ယာဘားနဲ့ အရက် ဘင်္ဂလာသို့ မြန်မာ၏ အဓိက ပို့ကုန်ဖြစ်

၆၊၂၈၊၂၀၀၉

မောင်အေး(နိရဉ္စရာ) မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နေသော ကုန်ပစ္စည်းများတွင် တရားဝင် ကုန်ပစ္စည်းများ ရှိသကဲ့သို့ တရားမ၀င် ကုန်ပစ္စည်းများရှိရာ ထိုအထဲတွင် တရားမ၀င် ကုန်ပစ္စည်းတင်ပို့မူက ပိုမို များပြားနေကြောင်း နယ်စပ်ကုန်သည် တဦးက ပြောသည်။

သူက “မြန်မာကနေ နယ်စပ် ဖြတ်ကျော်ပြီး တင်ပို့နေတဲ့ ကုန်တွေထဲမှာ တရားမ၀င် အဓိက တင်ပို့တဲ့ ကုန်ပစ္စည်း (၃) မျိုး ရှိပါတယ်။ ကျွန်းသစ်၊ ယာဘားဆေးပြားနဲ့ အရက် မျိုးစုံ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ တင်ပို့နေမူတွင် မြန်မာဘက်မှ နယ်စပ် အစိုးရ တာဝန်ရှိသူများလည်း ပါဝင်နေသည်ဟု သိရသည်။

သို့အတွက် မောင်တောမြို့မှ တဆင့် ယာဘားဆေးပြားများ အလုံးအရင်းဖြင့် ၀င်ရောက်နေသည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“လွန်ခဲ့တဲ့ စနေနေ့ကလည်း တက်ကနက်မြို့မှာ မြန်မာက တင်သွင်းလာတဲ့ စိတ်ကြွဆေးပြား ၄၇၀ နဲ့ တခြား မူးယစ် ဆေးဝါးတွေ ဖြစ်တဲ့ အရက်တွေကို ဘင်္ဂလာရဲတပ်ဖွဲ့နဲ့ ရက်ခေါ်
Rapid Action Battalion (RAB) တပ်ဖွဲ့တို့က ဖမ်းဆီး ရမိခဲ့ပါတယ်။ ခုလို ခဏ ခဏ ဖမ်းဆီးနေပေမယ့် မြန်မာဘက်က လာတဲ့ ယာဘားက မရပ်တန့်တော့ အများစု လူထုကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင် ပတ်သက်နေတယ်လို့ဘဲ ပြောနေကြပါတယ်။”

မူးယစ်ဆေးပြား ၄၇၀ ကို အမှတ် ၁၇
RAB တပ်ဖွဲ့ က တက်ကနာမြို့ ဇာတီမူရာအရပ်မှ အိုဆမာထံမှ ၂၅၀ နှင့် အိုဘာအူးလ် ဆိုသူထံမှ ဆေးပြား ၂၂၀ ကို ဖမ်းဆီးရ မိခြင်းဖြစ်သည်ဟု ဘင်္ဂလာရဲက အတည်ပြု ပြောဆိုသည်။

အလားတူ အဆိုပါ နေ့က ကော့စ်ဘာဇားမြို့မှ တက်ကနက်သို့ သွားသည့် ခရီသည်တင် ဘစ်ကား တစီးကို ရှာဖွေရာမှ ဘင်္ဂလာ ရဲတပ်ဖွဲ့က ဘင်္ဂလီ အမျိုးသမီး ၂ နှစ်ထံမှ ဖန်ဆီဒိုင်းပုလင်း ၆၀ နှင့် ဂင်စာ တကီလိုကို ဖမ်းဆီး ရမိခဲ့သည်။

ယခုလ အစောပိုင်းကလည်း တက်ကနက်မြို့မှ မြန်မာဘက်မှ တင်သွင်းလားသည့် ယာဘားဆေးပြား ၂၁၀၈ ပြားကို ခရီးသည် တင်ဘစ်ကားတစီးမှ ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ ယာဘားဆေးပြားများသာမက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ ကျွန်းသစ်များကိုလည်း ဘင်္ဂလာသို့ အကြီးအကျယ် တင်ပို့နေသည်ဟု သိရသည်။

----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
 

Latest Videos

image
 
image
 
image