BNI ၁၃ ကြိမ်မြောက် အစည်းအဝေး ကျင်းပ
၆၊၂၉၊၂၀၀၉
မြန်မာ့ သတင်းဌာန ၁၀ ခုဖြင့် ဖွဲစည်းထားသော
BNI ခေါ် နိုင်ငံတကာ မြန်မာ သတင်း၏ ၁၃ ကြိမ်မြှောက် အစည်းအဝေးကို ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ယနေ့ စတင် ကျင်းပ ပြုလုပ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကွန်ဖရင့်သို့ မြန်မာ့ သတင်းဌာနများ ဖြစ်သည့် မစ္ဈိမ၊ ရှမ်းသံတော်ဆင့်၊ ခိုနုမ်းထုန်၊ ကုလားတန်၊ ကန္တာရ၀တီ၊ သတင်းနဲ့မီဒီယာ ကွန်ယက်၊ ကာဝါ၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ နိရဉ္စရာနှင့် ကချင် သတင်းဌာန တို့တက်ရောက်ကြသည်။
၎င်းပြင် လေ့လာသူ သတင်းဌာနအဖြစ် ကရင် သတင်းစဉ်နှင့် ရှမ်း လူငယ် အင်အားတို့မှ တက်ရောက် သည်။
ကချင် သတင်းဌာန မှ ကိုနော်ဒင်းမှ ကွန်ဖရင့် ကျင်းပတဲ့ အပေါ် သူ့အမြင် ကို ယခုကဲ့သို့ ပြောသည်။
“ခုလို ကွန်ဖရင့်မှာ ဘီအမ်အိုင် အဖွဲ့ဝင်တွေ အနေနဲ့ တွေ့ဆုံနိုင်တဲ့ အတွက် အဖွဲ့အစည်းတွေရဲ့ အားသာ ချက် အားနည်းချက်တွေကို ကြည့်ပီး ကိုယ့်အဖွဲ့ အစည်းကို တိုးတက်အောင် ဘယ်လို လုပ်နိုင် မလဲ ဆိုတာကို စဉ်းစား သုံးသပ်နိုင်တယ်။ ညီလာခံမှာ တခြား အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံတွေကို သိရ ကြားရတဲ့အတွက် ဗဟုသုတတွေ အများကြီး ရသလို ဒေသ အသီးသီးက အခြေအနေတွေကို သိရတဲ့အတွက်လည်း အကျိုး ရှိပါတယ်” ဟု ပြောသည်။
BNI အစည်းအဝေးကို တနှစ်တွင် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး အစည်းအဝေးတွင်
BNI နှင့် ပတ်သက်သော အခြေအနေများကိုသာမက တဖွဲ့ချင်းစီ၏ အခြေအနေများကိုလည်း လေ့လာ သုံးသပ် ဆွေးနွေးမူများ ပြုလုပ်ကြသည်ဟု သိရသည်။
|
|
----------------------------------- ----------------------------------- ----------------------------------- -----------------------------------
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
Photo Gallery
21 Arakanese activists were detained for nearly 10 hours by the Bangladesh Police on 22 June 2009 for protesting outside the Indian Embassy in Dhaka as a part of global campaign for immediate release of 34 Freedom Fighters jailed in India.

Supporters observed 64th birthday of detained democracy leader Aung San Suu Kyi on 19 June 2009 in southern Bangladesh’s Cox’s Bazaar Town.