လေးစားအပ်ပါသော တကာ တကာမအပေါင်းအား ယခုကဲ့သို့ နှစ်သစ်ကူး ကောင်းမြတ်သောအချိန်ကာလ သမယတွင် ပညာဒါန စိုက်ထူကြရန်အတွက် ဖိတ်ကြားအပ်ပါသည်။
ဦးပဉ္စင်းသည် ရခိုင်ပြည်နယ်မှ စစ်တကောင်း တောင်တန်းနယ် အင်းသုံးဆယ်အရပ်သို့ လာရောက်ပြီး သာသနာပြုနေသော ရဟန်းတော် တပါးဖြစ်ပါသည်။
သာနာပြု ရဟန်းတော်တပါးအနေဖြင့် သာနပြုစဉ်ကာလအတွင်း အဘက်ဘက်နိမ့်ကျနေသော ဘင်္ဂလာ ဒေခ်ျ့နိုင်ငံ ဗုဒ္ဓဘာသာဝင်များအား အနာဂတ်တွင် တဘက်တလမ်းမှ တိုးတက်နိုင်ရန် ရည်ရွယ်ပြီး မိဘမဲ့ ကလေးဂေဟာတခုအား ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကို သာမက အစိုးရကျောင်းစာပေများကိုပါ သင်ကြားပို့ချပေး နေပါသည်။
အဆိုပါ ကျောင်းမှာ အစိုးရ အသိအမှတ်ပြု ကျောင်းတခုဖြစ်ပြီး အစိုးရမှတ်ပုံတင်ထားသော မိဘမဲ့ ကလေး ဂေဟာတခုလည်း ဖြစ်ပါ သည်။
သို့အတွက် နှစ်စဉ်သက်ဆိုင်ရာ အစိုးရမှ ကျောင်းသား ကျောင်း သူများ စားသုံးရန် ဆန်အစရှိသည်တို့ကို နှစ်စဉ် ထောက်ပံ့ကြေး ရရှိခဲ့ပါသည်။
သို့သော်လည်း ယခုအခါ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အစိုးရ အပြောင်းအလဲ ဖြစ်ပြီး ရွှေးကောက်ပွဲ မပြုလုပ်နိုင်ဘဲ ဖြစ်နေသည့် ကြားကာလအချိန်ဖြစ်နေပါသည်။ သို့အတွက် အစိုးရမှ ပုံမှန် ထောက်ပံ့ပေးမှုမှာ လွန်ခဲ့သော လအနည်းငယ်က စပြီး ရပ်တန့်နေပါသည်။
သို့အတွက် အင်းသုံးဆယ် ဇိနမဉ္ဇူပရဟိတ မိဘမဲ့ ကလေးဂေဟာကျောင်းရှိ ကျောင်းသား ကျောင်းသူ (၂၂) ဦး အခြေအနေမှာ စားဝတ်နေရေး မဖုံလုံမှု အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။
သို့အတွက် အနီးအဝေးရှိ တကာတကာမများသို့ အဆိုပါ မိဘမဲ့ ကလေးဂေဟာ ဆက်လက်ရပ်တည် နိုင်ရေးအတွက် ပညာရေး အလှူဒါနများ စိုက်ထူကြရန် ဖိတ်ခေါ်ပါသည်။
ကျောင်းသား တဦးအတွက် စားစရိတ် တလ လိုအပ်ငွေမှာ ၅၀၀ တာကာနုံးဖြင့် တနှစ်ကို ၆၀၀၀ တာကာ လိုအပ်မည် ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာနှင့် တွက်ချက်ဖေါ်ပြရလျှင် တနှစ်ကို (၈၈) ဒေါ်လာ လိုအပ်မည် ဖြစ်ပါသည်။
သို့အတွက် သဒ္ဒါတရား ထက်သန်သော တကာ တကာများ အနေဖြင့် အောက်တွင် ဖေါ်ပြထားသော ကျောင်းသား ကျောင်းသူ များထဲမှ တဦးချင်းစီကို ရွှေးချယ်ပြီး ပညာရေးဒါန ပြုကြပါရန် ဖိတ်ခေါ် အပ်ပါသည်။
ဦးနန္ဒမာလာ
ဇိနမဉ္ဇူပရဟိတဂေဟာ
အင်းသုံးဆယ်ရွာ
စစ်တကောင်းတောင်တန်းနယ်
ဘင်္ဂလာဒေခ်ျ့နိုင်ငံ
ဆက်သွယ်ရန် နံပတ် (လက်ကိုင်ဖုံး) ၈၈- ၀၁၇၂၇၂၃၂၄၀၇ နှင့် ၈၈- ၀၁၇၂ ၁၆၉၇၆၇၈
တခါတခါ စစ်တကောင်းတောင်တန်းနယ်တွင် ဖုံးလိုင်းမကောင်းခြင်းကြောင့် အဆက်အသွယ်ပြုလုပ်ရန် ခက်ခဲ တတ်သဖြင့် ဦးခိုင်မြတ်ကျော် ဖုံးနံပတ် (၈၈) ၀၁၇၁ ၅၉၈ ၁၉၀၇ ကတဆင့် ဆက်သွယ်နိုင်ပါသည်။