• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ရဟန်းတော်များနှင့်ထောင်သားများကို မြန်မာက ဘင်္ဂလာသို့လွဲပြောင်း


12/26/2007
Adjust font size:  

မင်းအောင် (နိရဉ္စရာ) မြန်မာ စစ်အာဏာပိုင်များက ရဟန်းတော် ၄ ပါးနှင့် ထောင်သား ၁၁ ဦးကို လွန်ခဲ့သော စနေနေ့က မောင်တော-တက်ကနက် နယ်စပ်လမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များထံသို့ လွဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

လွဲပြောင်းခံရသူ ရဟန်းတော် ၄ ပါးမှာ မြန်မာနိုင်ငံ၌ သွားရောက် ပညာသင်ကြားနေကြသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ရဟန်းတော်များ ဖြစ်ကြပြီး မြန်မာ့ စစ်အစိုးရ၏ ပြည်နှင်ဒဏ် ပေးရာတွင် ပါဝင်သူ ရဟန်းတော်များ ဖြစ်ကြသည်။

နအဖ စစ်အစိုးရမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်ပညာသင်ကြားနေကြသူ ရဟန်းတော်များအား ပညာသင်ကြားရန် ခွင့်ပြုချက် မပေးတော့သည့် အပြင် တိုင်းပြည်မှ နှင်ထုတ်နေသဖြင့် မိမိတို့မှာ နေရပ်ရင်းသို့ ပြန်လာရခြင်း ဖြစ်ကြောင်း ဦးပညာသာရက ပြောသည်။

တခြားလွဲပေးခံရသူ ဘင်္ဂလီထောင်သား ၁၁ ဦးမှာ လွန်ခဲ့သော ဇူလှိုင်လက မောင်တော အ၀င်အထွက်ဂိတ်တွင် စက်လှေ တစီးနှင့် အတူ ဘိလပ်မြေအိတ်များ ပို့ဆောင်ရန် သွားစဉ် ဖမ်းဆီးခံကြရသူများ ဖြစ်သည်။

သူတို့မှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် ဘိလပ်မြေအိတ်များ တင်ပို့ရန် မောင်တောသို့သွားရောက်စဉ် တရားဝင်စာရွက်စာန်းများနှင့် တရားဝင် နိုင်ငံကူး လက်မှတ်မပါ၍ ဖမ်းဆီးခြင်းခံကြရသူများ ဖြစ်သည်။

သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနယ်စပ် စစ်အာဏာပိုင်များက စက်လှေတွင် ပါလာသော ဘိလပ်မြေအိတ်များအား သက်ဆိုင်ရာ စစ်တကောင်းမြို့မှ ဇဗ္ဗူရိပ် ကုမ္ပဏီသို့ ပြန်လည်ပေးအပ်ခဲ့ပြီး စက်လှေနှင့် လူ ၁၁ ဦးကိုမူ လွန်ခဲ့သော စနေနေ့က ပြန်လည် လွဲပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရမှ ဘင်္ဂလီထောင်သား ၄၂ ဦးကို လွတ်ပေးရန် ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့သံရုံးသို့ များမကြာမှီက စာရင်း ပေးပို့ထားရာ ယခု လွတ်ပေးလိုက်သူ ၁၁ ဦးမှာ အဆိုပါ စာရင်းတွင် ပါဝင်ခြင်းရှိ မရှိ မသိရှိရသေးကြောင်း နယ်စပ်က ပေးပို့သတင်းအရ သိရှိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |