မြောက်ဦးတွင် စိတ်ကြွ ရူးသွပ်ဆေးပြား၄၀၀၀ ကျော်နှင့် လူ ၄ဦးကို ဖမ်းဆီးထား

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၂၁ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့ညက မူးယစ်ဆေး WY စိတ်ကြွ ဆေးပြား ၄၀၀၀ ကျော် ဖမ်းဆီးခဲ့သည်ဟု သိရသည်။ မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်း၊ ရောင်းချခြင်းများသတင်းအရ မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ည ၁၁ နာရီ ၄၀ အချိန်ခန့် တွင် မြို့ပြင်ဘက်မှ မြို့တွင်းသို့ ၀င်လာသော ဆိုင်ကယ်များအား စစ်ဆေးစဉ် မြောက်ဦးမြို့၊ အလယ်ဈေး ရပ်ကွက်နေ အောင်သိန်း (၁၈) နှစ်(ဘ)ဦးစောသာအောင်နှင့် မောင်ဌေး (၁၈) နှစ်၊ (ဘ)ဦးမောင်တင်ဝင်းတို့ စီးနင်းမောင်းနှင်လာကြသော ဆိုင်ကယ်အား […]

ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၂၃ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။ “ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့က အငူမော်ဆိပ်ကမ်းမှာ ပူးပေါင်းအဖွဲ့ဆိုတာ ရှိပါတယ်။ အရင်တုန်းကတော့ အဲ့ဒီလို စစ်ဆေးတာတွေ ရှာဖွေတာတွေ မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတဲ့အတွက် ကျနော်တို့ စီမံချက်ချမှတ်ပြီး လုပ်ပါတယ်။ လုပ်တဲ့အခါမှာ မနေ့က ဇက်နဲ့ကူးလာတဲ့ ခရီးသည်ကားတစ်စီးကို မသင်္ကာလို့ ရှာဖွေရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ […]

ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ထပ်ဖမ်းမိ

မာန်ယုကျော် (ရွှေဝမြေ) စစ်တွေ၊ နိုဝင်ဘာ ၂ဝ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၉၃ဝဝ ကျော်တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြားများအား ထပ်မံဖမ်းဆီးရမိကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းကြွယ်က နိရဉ္စရာသို့ အတည်ပြုပြောသည်။ “ခြုံထဲမှာဖွက်ထားတဲ့ အထုပ် ၅ ထုပ်တွေ့တယ်။ ၅ ထုပ်စလုံးက တစ်နေရာတည်းမှာ ၀ှက်ထားတာတော့မဟုတ်ဘူး။ တစ်ထုပ်နဲ့တစ်ထုပ် ၄/၅ ပေ၊ ၁ဝ ပေ အဲလောက်ဝေးတယ်”ဟု ဒုရဲမှူး သောင်းကြွယ်က နိရဉ္စရာသို့ ပြောသည်။ အဆိုပါမူးယစ်ဆေးဝါးများကို နိုဝင်ဘာလ ၂ဝ ရက်နေ့၊ ညနေ ၅ နာရီခန့်က ဘူးသီးတောင်မြို့နယ် အိုးသည်ကျေးရွာအနီး တောင်ကြောရှိ ခြုံနွယ်များထဲမှ ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ […]

ကျောက်ဖြူတွင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ အသက် ၂၀ အရွယ် လူငယ် နှစ်ဦးထံမှ WY ဆေးပြားဖမ်းမိ

ကျော်ဝင်း (ကျောက်ဖြူ ) နိရဉ္စရာ၊ နိုင်ဝင်ဘာ ၁၇ ကျောက်ဖြူတွင် နိုဝင်ဘာ ၁၇ ရက် နံနက် အစေကြီး ၂ နာရီ ၃၀ မိနစ်ခန့်က မူခင်းကျဆင်းရေး ကင်းလှည့်ဆောင်ရွက်နေစဉ် အစိုးရရပ်ကွက်၊ ကျောက်ဖြူမြို့ဝင်ဆိုင်းဘုတ်အနီးတွင် မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ WYစာတန်းပါ မူးယစ်ဆေးဝါး စုစုပေါင်း(၅၁၆)ပြားကို အသက် ၂၀ အရွယ် လူငယ်နှစ်ငယ်ဦးထံမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇော၊ နယ်ထိန်းခေါင်း ရဲအုပ်ကျော်နီထွန်း အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ တို့ပါဝင်သော အဖွဲ့မှ မူခင်းကျဆင်းရေးအတွက် ကင်းလှည့်ဆောင်ရွက်နေစဉ် ၂၆/ယ ၅၉၄၉၈ HONDA CB 400 ဖြူ၊နီရောင် ဆိုင်ကယ်အား မောင်းနှင်လာသူ […]

မောင်တောတွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ဖမ်းဆီးရမိ

မဘုကေ စစ်တွေ၊ နိုဝင်ဘာ ၁၇ ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ကိုဖမ်းဆီးရမိသည် ဟု မောင်တောခရိုင် ရဲမှူးက ပြောကြားသည်။ “ နေရာ ၂ နေရာကနေ ဖမ်းမိတာပါ။ စုစုပေါင်း ဆေးပြား ၉၇၅၀၀၀ ပြားဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်ဆိုရင် ကျပ်သိန်းပေါင်း ၁၉၅၀၀ ဖိုးရှိပါတယ်” ဟု ပြောသည်။ ၎င်းဆေးပြားများကို နေ့လယ် ၂နာရီခွဲခန့်တွင် အန်နာယော့တူလာ အသက်(၂၅နှစ်)၏ ကုန်စုံဆိုင်အား ၀င်ရောက်ရှာဖွေရာ ခရီးဆောင်အိတ်၂ အိတ်အတွင်းမှ WY ဆေးပြား ၂၉၂၅၀၀ ပြားကို ဖမ်းဆီးရမိရရှိခဲ့သည်။ သတင်းအရ ဆက်လက်လက်ရှာဖွေရာ ညနေ ၃ နာရီခန့်တွင် အီးနူးစ်၏ […]

၁၆ နှစ်အရွယ် လူငယ်နှစ်ဦး WY စိတ်ကြွဆေးပြား ၂၅ ပြားနှင့် အတူ စစ်တွေတွင် ဖမ်းဆီးခံရ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ သြဂုတ် ၇ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက လူငယ်နှစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ “နေ့လယ် ၁ နာရီမှာ မူးယစ်ဆေးဝါးသတင်းအရ စစ်တွေ သဲချောင်းလမ်း ဈေးအနီး နေရာယူ စောင့်ဆိုင်းနေစဉ်မှာ အနောက်ဘက်က အရှေ့ဘက်ကို ဆိုင်ကယ်တစ်စီး မောင်းနှင်လာတာကို ရပ်တန့်စစ်ဆေးတဲ့အခါမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်”ဟု စစ်တွေမြို့မ ရဲစခန်းမှ ရဲအုပ်အေးခင်မောင်က နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။ ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဓည၀တီ (ခ) ရပ်ကွက်မှ မောင်နေမျိုးဦးနှင့် မင်းဂံ […]