• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ရခိုင်သဟာယ အသင်းမှ တက္ကသိုလ် ပညာသင်ဆု လျှောက်လွှာများ ခေါ်ယူ


11/11/2009
Adjust font size:  

ပညာသင်ဆုနှင့် ပညာ ထူးချွန်ဆုများကို နှစ်စဉ် ချီးမြှင့်ပေးနေသော ရခိုင်သဟာယ အသင်း ( ရန်ကုန်) မှ တက္ကသိုလ် ပညာ သင်ကြားရန် အခက်အခဲရှိသည့် ရခိုင်ကျောင်းသား ကျောင်းသူများအား ၂၀၀၉- ၂၀၁၀ ပညာသင်နှစ် အတွက် ပညာသင် ဆုများ ချီးမြှင့်နိုင်ရန် လျှောက်လွှာများ စတင်ခေါ် ယူနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ပညာသင်ဆုများကို လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၀ ခုနှစ် ဇန္န၀ါရီ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး လျှောက်ထား နိုင်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

လျှောက်လွှာများကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အသင်းတည်ရှိရာ ရန်ကုန်မြို့ တာမွေမြို့နယ် သမိန်ဗရမ်းလမ်း အမှတ် ၁၁၅ ပထမထပ်တွင် ရယူနိုင်ကြောင်း အသင်းဝင် တဦးက ပြောသည်။

ရခိုင်သာဟာယ အသင်းသည် ပညာသင်ကြားရန် အခက်အခဲ ရှိနေသော ရခိုင်ကျောင်းသားများကို ၁၉၆၁ ခုနှစ်မှ စပြီး နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်လာသော အဖွဲ့အစည်း တခုဖြစ်ပြီ်း ၂၀၀၈- ၀၉ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ် ကောလိပ် အဆင့်တွင် ရခိုင် ကျောင်းသား ကျောင်းသူ ၁၃၅ ဦးကို ပညာသင် ဆုများ ချီးမြှင့်ပေးခဲ့ပြီး အထက်တန်း အဆင့်တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကျောင်းသား ၃၄ ဦးကို ပညာသင်ဆု ထောက်ပံ့ပေးခဲ့သည်။

၎င်းပြင် ရခိုင်ပြည်နယ် ၁၄ မြို့နယ်မှ မူလတန်းအဆင့် ကျောင်းသား ၄၂၀ကိုလည်း ၂၀၀၈-၀၉ ခုနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့သည်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော သုံးမြို့နယ်ရှိ မူလတန်းကျောင်းသားများကို ယူနီဆက်မှ ကူညီပေးခဲ့သဖြင့် အဆိုပါ မြို့နယ်သုံးမြို့နယ်ရှိ မူလတန်း ကျောင်းသားများကို ၂၀၀၈-၀၉ ခုနှစ်တွင် ပညာသင်ထောက်ပံ့ဆု ချီးမြှင့်ခြင်း မရှိကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

၂၀၀၈-၀၉ ခုနှစ် ပညာသင်နှစ် အတွင်း တက္ကသိုလ် ကောလိပ် အဆင့်တွင် ရခိုင်လူမှုရေးအသင်း ( ဂျပန် ) မှ ( ၂၂ ) ဦး၊ ရခိုင်ဖေါင်ဒေးရှင်း ( စင်္ကာပူ ) မှ ( ၃၅ ) ဦး၊ ရခိုင်အမျိုးသားပညာရေး ရံပုံငွေအဖွဲ့  မလေးရှားမှ ( ၅ ) ဦး၊ ရခိုင်မိသားစု ( ကာတာ ) မှ ( ၃ ) ဦး၊ ရခိုင်သဟာယအသင်း ( ရန်ကုန် ) မှ ( ၆၅ ) ဦးနှင့်
MR. YOKO YAMA YOKO ဂျပန်မှ ( ၅ ) ဦး ချီးမြှင့် ပေးခဲ့သည်ဟု သိရသည်။

၎င်းပြင် အသင်းကြီးမှ ရခိုင်ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ဆုများ ထောက်ပံ့ လှူဒါန်း လိုသူများအားလည်း အသင်းကြီးနှင့် ဆက်သွယ် လှူဒါန်းရန် ဆော်သြထားကြောင်း သိရသည်။

ရခိုင်သဟာယ အသင်းကို ၁၉၆၁ ခုနှစ် ဇူလှိုင်လ ၈ ရက်နေ့တွင် ပုဇွန်တောင် အစိုးရ တန်းမြှင့်ကျောင်း ခန်းမဆောင်တွင် ပြုလုပ်သော ရခိုင်ဆိုရှယ် ကလပ် သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခင်က တည်ရှိနေသော ရခိုင်ဆိုရှယ်ကလပ်မှာ ခေတ်နှင့် မလျော်ညီ သဖြင့် ရခိုင်သာဟာယ အသင်းသို့ ပြောင်းလဲ ဖွဲ့စည်းခြင်း ဖြစ်ပြီး အသင်း၏ ပထမဆုံး ဥက္ကဌကြီးမှာ ဦးစိန်ညိုထွန်း (အိုင်စီအက်စ်) ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးမှာ ဦးစောမြအောင် (တရားသူကြီး) တို့ဖြစ်ကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |