• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ကားမှောက်၍ လာဒါစခန်းမှ ဒုက္ခသည် ၁ ဦးသေဆုံး


11/22/2009
Adjust font size:  

မောင်အေး (နိရဉ္စရာ) ဘင်္ဂလားဒေခ်ျ့ နိုင်ငံ တက်ကနက် မြို့နယ်အတွင်း အလုပ်သားများကို ပို့ဆောင်သည့် ကားတစီး တိမ်းမှောက်သွားသဖြင့် အနည်းဆုံး မြန်မာနိုင်ငံမှ ဒုက္ခသည် ၁ ဦးသေဆုံးပြီး လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိသွားသည်။

အဆိုပါ ကားမှာ တနင်္ဂနွေနေ့ နံနက် ၉ နာရီခန့်တွင် လာဒါ ဒုက္ခသည် စခန်းမှ ပြင်ပသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်သည့် ဒုက္ခသည်များကို တင်ဆောင်ပြီး မောင်းနှင်လာစဉ် တက်ကနက်မြို့နယ် ဇာတီမော်ကျေးရွာ အနီးတွင် တိမ်းမှောက် သွားခြင်းဖြစ်သည်။

ဇာတီမော် ကျေးရွာသား တဦးက “မှောက်သွားတဲ့ ကားကတော့ ဒေသအတွင်း ခရီးသည်တွေကို တင်ပို့နေတဲ့ ဂျစ်ကားပါ။ မြန်မာနိုင်ငံက ဒုက္ခသည် တဦးကတော့ ပွဲချင်းပီး သေဆုံးသွားပါတယ်။ နောက်ထပ်အနည်းဆုံး ၁၅ ဦးခန့် ဒဏ်ရာ ရသွားပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ လာဒါ ဒုက္ခသည် စခန်း
Block C အခန်းနံပါတ် ၂၂ တွင်နေထိုင်သူ အာလီ ဖြစ်သည်ဟု တခြား ဒုက္ခသည် တဦးက အတည်ပြုပြောဆိုသည်။

၎င်းပြင် သူက “ ဒဏ်ရာရတဲ့သူ ၁၅ ယောက် အထဲက ၄ ယောက်ကတော့ တအား စိုးရိမ်ရတဲ့ အတွက် တက်ကနက် ဆေးရုံမှာ အတွင်းလူနာ အဖြစ်တင်ထားရပါတယ်။ သူတို့ အခြေအနေလည်း စိုးရိမ်ရတယ်လို့ ကြားရပါတယ်” ဟု ပြာသည်။

လာဒါ ဒုက္ခသည် စခန်းမှာ တက်ကနက်မြို့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ နောက်ပိုင်း ၀င်ရောက်လာသော မူဆလင် ဒုက္ခသည်များကို အဆိုပါ စခန်းတွင် လက်ခံထားသည်။

သို့သော်လည်း အဆိုပါ စခန်းကို ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ် ပြုမူ မရှိသည့် အပြင် ဆန် ဆီ ဆား စသည့် ရိက္ခာများလည်း ထောက်ပံ့ပေးမူလည်း မရှိသဖြင့် သူတို့မှာ စားဝတ်နေရေး အတွက် အဆိုပါ စခန်းမှ အပြင်သို့ ထွက်ပြီး နေ့စား အလုပ်သမားများ အဖြစ် လုပ်ကိုင်ကြရသည်။

အဆိုပါ စခန်းတွင်လည်း ဒုက္ခသည် တသောင်းကျော်ရှိကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |