မင်းပြားနယ် ဗုံးပေါက်ကွဲမှု ရခိုင်ကျေးရွာများကိုသာ စစ်ဆေး

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ စက်တင်ဘာ ၂၂ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန် ကားလမပေါ်ရှိ တန်းဆိပ်နှင့် ဆပ်ကျာဘင်္ဂါလီကျေးရွာများအကြား စက်တင်ဘာလ ၁၉ ရက်နေ့ညက ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ တပ်၊ လ၀က နှင့် ရဲတပ်ဖွဲ့ဝင်များသည် မင်းပြားမြို့နယ်မှ ရခိုင်ကျေးရွာများ ဖြစ်ကြသည့် ငါးပုကွ၊ ၀င်းစားကျေးရွာနှင့် ငါးရမက်ကျေးရွာများတွင် စစ်ဆေးမှုများ ရှိနေသည်ဟု သတင်းရရှိသည်။ “လ၀က၊ ရဲနဲ့ တပ်ကနေပြီးတော့ တစ်ချို့ မသင်္ကာတဲ့အိမ်တွေကို အိမ်တက် အိမ်ဆင်း လိုက်လံပြီးတော့ ဓါး၊ လှံ၊ဆူး၊ တူမီးသေနတ်နဲ့ ဗုံးရှိလားဆိုပြီးတော့ စစ်ဆေးနေတာပါ၊ ကျနော်တို့ ငါးပုကွ ကျေးရွာမှာတော့ အိမ်ခြေတစ်ဆယ်ကျော် လောက် စစ်ဆေးသွားပါတယ်”ဟု ငါးပုကွကျေးရွာသား တစ်ဦးက […]

အစိုးရ၀န်ထမ်း ၅ ဦးအား အမျိုးသား သစ္စာဖောက်ကြေညာမှုကြောင့် ဘူးသီးတောင်သားသုံးဦး ထောင်ဒဏ်/ ငွေဒဏ်ချမှတ်ခံရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၁၄ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် နိုင်ငံသား စိစစ်ရေး အဖွဲ့ဝင်များအား အမျိုးသား သစ္စာဖောက် ကြေညာမှုကြောင့် လူမှုရေး တက်ကြွလှုပ်ရှားသူ သုံးဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ မတ်လ ၁၄ ရက်နေ့တွင် ပုဒ်မ ၁၉ ဖြင့် ဒဏ်ငွေ ၃ သောင်းကျပ် (သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။ ၎င်းတို့ သုံးဦးမှာ ဦးဇော်ဝင်း၊ ဦးဦးသန်းလှိုင်နှင့် မောင်ဝင်းနိုင်တို့ ဖြစ်ကြသည်။ ၂၀၁၆ ခု သြဂုတ်လ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့ အေးစေတီ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်၍ ဘူးသီးတောင်မြို့နယ်မှ […]

ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ပုဇွန်သားပေါက်များ တင်ဆောင်လာသောကားများမှ ငွေကြေးများ တရားမ၀င်ကောက်ခံမှုများရှိနေ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် မင်းပြားနှင့် ပေါက်တောမြို့များသို့ ပုဇွန်သားပေါက်များ တင်ပို့နေသော ကားများမှ တရားမ၀င် ငွေကြေးကောက်ခံမှုများရှိနေကြောင်း ဒေသခံများက နိရဉ္စရာသို့ သတင်းပေးပို့သည်။ ပုဇွန်သားပေါက်များ တင်ပို့နေသူ ရသေ့တောင်မြို့နယ် အောင်ဗလအုပ်စု သာစည်ကုန်း ရွာသား တစ်ဦးက ကားတစ်စီးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် စရဖ အဖွဲ့နှင့် အငူမော် နယ်ခြားစောင့်စခန်းမှ ကောက်ယူနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ “ ဒီလုပ်ငန်းတွေက ငါးလုပ်ငန်း ဦးစီးဌာန တရားဝင် လိုင်စင်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရသေ့တောင်နဲ့ မောင်တောမြို့နယ် ပင်လယ်ပြင်ကမ်းစပ် တစ်လျှောက်ကနေ ဖမ်းမိတဲ့ သားပေါက် ပုဇွန်တွေပါ။ မင်းပြားနဲ့ ပေါက်တောကို တင်ပို့ပါတယ်။ ပုဇွန်သားပေါက်တွေပါရင် […]

ဘင်္ဂလာဒေ့ရှ်သို့ ရေကူးသွားသူ ဘင်္ဂလီ သုံးဦးနောက်ထပ် ဖမ်းမိ၊ အကြမ်းဖက်မှုနှင့် ဆက်စပ်သူ ၅၀ ကျော် ဖမ်းဆီး

နိရဉ္စရာ၊ အောက်တိုဘာ ၂၉ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ရေကူးပြီး သွားနေသည့် မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုး အမျိုးသား သုံးဦးအား အောက်တိုဘာလ ၂၇ ရက်နေ့က တပ်မတော်(ရေ)က ဖမ်းဆီးမိပြီး မောင်တောမြို့မရဲစခန်းသို့ လွဲပြောင်းလိုက်ရာ အခုအခါ မောင်တောမြို့မရဲစခန်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဘင်္ဂလီလူမျိုး ၅၀ ကျော်သွားပြီဟု သိရသည်။ တပ်မတော်(ရေ)မှ နတ်မြစ်အတွင်း ကင်းလှည့်နေ့စဉ် အောက်တိုဘာလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းအကြား ရေလယ်ကျွန်းအနီး၌ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ရေကူးသွားနေသည့် မသင်္ကာဖွယ်ရာ ဘင်္ဂလီ အမျိုးသား သုံးဦးအားတွေ့ရှိရသဖြင့် ခေါ်ယူရာ […]

မောင်တောမြို့နယ်မှ ဆရာဆရာမများ အောက်တိုဘာ ၃၀ ရက်နေ့ အရောက်လာရန် ညွန်ကြားထား

ရွှေရအောင်(တောင်ကုတ်) နိရဉ္စရာ၊ အောက်တိုဘာ ၂၆ မောင်တောမြို့နယ် အတွင်း တာဝန် ထမ်းဆောင်နေကြသော ဆရာ ဆရာမများအား အောက်တိုဘာ ၃၀ ရက်နေ့ကို အရောက်လာရန် မြို့နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။ “ကျွန်တော်တို့ အောက်တိုဘာ ၃၀ ရက်မှာ မောင်တောကို အရောက်ခေါ်ထားတယ်ဆိုတာ သတင်းပို့ဖို့ ဆရာ၊ ဆရာမ အားလုံးကို ပြောထားပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။ ထိုသို့ ခေါ်ယူထားသော်လည်း လုံခြုံရေးစိတ်မချရသော ဒေသများသို့ ဆရာ ဆရာမမများကို စာသင်ကြားရန် စေလွှတ်မည်မဟုတ်ဟု မြို့နယ် ပညာရေးမှူးက ပြောဆိုသည်။ မောင်တောမြို့နယ်တွင် အစိုးရ စာသင်ကျောင်း […]

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

နိရဉ္စရာ၊ အောက်တိုဘာ ၁၈ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တွင် ပေါ်ပေါက်နေသော အရေးကိစ္စများကို တိုင်ပင် ဆွေးနွေးရန်အတွက် ရခိုင်ပြည်နယ် လွှတ်တော်ကို အရေးပေါ် ခေါ်ယူလိုက်ပြီဟု သိရသည်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး စစ်တွေမြို့သို့ အရောက်ခေါ်ဆောင်ထားပြီး လွှတ်တော် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက် တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ “ အဓိကတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးပြီး တိုင်းရင်းသားကျေးရွာတွေ လုံခြုံရေး ရရှိရေး၊ ရခိုင်တိုင်းသားကျေးရွာတွေ မပြိုပျက်သွာရေး ကိစ္စတွေကို အဓိကဆွေးနွေးပြီး ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရတွေကို တိုက်တွန်းတဲ့ အဆိုတွေ တင်သွင်းနိုင်အောင် […]

ကျဆုံးခဲ့ရသည့် ဝပိတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး မောင်တောဆေးရုံသို့ရောက်ရှိ

ရွှေရအောင် (တောင်ကုတ်) နိရဉ္စရာ၊အောက်တိုဘာ ၉ မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်) တိုက်ခိုက်ခံခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရာ ကျီးကန်းပြင် အနီးရှိ ဝပိတ်ကျေးရွာ စခန်းမှ တပ်သား ငါးဦးကို သေဆုံးလျက်ရှိသည်ဟု သိရသည်။ ယခုအခါ နယ်ခြားစောင့်တပ် အလောင်း ၅ လောင်းမှာ မောင်တောာမြို့နယ်ဆေးရုံသို့ ရောက်ရှိလာပြီဟု သိရသည်။ လက်ရှိ သတင်းအရ တပ်မတော်မှ နယ်မြေရှင်းလင်းမှုများပြုလုပ်နေပြီး RSO အဖွဲ့နှင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆိုသည်။ မောင်တောမြို့နယ် နယ်ခြားစောင့်ရဲ ဌာနချုပ်(ကျီးကန်းပြင်)တည်ရှိရာ အနီး ဝပိတ်ကျေးရွာတွင် လက်ရှိ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် ပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းအနီးအနားသို့ ရောက်နေသူ သတင်းထောက်များက ပြောကြားသည်။ […]

အာဇာနည်နေ့ အခမ်းအနား ရခိုင်ပြည်နယ် မြို့တစ်ချို့တွင် ကျင်းပ

ရွှေရအောင် (တောင်ကုတ်) နိရဉ္စရာ၊ ဇူလှိုင် ၁၉   (၆၉) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်မှ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် အမ်းမြို့တို့တွင် ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။ သံတွဲမြို့တွင် ကျင်းပပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ခန်းမမှ လွတ်လပ်ရေး ပန်းခြံထိ ချီတက်လမ်းလျှောက်ပြီး လွမ်းသူ့ ပန်းခွေချခဲ့ကြသည်။ သံတွဲဒေသခံ ဦးခင်မောင်နိုင်မှ “ နံနက် ၁၀ နာရီ ၃၉ မိနစ်မှာ ဥသြဆွဲသံနဲ့ အတူ လွတ်လပ်ရေး ပန်းခြံထဲမှာ ရှိတဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ လွမ်းသူ့ ပန်းခွေချခဲ့ကြပါတယ်” ဟု […]

ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ စစ်တွေထောင်တွင် ထမင်းပေါင်းအိုးများ လှူဒါန်း

(နိရဉ္စရာ- ၁၁ နိုဝင်ဘာ ၂၀၁၄) ရန်ကုန် အခြေစိုက် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ စစ်တွေထောင်အတွက် ထမင်းပေါင်းအိုးကြီးများကို ယမန်နေ့ (နိုဝ်ငဘာ ၁၁ ရက်နေ့) က သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ “ ထောင်ထဲမှာ ထောင်သားတွေအတွက် ထမင်းကို ပေပါပုံးခွံတွေနဲ့ ချက်ပြုတ်ရတယ်။ ဒါက မသန့်ရှင်းတဲ့ အပြင် ကျန်းမာရေးကိုပါ ထိခိုက်တဲ့ အတွက် ကျန်းမာရေး ကောင်းမွန်ဖို့ကို ရည်ရွယ်ပြီး အဆင်သင့် ပေါင်းနိုင်တဲ့ ထမင်းပေါင်းအိုးတွေကို သွားရောက် လှူဒါန်းရတာဖြစ်ပါတယ်” ဟု အဖွဲ့၏ နာယက ဆရာတော် ဦးဇင်းကုမာက ပြောသည်။ လှူဒါန်းသော ထမင်းပေါင်းအိုး (၃) လုံး၏ တန်ဖိုးမှာ စုစုပေါင်း […]