• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

နစကမှ ပစ်ခတ်၍ သစ်ဘုတ်သမား တဦးသေ၊ သုံးဦးဒဏ်ရာရ


11/9/2009
Adjust font size:  

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသို့ သစ်တင်ပို့ရန် ခုတ်မောင်း လာသည့် မော်တော်ဘုတ် တစီးကို နစက တပ်ဖွဲ့ တဖွဲ့မှ ပစ်ခတ် ဖမ်းဆီး သဖြင့် ဘုတ်သမား တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း အလောင်းနှင့် ဒဏ်ရာ ရသူများကို မောင်တော ဆေးရုံသို့ အခင်း ဖြစ်ပွားပြီးနောက် သယ်ယူလာခဲ့သည်ဟု မျက်မြင် တဦးက ပြောသည်။

“ည ၈နာရီလောက်မှာ ကားနဲ့ဆေးရုံကို ရောက်လာတယ်။ တဦးက သေနေပြီး နောက်တဦးက ခြေသလုံးကျိုးသွားတယ်။ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာ သိပ်မပြင်းဘူး။”

နစက နယ်မြေ ၇ စခန်းမှ တပ်ဖွဲ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအနီးတွင် ယမန်နေ့ (တနင်္ဂနွေ) နေ့လည်ပိုင်းက အဆိုပါ ဘုတ်ကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ပစ်ခတ်ခံရသည့် အချိန်တွင် သစ်ဘုတ် ပေါ်တွင် စုစုပေါင်း ဘုတ်သမား ၉ ဦး ရှိနေပြီး ထိုအထဲမှ တဦးမှာ သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရသူ ၃ ဦးမှာ ပဲ့ကိုင် ဦးဇော်ဝင်းနိုင်၊ ဦးပြည်သီးနှင့် တခြားတဦး ဖြစ်သည်။ ကျန် ၅ ဦးကို ယခုအခါ နယ်မြေ ၇ နစက စခန်းတွင် ချုပ်နှောင်ထား ကြောင်း သိရသည်။

ယခု နစကမှ မှောင်ခို စက်လှေများကို ပစ်ခတ်ဖမ်းဆီးခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး အောက်တိုဘာလ အတွင်း ကလည်း သစ်ဘုတ်တစ်စီးနှင့် နွားဘုတ်တစီးကို နတ်မြစ်အတွင်း နစကမှ ပစ်ခတ် ဖမ်းဆီးခဲ့သည်။

မြန်မာ နစကများသည် သူတို့အား ဆက်ကြေးမပေးဘဲ ဘင်္ဂလာဒေခ်ျ့သို့ မှောင်ခိုကုန်ပစ္စည်းများ တင်ပို့သည့် စက်လှေများ မော်တော်ဘုတ်များကို ယခုကဲ့သို့ ပစ်ခတ် ဖမ်းဆီးလေ့ရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မြန်မာသစ်များ ဈေးကောင်းရနေသည့်အတွက် ရခိုင်ပြည်ထွက်သစ် များနှင့် ဧရာဝတီ ဘက်မှ ထွက်ရှိသော သစ်များကို မြန်မာ သစ်မှောင်ခိုင်သမားများမှ စစ်အစိုးရ အရာရှိများနှင့် ပူးပေါင်းကာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့ ဆိပ်ကမ်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ နေကြသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |