• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (ဥရောပဌာနခွဲ) ဒုတိယအကြိမ် ညီလာခံ ကျင်းပ ပြီးစီး


7/13/2009
Adjust font size:  

မင်းဆက်ခိုင်(နိရဉ္စရာ) နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း(ဥရောပဌာနခွဲ) ၏ ဒုတိယအကြိမ်ညီလာခံကို နော်ဝေနိုင်ငံ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ညီလာခံကို နော်ဝေနိုင်ငံ
(Bergen) မြို့နှင့် (Askoy) မြို့တို့တွင် ဇူလိုင်လ ၁၁ရက်နေ့မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံကျင်းပပုံနှင့်ပတ်သက်၍ ပြန်ကြားရေး တာဝန်ခံ(ဥရောပ) ကိုခိုင်ထွန်းထွန်းက ယခုကဲ့သို့ ပြောသည်။

“ပထမ တရက်က
Bergen မြို့မှာ ပြုလုပ်ပြီတော့ ဒုတိယတရက်ကို Askoy မြို့မှာ ပြုလုပ်ပါတယ်။ ပထမ တရက်မှာတော့ ညီလာခံ ဖွင့်ပွဲကို ပြုလုပ်ပြီးတော့ ရခိုင် သမိုင်း ရှင်းလင်းပွဲကို အချိန်၂ နာရီခန့် ပြုလုပ်ပါတယ်။ ဒုတိယနေ့မှာတော့ မနက် ၁၁ နာရီကနေ ညနေ ၆နာရီအထိ ညီလာခံပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားသို့ အထူးဧည့်သည်များ အဖြစ် ဦးခင်မောင်ကြည်(အင်္ဂလန်)၊ ဦးခင်မောင်စော (ဂျာမနီ) တို့က တက်ရောက်ခဲ့ပြီး နယ်သာလန်၊ ဒိန်းမတ်၊ ဘဲလ်ဂျီယံ၊ နော်ဝေး နိုင်ငံတို့မှ အသင်းသူ အသင်းသား စုစုပေါင်း လူ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ညီလာခံနှင့် ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ညီလာခံတွင် အသင်း၏ လက်ရှိ လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်ပြန် အလှန်လှန် ဆွေးနွေး ခဲ့ကြပြီး ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခဲ့ကြသည်။

ထို့အပြင် ညီလာခံတွင် အလုပ်အမှုဆောင်သစ် (၁၁) ဦးကို ရွေးချယ် တင်မြောက် ခဲ့ကြပြီး အသင်း၏ တာဝန်ခံမှာ နော်ဝေး နိုင်ငံမှ ကိုအောင်မြင်စိုး ဖြစ်လာပြီး နယ်သာလန် နိုင်ငံမှ ဦးသန်းစိုးမှာ ဒု တာဝန်ခံ ဖြစ်လာသည်။

အင်္ဂလန်နိုင်ငံတွင် နေထိုင်သူ ဆရာကြီး ဦးခင်မောင်ကြည်နှင့် နော်ဝေး နိုင်ငံမှ ခိုင်မဲမောင်မှာ အကြံပေး ပုဂ္ဂိုလ်များ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၎င်းအပြင် ညီလာခံသို့ လူကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ကြသော ဒိန်းမတ်၊ ဆွီဒင်၊ စကော့တလန်နိုင်ငံများမှ ရခိုင်အမျိုးသားများကလည်း အင်တာနက်မှတဆင့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်းမှာ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော ရခိုင် အမျိုးသားများနှင့် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ အသင်းကြီး ဖြစ်ပြီး နိုင်ငံရေး မပါဘဲ ရခိုင် လူမူရေး သက်သက်ကို ဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။

အသင်း၏ ဌာနခွဲများမှာ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများတွင် တည်ရှိသည်။

အသင်းကြီး၏ ဥရောပဌာနခွဲ ပထမဆုံးညီလာခံကို ၂၀၀၇ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့ကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |