• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

အစိုးရ ဌာနဆိုင်ရာ ၅ ခုမှ အခွန်ကောက်၍ ဘူးသီးတောင်မြို့နယ်တွင် ဆန်စက်ပိုင်ရှင်များ အခက်ကြုံ


12/29/2009
Adjust font size:  

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စပါးကြိတ်စက် ပိုင်ရှင်များထံမှ အစိုးရ ဌာနဆိုင်ရာ (၅) ခုက အခွန်သုံးဆခန့် တိုးမြှင့်ကောက်ခံသည့်အတွက် စက်ပိုင်ရှင်များမှာ အခက်အခဲဖြစ်နေ ကြသည်ဟု သတင်း ရရှိသည်။

လွန်ခဲ့သည့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်က ဌာနဆိုင်ရာ (၄) ခုက ဆန်စက် တလုံးစီမှ အခွန်ငွေ ၄၇၅၀၀ ကျပ် ကောက်ခံခဲ့သော်လည်း ၂၀၀၉- ၂၀၁၀ ခုနှစ်တွင် ဌာနဆိုင်ရာ (၅) ခုထိ တိုးလာပြီး ကျပ်ငွေ ၁၄၇၀၀၀ အထိ တိုးမြှင့်ကောက်ခံနေသည်ဟု ဘူးသီးတောင်မြို့မှ ဆန်စက်ပိုင်ရှင် တဦးက နိရဉ္စရာသို့ ပြောသည်။

“၂၀၀၈- ၂၀၀၉ မှာ ပြည်အတွင်းအခွန်ကို ၁၅၀၀၀ ကျပ်၊ မယကကို ၂၅၀၀၀ ကျပ်၊ စက်မှု(၁) ၀န်ကြီးဌာနကို ၁၂၀၀၀ ကျပ်၊ ကုန်သွယ် လယ်ယာကို ၅၀၀၀ ကျပ် -- စုစုပေါင်း ၅၇၀၀၀ ကျပ်အထိ ဆန်စက် တလုံးကို ပေးသွင်းခဲ့ရပါတယ်။”

၎င်းပြင်သူက “ ၂၀၀၉- ၂၀၁၀ မှာတော့ သုံးဆထိ တိုးလာပြီး ပြည်တွင်း အခွန်က ၄၀၀၀၀ ကျပ်၊ မယကက ၆၀၀၀၀ ကျပ်၊ စည်ပင် ကို ၁၅၀၀၀ ကျပ်၊ ကုန်သွယ်လယ်ယာက ၂၀၀၀၀ ကျပ်၊ စက်မှု(၁)ကို ၁၂၀၀၀ ကျပ် သွင်းရမယ်လို့ အမိန့်ထုတ် ထားပါတယ်။ စုစုပေါင်း ၁၄၇၀၀၀ ကျပ်အထိ တိုးမြှင့် တောင်းခံထားပါတယ်။”ဟု ပြောသည်။

ယခု ကောက်ခံသည့် အခွန်ငွေကို ဒီဇင်္ဘာလ လ ၁၀ ရက်နေ့ နောက်ဆုံး ပေးသွင်းရန် ပြည်တွင်း အခွန်က ဒီဇင်္ဘာလ ၂ ရက်နေ့က စာထုတ်ခဲ့ပြီး မပေးသွင်းသူများကို ရာဇသတ် ပုဒ်မ ၁၇၄ ဖြင့် ပြည်တွင်းအခွန် ဦးစီးဌာနမှ တရားစွဲဆိုမည်ဟု သူကပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် တည်ရှိသော ဆန်စက်များမှာ အသေးစား ဆန်စက်များဖြစ်ပြီး စပါးတင်း ၁၀၀ ကြိတ်ခွဲလျှင် ၁၅၀၀၀ ကျပ်သာ ရရှိပြီး ဆီဈေးမှာလည်း ကြီးမြှင့်နေသဖြင့် ဆန်စက်ပိုင်ရှင်များ အနေဖြင့် တွက်ခြေ မကိုက် ဖြစ်နေသည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်ဆန်စက်အလုံးပေါင်း ၂၀၀ ခန့်ရှိပြီး အများစု ဆန်စက် ပိုင်ရှင်များမှာ ဌာနဆိုင်ရာ (၅) ခုက တောင်းသော အခွန်ငွေကို မပေးသွင်းနိုင်သဖြင့် တရားစွဲဆိုမည်ကို စိုးရိမ်သောကြောင့် စပါးရာသီတွင် စပါး မကြိတ်နိုင်ဘဲ တိမ်းရှောင်နေကြသည်ဟု သိရှိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |