• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ရိုဟင်ဂျာများကို လိုက်ထုတ်ပြီး ဒေသခံများကို အလုပ်ပေးရန် ဘင်္ဂလာဒေခ်ျ့ ကျောင်းသား နှင့် လူငယ်များက ဆန္ဒပြ


1/26/2010
Adjust font size:  

ကျော်နိုင် (ကော့စ်ဘဇား) မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက် နေထိုင်သော ရိုဟင်ဂျာ ဆိုသူများကို ဘင်္ဂလာမှ လိုက်ထုတ်ပြီး အဆိုပါ လစ်လပ်သွားသော နေရာများတွင် ဒေသခံ အလုပ်သမားများကို အလုပ်ပေးရန် အတွက် အိုခီးယားမြို့ (Ukhiya) တွင် ဒေသခံ ကျောင်းသားနှင့် လူငယ်များက ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို ဇန္န၀ါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်ဟု ဒေသခံ ကျောင်းသား တဦးက ပြောသည်။

ဆန္ဒပြပွဲတွင် အိုးခီးယားမြို့ ကျောင်းသား ခေါင်းဆောင် မူဟာမတ် ဇာဖေါရ်၊ ဇါမာလ် အူဒိန်၊ အာဘ်ဒူလ် ကောရိမ်၊ အာက်တာရ် ကာမာလ်နှင့် ဘောချိရ် အဟာမတ် ရှာဟာဇင် နှင့် တခြား ဒေသခံ လူငယ် ခေါင်းဆောင်များ တက်ရောက်ပြီး မေးခွန်း စကားများ အသီးသီး ပြောခဲ့ကြသည်ဟု သိရှိရသည်။

ဆန္ဒပြပွဲတွင် ကျောင်းသား အဖွဲ့မှ ခေါင်းဆောင် တဦးက ယခုကဲ့သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၁၉၉၀ မှ စပြီး မြန်မာနိုင်ငံမှ ရိုဟင်ဂျာလို့ ခေါ်တဲ့ မြန်မာနိုင်ငံသားတွေ ၀င်ရောက်ချိန်မှ စပြီး အိုခီးယားနဲ့ တက်ကနက် မြို့နယ်တွေ အတွင်းမှာ ဆန်၊ ပဲ ၊ စားဆီ၊ စက်သုံးဆီနဲ့ တခြား အိမ်သုံး ကုန်ပစ္စည်းတွေ မလုံမလောက် ဖြစ်လာပြီးတော့ ကုန်ဈေးနုန်းတွေလည်း တက်လာခဲ့တယ်။ ပီးရင် အိုခီးယား မြို့နယ် အတွင်းမှာ သူခိုး၊ ဓါးပြ အပါ အ၀င် မှောင်ခို စီးပွားရေးနဲ့ တခြား တရားမ၀င်တဲ့ အလုပ်တွေ တိုးပွားလာတာကို တွေ့ရှိလာရတယ်။ ဒါကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံက တရားမ၀င် ၀င်ရောက် နေထိုင် သူတွေကို ဘင်္ဂလာဒေခ်ျ့က နေပြီးတော့ အမြန်ဆုံး နှင်ထုတ်ရန်အတွက် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။”

၎င်းပြင် အဆိုပါ ဆန္ဒပြပွဲတွင် အိုခီးယာရှိ ဘွဲ့ရ ကျောင်းသားနှင့် တခြား ဒေသခံ အလုပ်သမားများကို မြန်မာ ဒုက္ခသည် စခန်းများတွင် အလုပ် လုပ်ကိုင်နေကြသော
NGO နှင့် တခြား အဖွဲ့အစည်းများတွင် ရာခိုင်နုန်းပြည့် အလုပ်ခန့်အပ် ပေးရန် တောင်ဆိုသွား ကြသည်ဟုလည်း သတင်း ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |