• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ဗြိတိန်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပူးပေါင်း ပါဝင်ရန် ဘင်္ဂလာဒေ့ခ်ျကို တိုက်တွန်း


7/16/2009
Adjust font size:  

မောင်ရမ္မာ (နိရဉ္စရာ) မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာ့ အိမ်နီးချင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အတူ ပူးပေါင်း ပါဝင်သင့်ကြောင်း ဗြိတိန်က တိုက်တွန်း ပြောဆိုလိုက်သည်။

အဆိုပါ တိုက်တွန်းမူကို ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ဗြိတိသျှ ကော်မရှင်နာ မင်းကြီး စတီဖင် အီဗင့်က သူ၏ ကော်မရှင် သက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြို့တော် ဒက္ကားရှိ သတင်းထောက်များစည်းရုံးရေးအသင်း ခန်းမဆောင် တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား ထောက်ခံတဲ့ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ ပူးပေါင်း ဆောင်ရွက် လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဗြိတိသျှ ကော်မရှင်နာက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးအကျဉ်းချထားခြင်းအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက မတော်မတရားသည့် လုပ်ရပ်အဖြစ် ရှု့မြင်ကြပြီး သူမ၏ ကိုယ်ပိုင် လူ့အခွင့်အရေး နှင့် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ရရှိရေး အတွက် အိမ်နီးချင်း ဘင်္ဂလာဒေ့ခ်ျ အနေဖြင့်လည်း ပူးပေါင်းပါဝင် တောင်းဆိုသင့်ကြောင်း သူက ပြောသည်။

၎င်းပြင် သူက “ကျွန်တော်တို့ရဲ့ ဗြိတိန် အပါအ၀င် ဥရောပ၊ အမေရိက နဲ့ တခြား တိုင်းပြည်တွေက တောင်းဆို နေတာ ထက် ခင်ဗျားတို့လို အိမ်နီးချင်း တိုင်းပြည်တွေကသာ သူမရဲ့ ကိုယ်ပိုင် အခွင့်အရေးနဲ့ လွတ်မြောက်ရေးအတွက် တောင်းဆို မယ်ဆိုရင် ထူးခြားမှု တစုံတရာ ရှိလာနိုင်ပါတယ်” ဟု သူကဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် ကြားနေရေး နိုင်ငံခြားရေး မူဝါဒကို လက်ခံကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ ဒေါ်အောင်ဆန်း စုကြည်အတွက် တောင်းဆိုချက်များ ပြုလုပ်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ပြည်ထဲရေးကို ၀င်ရောက် စွက်ဖက်သလို ဖြစ်မနေဘူးလားဟု သတင်းထောက်များက မေးသောအခါ သူက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်လူ့အခွင့်အရေးကို လေးစားဖို့ တောင်းဆိုတာဟာ ကြားဝင် စွက်ဖက်တာ မဟုတ်ပါဘူး။” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနှင့် မြန်မာ နှစ်နိုင်ငံစလုံးသည် ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသဖြင့် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း သူက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြှောက်ရေးကို ကမ္ဘာ ထူထုက လိုလားသလို ဘင်္ဂလာဒေခ်ျ့ လူထုကလည်း လိုလားသဖြင့် ဒေါ်စု လွတ်မြှောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် တခြားနိုင်ငံများနှင့် အတူ လက်တွဲ တောင်းဆို ရာတွင် ပူးပေါင်း ပါဝင် သင့်ကြောင်း သူက အလေးအနက်ထား ပြောကြား သွားခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |