မောင်တောတွင် WY စိတ်ကြွဆေးပြား ၅ သိန်းကျော် ထပ်ဖမ်းမိပြန်

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ နိုဝင်ဘာ ၂၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁ သောင်းကျော် တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၅၅၉၆၅ဝ များကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှဌေးက နိရဉ္စရာသို့ အတည်ပြုပြောသည်။ “မောင်တောရဲ့အရှေ့ဘက်က ၄ မိုင်ရဲ့နားကလေ အဘူကာလောင်ရဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဘာလို့ဆို သူတို့ ၃ ယောက်က အထုပ်တွေထမ်းသွားတယ်ဆိုတာ အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားလို့ အဲဒါ မသင်္ကာလို့ ပိုက်စိပ်တိုက်လိုက်ရှာတော့ လူတော့ မတွေ့တော့ဘူး။ အထုပ်တွေပဲ တွေ့တယ်။ အဲဒီအထုပ်တွေထဲက ဆေးပြား ၅၅၉၆၅၀ ကိုသိမ်းဆည်းရမိတာပါ”ဟု ဒုရဲမှူး လှဌေးက ဆိုသည်။ နိုဝင်ဘာ ၂၂ […]

မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းရှစ်သိန်းကျော် ဖမ်းမိ

အောင်ကျော်မင်း နိရဉ္စရာ၊ သြဂုတ် ၂၁ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇူလကျေးရွာအတွင်းရှိ အိမ်တစ်အိမ်အား သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေရာမှ သိန်းပေါင်း သုံးသောင်းခြောက်ထောင်နှစ်ရာ ခုနှစ်ဆယ် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၁၃၅၀၀ ပြားကို ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။ “ ဖမ်းမိတာ ဟုတ်ပါတယ်။ ဒီနေ့ ညနေ ၄ နာရီလောက်မှာ ဖမ်းမိတာပါ။ စုစုပေါင်း ၁၈ သိန်းကျော်ဖြစ်ပါတယ်။ ဇူလာကျေးရွာနေ အာဆော့ဒူလာ နေအိမ်က ဖြစ်ပါတယ်” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှ နိရဉ္စရာသို့ ပြောကြားသည်။ သြဂုတ် ၂၁ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် သတင်းအရ […]

စစ်တွေ ရေချမ်းပြင်တွင် wy စိတ်ကြွဆေးပြား ၃ သန်းကျော် ဖမ်းမိ

အောင်ကျော်မင်း(မောင်တော) နိရဉ္စရာ၊ ဇွန် ၁၂ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရေချမ်းပြင် ဆိပ်ကမ်းတွင် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်က စိတ်ကြွဆေးပြား ၃ သန်း ၄ သိန်း ဖမ်းဆီးရမိခဲ့ဟု သတင်း ရရှိသည်။ ပုဏ္ဏားကျွန်း မြို့ မှ ဦးအောင်စောသန်း(၅၃)နှစ်(ဘ) ဦးပန်းကျော်စိန် မှတ်ပုံတင် အမှတ် ၁၁/စတန(နိုင်)၀၃၉၀၉၅ မောင်းနှင်းလာသည့်ကား ရေချမ်းပြင်ဆိပ်ကမ်းသို့ ရောက်ရှိလာချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ ပြောဆိုသည်။ ဦးအောင်စောသန်း မောင်းနှင်လာသည့် ယာဉ်အမှတ် 7L-9363 SKAT […]

မောင်တောမြို့နယ် ငခူရတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးမိ

အောင်ကျော်မင်း( မောင်တော) နိရဉ္စရာ၊ ဇွန် ၈ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရတွင် စိတ်ကြွဆေးပြား ၁၉၀၀၀ ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။ နယ်ခြားစောင့်တပ်ဖွဲ့မှ ဇွန် ၈ ရက် နံနက်အစောကြီး ညဥ့် ၁ နာရီခန့် တွင် လုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် ငါးခူရကျေးရွာအနီးရှိ ပုစွန်ကန်အနီး တာရိုးပေါ်၌ မသင်္ကာသူနှစ်ဦး တွေ့ရှိသဖြင့် ရပ်တန့်ခိုင်းရာ တစ်ဦးမှာထွက်ပြေးသွားပြီး ကျန်တစ်ဦးဖြစ်သူ အဏ္ဏဝါရှား ထံမှ စိတ်ကြွရူးသွပ် ဆေးပြားများ ၁၉၀၀၀ သိမ်းဆည်းရမိခဲ့သည်။ စိတ်ကြွဆေးပြားများတွင် WY နှင့် WR စာတန်း အမှတ်တံဆိပ်များ ပါရှိပြီး ၎င်းဆေးပြား ၁၉ဝဝဝ ၏ (ခန့်မှန်း ကာလတန်ဖိုးငွေမှာ […]