• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ရခိုင်ပြည်နယ် စက်မူနှင့် ကုန်သည်ကြီးများ အသင်းဥက္ကဌ ရသေ့တောင် မဲဆန္ဒနယ်မြေမှ ပါဝင် ယှဉ်ပြိုင်မည်


11/5/2009
Adjust font size:  

ရခိုင်ပြည်နယ် စက်မူနှင့် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးဘိုသိန်းသည် နအဖ စစ်အုပ်စုမှ ၂၀၁၀ ခုနှစ် တွင် ပြုလုပ်မည့် ရွှေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ရန် အတွက် မဲဆွယ် စည်းရုံးမူများကို စတင် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ရသေ့တောင်မှ အရပ်လူကြီး တဦးမှ ပြောသည်။

“ သူက အခု ချောင်းဝရပ်ကွက်က ဦးခင်မောင်ရွှေ (ကွယ်လွန်) အိမ်ကို ဌားရမ်းထားပြီး ရုံးခန်းအဖြစ်ဖွင့်လှစ်ကာ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ရွာသားတွေကို အ၀တ်လှူတာတို့ ဆန်လှူတာတို့ကို လုပ်ပြီး မဲဆွယ်မူတွေကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်” ဟုသူက ပြောသည်။

ဦးဘိုသိန်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင် ကျေးရွာ ဇာတိ ဖြစ်ပြီး နအဖ စစ်အစိုးရနှင့် နီးစပ်သူ တဦးဖြစ်သည်ဟု ဒေသအတွင်းလာသော သတင်းများအရ သိရသည်။

“ ဦးဘိုသိန်းက ခုတော့ နေပြည်တော်ကို သွားလိုက် ရသေ့တောင်ကို ပြန်လာလိုက်နဲ့ ခေါက်တုန့် ခေါက်ပြန်သွားလာနေတာကို တွေ့ရပါတယ်။ ရသေ့တောင်ကို ရောက်ရင် အနီးအနားက ကျေးရွာ ဖြစ်တဲ့ ပြင်ခေါင်၊ အ၀တာ၊ တောင်လမော်၊ ငတောက်တူချေ စတဲ့ ကျေးရွာတွေကို သွားပြီး အ၀တ်အထည်တွေ ဆန်တွေ လှူပြီး လူထုတွေကို စည်းရုံးနေတာကို တွေ့ရပါတယ်။ သူကတော့ လွတ်လွတ်လပ်လပ် စည်းရုံးမူတွေကို လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။” ဟုသူက ဆက်ပြောသည်။

ဦးဘိုသိန်းအနေဖြင့် တသီးပုဂ္ဂလ အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်လား (သို့မဟုတ်) ပါတီ တခုခုအောက်မှ ပါဝင် ယှဉ်ပြိုင်မည်လားဆိုသည်ကို တစုံတရာ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးကြောင်း သူက ပြောသည်။

ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွှေးကောက်ပွဲ ဥပဒေ မထွက်သေးသည့် အပြင် ပါတီများ မှတ်ပုံတင်ခြင်းကိုလည်း မပြုလုပ်ရသေးသည့် အချိန်တွင် ဦးဘိုသိန်း အနေဖြင့် ရသေ့တောင်မြို့နယ်တွင် မဲဆွယ် စည်းရုံး လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ရသေ့တောင် လူထု အနေဖြင့် အထူး အံ့သြနေကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တွင် လွှတ်တော် အမတ်နေရာ (၂) နေရာရှိပြီး ၁၉၉၀ ခုနှစ်ရွှေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့က တနေရာစီ အနိုင်ရရှိခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |