ရခိုင်ပြည်နယ်အတွင်း ၃ လခွဲ ကာလအတွင်း စိတ်ကြွယာဘားဆေးပြား ခုနှစ်သန်းနီးပါး ဖမ်းဆီးရမိ

နိရဉ္စရာ၊ သြဂုတ် ၁၉ ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့ထိ ၃ လခွဲ ကာလ အတွင်း ယာဘားစိတ်ကြွဆေးပြား ခုနှစ်သန်း နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။ နိုင်ငံတော် အစိုးရ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း မေလ ၂ ရက်နေ့မှ သြဂုတ် ၁၃ ရက်နေ့ထိ ယာဘားစိတ်ကြွရူးသွပ်ဆေးပြား ၄၁၉၁၄၃၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ သြဂုတ် ၁၇ ရက်နေ့က မောင်တောမြို့တွင် စိတ်ကြွ ယာဘားဆေးပြား ၂၇၆၆၀၀၀ ပြားကို ထပ်မံ ဖမ်းမိခဲ့ရာ ၃လခွဲကာလအတွင်း ရခိုင်ပြည်နယ် အတွင်း ဖမ်းဆီးမိခဲ့သည့် […]

ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိ

စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မတ် ၂၃ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။ “ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့က အငူမော်ဆိပ်ကမ်းမှာ ပူးပေါင်းအဖွဲ့ဆိုတာ ရှိပါတယ်။ အရင်တုန်းကတော့ အဲ့ဒီလို စစ်ဆေးတာတွေ ရှာဖွေတာတွေ မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတဲ့အတွက် ကျနော်တို့ စီမံချက်ချမှတ်ပြီး လုပ်ပါတယ်။ လုပ်တဲ့အခါမှာ မနေ့က ဇက်နဲ့ကူးလာတဲ့ ခရီးသည်ကားတစ်စီးကို မသင်္ကာလို့ ရှာဖွေရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ […]

တစ်နေ့တည်းတွင် မောင်တောနှင့် ဘူးသီးတောင်မှ ယာဘား စိတ်ကြွဆေးပြား တစ်သန်းကျော်နှင့် လူ ၅ ဦးဖမ်းမိ

မဘုကေ (စစ်တွေ) နိရဉ္စရာ၊ နိုဝင်ဘာလ ၂၉ ငွေကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော် တန်ဖိုးရှိ WY ယာဘားဆေးပြား တစ်သန်းကျော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်တွင် ဘူးသီးတောင်နှင့် မောင်တော၌ ဖမ်းမိခဲ့သည်ဟု မောင်တော ခရိုင်မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်းဦးက နိရဉ္စရာသတင်းဌာနသို့ ကပြောသည်။ “ Hijet ကား တစ်စီးက နေပြီးတော့ မောင်တောမြို့ ဇူလရွာအနီးမှာ အထုပ် ၅ ထုပ် ချထားတယ်။ ဒါကို ဘင်္ဂလီ ၁၅ ယောက်လောက် က ရွာက ထွက်လာပြီး အထုပ်တွေ ထမ်းပြီး ယူကြတယ်။ ဒါကို မသင်္ကာ လို့ လိုက်စစ်ဆေးတော့ ရွာသားတွေက […]

စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းနေထိုင်သူ တစ်ဦးထံမှ ဆေးခြောက် ၅၇၀၅ ဂရမ် ဖမ်းဆီးရမိ

စံမောင်သန်း၊ ရန်ကုန် နိရဉ္စရာ၊ နိုဝင်ဘာ ၂၃ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂါလီကယ်ဆယ်ရေး စခန်းနေထိုင်သူ တစ်ဦးထံမှ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဆေးခြောက် ၅၇၀၅ ဂရမ်ဖမ်းဆီးရမိသည်ဟု စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။ ဖမ်းဆီးခံရသူမှာ ဒါးပိုင် ဘင်္ဂါလီကယ်ဆယ်ရေးစခန်း အဆောင် (၁၉၆) အခန်း (၁) နေ မာမောက်ဟာဆွမ်း (၂၀) နှစ် (ဘ) ဦးမောင်နုဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။ “ ဆေးခြောက်နဲ့ အတူ ဖမ်းမိသူဟာ စစ်တွေမြို့နယ်ရှိ ဒါးပိုင်(ဘင်္ဂါလီ) ကယ်ဆယ်ရေး စခန်းမှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ စစ်တွေမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ […]

မောင်တောတွင် စိတ်ကြွဆေးပြား ၁ သိန်း ၇ သောင်းဖမ်းမိ

အောင်ကျော်မင်း (မောင်တော) နိရဉ္စရာ၊ မေ ၂၄ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် ကညင်ချောင်း နှင့် တက်ချောင်း အကြားကမ်းစပ်တွင် wy စိတ်ကြွဆေးပြား ၁ သိန်း ၇ သောင်းတိတိကို ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ဖမ်းဆီးမိခဲ့သည်ဟု နယ်ခြားစောင့် အရာရှိ တစ်ဦးက ပြောသည်။ မောင်တောမြို့နယ် နတ်မြစ်ဝအတွင်း ဦးရှေဂျချောင်းဝ သို့ လှည့်ကင်းလည့်ရန် POE စခန်မှ ထွက်ခွာလာသော သဲကိုကိုဇော်ဦးစီးသည့် စစ်သည် ၄ ဦးပါ ရာဘာ ကင်းလှည့်ရေယာဉ်သည် တက်ချောင်းနှင့် ကညင်ချောင်းကြား အရောက် တွင် မင်္သကာဖွေလူတစ်စုအားတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ […]

ဘင်္ဂလာနယ်စပ်တွင် ယာဘာစိတ်ကြွဆေးပြား တစ်သန်းကျော်ဖမ်းမိ

နိရဉ္စရာ၊ ဧပြီ ၂၈ မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က စိတ်ကြွ ယာဘားဆေးပြား တစ်သန်းနှစ်သိန်းကို ဖမ်းဆီးမိခဲ့သည်ဟု BD News တွင် ဖော်ပြသည်။ ၎င်းဆေးပြားများကို မြန်မာနိုင်ငံမှ စိတ်ကြွဆေးပြားများ အလုံးအရင်းဖြင့် ၀င်လာမည်ဟု သတင်းအရ တက်ကနက် မြို့နယ် Kochubonia အရပ် ပတ်ဝန်းကျင်ကို ၀င်ရောက်ရှာဖွေရာမှ ဆာလာအိတ် ၄ အိတ်ဖြင့် ကွမ်းခင်းထဲ စုပုံ ၀ှက်ထားရာမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း တက်ကနက် အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှူးချုပ် Abuzar Al Jahid က ပြောကြောင်း […]