• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ရခိုင်အမျိုးသမီးများ အကြမ်းဖက်ခံရမူ တိုးတက်လာမူ မရှိသေး


11/26/2009
Adjust font size:  

မောင်အေး (နိရဉ္စရာ) ရခိုင်အမျိုးသမီးများ အပေါ် အကြမ်းဖက် ခံရမူမှာ ယခုအချိန်ထိ တိုးတက်လာမူ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး စောမာမာကျော်ဇောက ပြောသည်။

“ ရခိုင်အမျိုးသမီးတွေဟာ နအဖ စစ်အာဏာရှင် လက်အောက်မှာ အစိတ်အပိုင်းနေရာ အတော်တော်များမှာ ခုချိန်ထိ အကြမ်းဖက်ခံနေရတုန်း ဖြစ်ပါတယ်။ အဲသလို အကြမ်းဖက်မူကနေ တိုးတက်မူတွေ ရှိလာသလားဆိုတော့ ခုချိန်ထိ တိုးတက်မူတွေ မရှိသေးဘူး။ အဲဒီအတွက်ကြောင့် ကျွန်မတို့ အနေနဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မူတွေ ပပျောက်လာအောင် တတ်နိုင်တဲ့ နေရာကနေပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေပါတယ်။”

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျဌာနခွဲမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားမြို့တွင် နိုဝင်္ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။

“ ကျွန်မတို့ အနေနဲ့ ဒီလို အခမ်းအနားတွေကို ကျင်းပရတာဟာ ကမ္ဘာအနှံ့ အပြားမှာ အမျိုးသမီးတွေကို အကြမ်းဖက်မူတွေ ရှိနေတယ်။ ဒါကို မီးမောင်းထိုးပြလိုတဲ့အတွက် ခုလို အခမ်းအနားမျိုးတွေကို ကျင်းပရတာ ဖြစ်ပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသမီးထု တရပ်လုံးကိုလည်း ကျွန်မတို့နဲ့ အတူ အမျိုးသမီးတွေ အကြမ်းဖက်မူ ပပျောက်ရေးမှာ ပူးပေါင်း ပါဝင် လက်တွဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု သူမက ပြောသည်။

ရခိုင်ပြည်နယ်တွင် နအဖ စစ်အစိုးရ အာဏာရရှိလာသည့် အချိန်မှ စပြီး သက်ဆိုင်ရာ စစ်တပ်များမှ ရခိုင်အမျိုးသမီးများအပေါ် အကြမ်းဖက်မူများ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဘင်္ဂလာဒေ့ခ်ျ တာဝန်ခံ စောမီမီသန်းက “ ရခိုင်အမျိုးသမီးတွေ အပေါ် ဒေသအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်တွေက အနိုင်ကျင့် စော်ကားတာတွေ၊ အတော်မတရား လုပ်တာတွေ၊ အာဏာကို ပြပြီး အတင်း လက်ထပ် ယူတာတွေဟာ ရခိုင်ပြည်နယ် နေရာအတော်များများ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို သက်ဆိုင်ရာ နအဖ အာဏာပိုင်တွေက ကာကွယ်ပေးတာတွေ မရှိသလို အမျိုးသမီး တန်းတူ အခွင့်အရေး ဆိုတာလည်း ခုချိန်ထိ စနစ်တကျ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာ မရှိသေးဘူး။ ခုရေးဆွဲထားတဲ့ နအဖ ဖွဲ့စည်းပုံထဲမှာလည်း အမျိုးသမီးတွေအတွက် ဘာမှ ထူးခြားတဲ့ အခွင့်အရေးတွေကို ထည့်သွင်းရေးဆွဲထားတာ မရှိပါဘူး” ဟု ပြောသည်။

အခမ်းအနားသို့ ရခိုင်အမျိုးသား အမျိုးသမီး ၇၀ ခန့်တက်ရောက်ခဲ့ပြီး နွားရုံတောင် ကျေးရွာမှ ကျောင်းသူများက ငြိမ်းချမ်းရေး သီချင်းများ သီဆို ဖြေဖျော်ခဲ့ကြပြီး ကျပန်း စကားပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

နိုဝင်္ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခု ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင်ကျင်းပသည့် ကမ္ဘာ့ကုလ သမဂ္ဂ ၅၄ ကြိမ်မြောက် မျက်နှာစုံညီ ထွေထွေညီလာခံ၏ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းဝေးမှ သတ်မှတ်ခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |