ဘင်္ဂလာဒေခ်ျ့မှ ရခိုင်ဒုက္ခသည် မိသားစု (၂) စု ကနေဒါသို့ ထွက်ခွာ
7/16/2009
အဖွဲ့ဝင် ၈ ဦးပါသော ရခိုင် ဒုက္ခသည် မိသားစု (၂) စုသည် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၏ အစီအစဉ်ဖြင့် ကနေဒါ နိုင်ငံတွင် အခြေချနေထိုင်ရန် အတွက် ယနေ့တွင် ဒက္ကားမြို့မှ ကနေဒါ နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်း ရရှိသည်။
ကနေဒါနိုင်ငံတွင် အခြေချခွင့် ရရှိသွားသော ရခိုင်ဒုက္ခသည် မိသားစုမှာ ဦးမြတ်ထွန်း( ဆရာမဲ)နှင့် ဒေါ်လှနုယဉ် မိသားစု ဖြစ်ပြီး သူတို့နှင့်အတူ ဦးမြတ်ထွန်း၏ ယောက္ခမ မိသားစုလည်း ပါဝင်သည်။
ဦးမြတ်ထွန်းမိသားစုမှာ မြောက်ဦးမြို့ဇာတိ ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ရောက်ရှိနေသော မိသားစု ဖြစ်ပြီး ဦးမြတ်ထွန်း ရခိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသူ တဦး ဖြစ်သည်။
ကနေဒါ နိုင်ငံသို့ မထွက်ခွာမှီ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် မြို့တွင် မြို့ပေါ် ဒုက္ခသည် အဖြစ် ရပ်တည်နေထိုင်ခဲ့ပြီး အဆိုပါ မြို့တွင် နေထိုင်စဉ် လုံခြုံရေးအရ ခြိမ်းခြောက်မူများ ရှိခဲ့သည်ဟု သိရသည်။
ယခု တကြိမ် ရခိုင်ဒုက္ခသည် မိသားစု နှစ်စု တတိယ နိုင်ငံတခုတွင် အခြေချ နေထိုင်ခွင့် ရရှိသွားခြင်းမှာ ၂၀၀၀ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင်က ရခိုင် ဒုက္ခသည် အုပ်စု နှစ်အုပ်စုမှာ သြစတြေးလျနှင့် နယ်သာလန် နိုင်ငံတို့တွင် အခြေချနေထိုင်ခွင့် ရရှိခဲ့သည်။
ယခုကဲသို့ ရခိုင်မိသားစု နှစ်စု ကနေဒါနိုင်ငံတွင် အခြေချ နေထိုင်ခွင့် ရရှိသွားသဖြင့် ကျန်ရခိုင်ဒုက္ခသည်များ အနေဖြင့်လည်း တတိယ နိုင်ငံ တခုခုတွင် အခြေချ ရပ်တည်နေထိုင်နိုင်ရေး အတွက် လမ်းစ ဖြစ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ရခိုင်မြို့ပေါ် ဒုက္ခသည် ၂၀၀ ကျော်ရှိပြီး အများစု ဒုက္ခသည်များမှာ ဘက်ပေါင်းစုံ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...







