းပြိုကျ၍ ရခိုင်သွားကားများ ပိတ်မိနေ

နိရဉ္စရာ၊ ဇွန် ၁၅ မကွေးတိုင် ငဖဲမြို့နယ် စပ်စီရွာအနီး ကျောက်ပုံပြိုကျပြီး ၎င်းနေရာတွင် ကားတစ်စီး မြေထဲနစ်နေသဖြင့် ရခိုင်သွားကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။ ဘတ်စ်ကား တစ်စီးဖြင့် ခရီးသွားတစ်ဦးက “ မနေ့ည ၁၀ နာရီလောက်ကတည်းက ပိတ်နေတာပါ။ ဒီနေ့မနက် ၇ နာရီထိ သွားလာလို့ မရသေးဘူး။ တစ်ညလုံး ကားပေါ်မှာဘဲ အိပ်ရပါတယ်” ဟု ပြောသည်။ ယခုအခါ မြေထဲနစ်နေသော ကားကို ဘတ်ဖိုးဖြင့် ဆွဲထုတ်နေသော်လည်း မရသေးကြောင်း၊ သို့သော်များမကြာမီ ကားကိုဆွဲထုတ်၍ ရနိုင်ကြောင်း ၎င်းက ပြောကြားသည်။ ကားလမ်းပိတ်နေသဖြင့် ရခိုင်သို့လာသာ ကားများနှင့် ရခိုင်မှ ရန်ကုန်၊ မန္တလေးသို့ […]

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၁၅ ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီး သောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။ မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။ “ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ […]

ပင်လယ်လိုင်းရိုက်ပြီး ကမ်းပါးပြိုကျမှုကြောင့် တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာတွင် အိမ်များ ဖြိုဖျက်ရ

စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဇွန် ၁၅ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပင်လယ်ကမ်းခြေ အနီးတွင် တည်ရှိသည့် ကုလရောင် ကျေးရွာတွင် ပင်လယ်လှိုင်းလုံများ လာရိုက်မှုကြောင့် မြေပြိုကျသဖြင့် အိမ်များကို ဖြိုဖျက်ပြီး ရွှေ့ပြောင်း နေရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။ “ ပထမနေ့က ၆ လုံး ဖြိုဖျက်လိုက်ရပါတယ်။ ဒီကနေ့မှာ ၅ လုံး ဖြိုဖျက်ဖို့ စီစဉ်နေပါတယ်။ စုစုပေါင်း အိမ် ၅၀ ခန့်က ဖြိုရမယ်ထင်ပါတယ်” ဟု ကုလရောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ရေက ပြောသည်။ ကုလရောင်ကျေးရွာသည် တောင်ကုတ်မြို့နယ်မှ အိမ်ခြေ ၂၈၅ ဆောင်ရှိသည့် ကျေးရွာ […]

မြောက်ဦးမြို့နယ် သံရှင်ပြင်တွင် ရေနစ်သေဆုံးသူ အလောင်းရှာဖွေတွေ့ရှိ

နိရဉ္စရာ၊ ဇွန် ၁၅ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သံရှင်ပြင်ကျေးရွာမှ ရေနစ်ပျောက်ဆုံးနေသူ ဦးအောင်ကျော်ကြီး (၆၀) နှစ်၏ အလောင်းအား ယနေ့နံနက်က ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက “ သူလှေပေါ်ကနေ ရေထဲပြုတ်ကျသွားတာက ဇွန် ၁၃ ရက် ည ၈ နာရီခန့်မှာပါ။ အလောင်းကို ဒီကနေ့ နံနက် ၅ နာရီခန့်က မျောက်ချောင်းရွာ တစ်ဖက် လယ်ကွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။ ဦးအောင်ကျော်ကြီးသည် သမီးဖြစ်သူ မအေးအေးနှင့် အတူ လှေတစီးဖြင့် ရွာချောင်းထဲတွင် ချထားသော အာထောက်ပိုက်အား ရေကြီးသဖြင့် ပြန်ပိတ်ရန် သွားရောက်စဉ် လေပြင်းတိုက်ပြီး ချောင်းရေစီးပြင်းထန်သဖြင့် လှေပေါ်မှ […]

တောင်ကုတ်မြို့နယ်တွင် စက်လှေနစ်၍ ပျောက်ဆုံးနေသူ နှစ်ဦးထဲမှ နောက်ဆုံးအလောင်း ရှာဖွေတွေ့ရှိ

စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဇွန် ၁၅ တောင်ကုတ်မြို့နယ် ကုလရောင်မြစ်တွင် ဟွန်ဒါ စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသူ နှစ်ဦထဲမှ နောက်ဆုံးကျန်နေသေးသည့် ကိုတူး(သဲဆိပ်)၏ အလောင်းကို ယနေ့ နံနက် ၇ နာရီကျော်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံလူကြီး တစ်ဦးဖြစ်သူ ပန်းတင်းကျွန်းရွာမှ ဦးချစ်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ ကိုတူး၏အလောင်းအား ကုလရောင်မြစ်မြောက်ဘက် သလိန်ပြင်ကျေးရွာအုပ်စု စပ်ပြားချောင်းနှင့် မောင်နှမချောင်း အကြားအတွင်း တွေ့ရှိခဲ့သည်။ “နံနက် ၇ နာရီကျော်လောက်မှာ တွေ့ပါတယ်။စပ်ပြားနဲ့ ချောင်းမောင်နှမချောင်းအတွင်းမှာ ကိုတူးရဲ့ အလောင်း ကိုတွေ့ရှိပါတယ်။အခုအလောင်းကိုတောင်ကုတ်ကို ပို့လိုက်ပါပြီ “ဟု ဦးချစ်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ အဆိုပါစက်လှေနစ်မြုပ်မှုသည် ဇွန်လ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကုတ်မြို့ […]

တောင်ကုတ် ဟွန်ဒါစက်လှေမြုပ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးထဲမှ တစ်ဦးအလောင်း ရှာဖွေတွေ့ရှိ

စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ၊ ဇွန် ၁၄ တောင်ကုတ်မြို့ကုလရောင်မြစ်ထဲတွင် ဟွန်ဒါစက်လှေနစ် မြုပ်ပြီး ပျောက်ဆုံး နေသူ ၂ ဦးထဲမှ တစ်ဦး၏ အလောင်းကို ယနေ့ဇွန်လ ၁၄ ရက်နံနက် ၉ နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ပြန်လည်တွေ့ရှိသည့်အလောင်းမှာ ဦးမြင့်နိုင်(ဆိပ်ကမ်းသစ်)၏ အလောင်းဖြစ်ပြီး ကုလရောင်မြစ် အထက်ဘက် သလဲချောင်းအထက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေသူများထဲမှဦးချစ်ကျော် က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။ “ကုလရောင်မြစ်ရဲ့အထက်ဘက် သလဲချောင်းနားမှာဒီမနက် ၉ နာရီကျွန်တော်သွားရှာတဲ့အခါ အလောင်း တစ်လောင်းတွေ့ရှိပါတယ်။ဆိပ်ကမ်းသစ်က ဦးမြင့်နိုင် ရဲ့ အလောင်းပါ။ ကျွန်တော်တို့ သက်ဆိုင်ရာကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တွေ့ရှိထားတဲ့အလောင်း ကိုတော့ စက်လှေ စီစဉ်ပြီး တောင်ကုတ်မြို့ကို ပို့လိုက် […]

မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များတွက် ရေကြီး၊ ကျောင်းတစ်ချို့ပိတ်ထားရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ ဇွန် ၁၃ ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့ရှိ ကျေးရွာအများအပြားတွင် ရေကြီးနေသည်ဟု သတင်းရရှိသည်။ မင်းပြားမြို့ပေါ်တွင် ရေ ၂ ပေမှ ၃ ပေခန့်အထိ ရေမြုပ်နေ၍ မြို့ပေါ်ရှိ ကျောင်းများကို ပိတ်ထားရသည်ဟု ဆိုသည်။ “မြို့ဆင်ခြင်ဖုံးရပ်ကွက် မြေနိမ့်ပိုင်းတွေမှာတော့ ခါးလောက်၊ ပေါင်လောက် မြုပ်နေပါတယ်။ ကျောင်းနားတစ်ဝိုက်မှာလည်း ရေနစ်မြုပ်နေတဲ့အတွက် အထက ၁ ၊ အထက ၃ ကျောင်းတွေကို ပိတ်ထားရပါတယ်။ ရေက တောင်ခြေရင်းအထိတောင် ရောက်နေပါပြီ”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဥရာသတင်းဌာနသို့ပြောသည်။ မင်းပြားမြို့ပေါ်တွင် ကမ်းနားလမ်း၊ မြောင်ဘွေလမ်းနှင့် ရုံးတက်လမ်းမှအပ […]

မာန်အောင် ဆားချက်ရွာတွင် လေဆင်နှာမောင်းကျ၍ အိမ် ၄ လုံးပျက်စီး

စိုးဇံအောင်(တောင်ကုတ်) နိရဉ္စရာ ဇွန် ၁၃ ရခိုင်ပြည်နယ်မာန်အောင်မြို့ဆားချက်ကျေးရွာ၌ယနေ့ ဇွန်လ ၁၃ ရက်နံနက် ၇ နာရီကျော်က လေဆင်နှာမောင်းကျပြီး လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်ဟုမာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မာန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်မှ လူ နေအိမ် ၄ လုံးပျက်စီးဆုံး သွားသည်ဟု ပြောကြားသည်။ “ ဆားချက်ကျေးရွာ အုပ်ချုပ်ရေးမှူးက အပျက်အစီးတင်ရာမှာ အိမ် ၄ လုံးပျက်စီးတယ်လို့ တင်ထား ပါတယ်။ ဒီကနေ့ မနက် ၇ နာရီကျော်မှာဖြစ်တာပါ။ တစ်ချို့အိမ်တွေက အခေါင်မိုး လန်သွားတာမျိုးတွေလည်း ရှိပါတယ်။ လူတွေဘာမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါဘူး” ဟု ၎င်းက ဆက် လက်ပြောသည်။ မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် ညီမောင် က […]

စစ်တွေတွင် ငါးဖမ်းပိုက်ချရာမှ လူတစ်ဦးရေနစ်သေဆုံး

နိရဉ္စရာ၊ ဇွန် ၁၃ စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှ လူတစ်ဦး ငါးဖမ်းပိုက်ချရာမှ ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ ဦးမောင်အေးသန်း (၃၆)နှစ် (ဘ) ဦးကွန်ချုပ် ဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။ “ ဒီနေ့မနက်က ဆုံးတာပါ။ ကျွန်တော်တို့ကို မနက် ၁၀ နာရီခန့်မှာ အနောက်စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးက အကြောင်းကြားတဲ့ အတွက် ကျွန်တော်တို့ စစ်တွေမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဟန်စိုး ဦးဆောင်ပြီး သွားရောက်ပြီး အလောင်းကို စစ်တွေ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲပါတယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။ သေဆုံးသူ ဦးမောင်အေးသန်းသည် စစ်တွေဟိုတယ်အနီး ဗုဒ္ဓေါမော်ချောင်းတွင် […]