• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

သင်္ဘောနစ်မြုပ်၍ အိဒ်ပွဲတော် အိမ်ပြန်သူ ၃၀ ကျော် သေဆုံး


11/28/2009
Adjust font size:  

မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အိဒ်ပွဲတော် အိမ်ပြန်သူများကို တင်ဆောင်လာသော သင်္ဘောတစီး နစ်မြုပ်သွားသဖြင့် အနည်းဆုံး လူပေါင်း ၃၀ ကျော်သေဆုံးသွားခဲ့သည်။

ရဲတာဝန်ရှိသူ တဦးက “ သင်္ဘောက သောကြာနေ့ ညဥ့်မှာ နစ်မြုပ်သွားခဲ့ပါတယ်။ အခုအချိန်ထိ အလောင်း ၃၇ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ၁၀၀ ကျော်က ပျောက်ဆုံးနေပါတယ်” ဟု ပြောသည်။

နစ်မြုပ်သွားသော သင်္ဘောမှာ အမ်းဗွီ ကိုကို ၄ ဖြစ်ပြီး ဘိုဂါရာခရိုင် တန်တူလီယာ မြစ်တွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက သင်္ဘောမှာ ခရီးသည် ၆၅၀ သာ တင်ဆောင်နိုင်သော်လည်း လူပေါင်း ၂၀၀၀ ကို တင်ဆောင်ခုတ်မောင်းရာမှ နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘာသာရေး အိဒ်ပွဲတော်အတွင်း ခရီးသွားရေ ယာဉ်များအနေဖြင့် ယခုကဲ့သို့ ခရီးသည်များကို အဆမတန် တင်ဆောင်သဖြင့် မကြာခဏ နစ်မြုပ်လေ့ရှိသည်။

ယခုကဲ့သို့ သင်္ဘော နစ်မြုပ်၍ လူအများအပြား သေဆုံးသွားသဖြင့် အစိုးရမှ သင်္ဘောနစ်မြုပ်မူကို စစ်ဆေးရန် သုံးဦးပါ ကော်မီတီ တရပ်ကို ဖွဲ့စည်းလိုက်သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |