• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ကျွန်းပေါက်ဆင်ဦး ကျေးရွာသားများ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခံနေရ


1/29/2010
Adjust font size:  

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကျွန်းပေါက် ဆင်ဦးကျေးရွာသားများကို ကျေးရွာရယက ဥက္ကဌဟောင်းတဦးက ဒေသခံ နစက အရာရှိများနှင့် ပူးပေါင်းပြီး အတင်း အဓမ္မ လုပ်အားပေး စေခိုင်းနေသည်ဟု အဆိုပါ ကျေးရွာသား တဦးက ပြောသည်။

“ ကျွန်တော်တို့ရွာက ဆင်းရဲသားတွေကို ယခင် ရယက ဥက္ကဌဟောင်း ဦးမာမောက်ဆွေယုက နစက နယ်မြေ (၄) က အရာရှိတွေနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်တဲ့နေရာမှာ အတင်း အဓမ္မ စေခိုင်း နေပါတယ်။ ပိုက်ဆံလည်း မရပါဘူး။ မလုပ်ရင် ဖမ်းမယ် ဆီးမယ် ဆိုတာနဲ့ လူတွေက ကြောက်ပီး နေ့စဉ် နေ့တိုင်း သူတို့ သစ်မှောင်ခိုထုတ်တာမှာ သွားပီး လုပ်အားပေးနေရပါတယ်။”

ဥက္ကဌဟောင်း ဦးမာမောက်ဆွေယုမှာ ကျွန်းပေါက် ပြုစု ကျေးရွာအုပ်စုမှ ယခင် ရယက ဥက္ကဌ ဟောင်းဖြစ်ပြီး နစက နယ်မြေ ၄ လိပ်ရ စခန်းမှ အရာရှိများ အပါအ၀င် ဒေသဆိုင်ရာ အရာရှိများနှင့် အထူးရင်းနှီးသူ တဦးဖြစ်သည်။

“ အဲဒီ ဥက္ကဌဟောင်းက ကျွန်းပေါက် ပြုစု ကျေးရွာအနီးမှာ ရှိတဲ့ တောင်တွေက သစ်တွေကို အာဏာပိုင်တွေနဲ့ ခုတ်လှဲပြီး တဘက်နိုင်ငံ ဘင်္ဂလာဒေခ်ျ့ကို မှောင်ခိုပို့ပါတယ်။ အဲသလို သစ်တွေ ခုတ်လှဲတဲ့ အခါ အဲဒီ အုပ်စု အတွင်းမှာရှိတဲ့ ကျွန်းပေါက် တောင်ဦးကျေးရွာက ရွာသားတွေကို နေ့စဉ် ခေါ်ပြီး ပိုက်ဆံ မပေးဘဲ ခိုင်းပါတယ်။ တနေ့မဟုတ်ပါဘူး။ အဲသလို နေ့တိုင်းလိုလို ခိုင်းနေတဲ့အတွက် မိသားစု (၈) စုလောက်က ဘာအလုပ်မှ မလုပ်နိုင်တော့ အခု ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးမယ်ဆိုပီး လုပ်နေတာ ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

သို့သော်လည်း အဆိုပါ ကျေးရွာရှိ မူဆလင် ခေါင်းဆောင်များက လက်ရှိ ဘင်္ဂလာဒေခ်ျ့တွင် အခြေအနေမကောင်းကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိသွားပါကလည်း ပြန်လည် နှင်ထုတ်ခံရနိုင်ကြောင်း ပြောဆိုထား၍ ယခုအခါ ထွက်မပြေးဘဲ ရှိနေကြောင်း တခြား ကျေးရွာ ခေါင်းဆောင် တဦးကလည်း နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“သူတို့ မခံနိုင်လို့ ဟိုဘက်နိုင်ငံကို ထွက်ပြေးသွားရင် အခြေအနေက ဘင်္ဂလာမှာ ပိုဆိုး သွားနိုင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ခုလုပ်အားပေးစေခိုင်းနေတာကို ရပ်တန့်အောင် လုပ်ပေးမယ် ထွက်မပြေးနဲ့ ဆိုပြီး ပြောထားပါတယ်။ ဒီကိစ္စ အထက်ကို တိုင်ရင်လည်း ဘာမှ လုပ်ပေးမှာ မဟုတ်တဲ့ အပြင် အရိုက်ခံရနိုင်တဲ့ အတွက် ကျွန်တော်တို့မှာ အခက်ကြုံနေရပါတယ်။”

ယခုကဲ့သို့ လုပ်အားပေး စေခိုင်းခံနေရမူကြောင့် ကျေးရွာသားများ အနေဖြင့် အခက်ကြုံနေရသဖြင့် အဆိုပါ ကိစ္စကို အထက်လူကြီးများ သိရှိအောင် ပြည်ပ မီဒီယာများမှ တဆင့် တင်ပြနိုင်ရန် စီစဉ် နေသည်ဟုလည်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ အလုပ်မတရားခိုင်းစေမူကြောင့် ကျွန်းပေါက် တောင်ဦးကျေးရွာမှ ဦးနာဇူ (၄၀ နှစ်) မှာ ယခုလ ပထမအပတ်က သစ်ထုတ်လုပ်ရာတွင် သေဆုံးသွားခဲ့ပြီး ရဲကိုတိုင်ကြားထားသော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

ယခုကဲ့သို့ နအဖ အရာရှိများနှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ မူဆလင် ခေါင်းဆောင် တချို့ကြောင့် ဒေသခံ မူဆလင် ဆင်းရဲသားများမှာ ကျေးရွာအများအပြားတွင် အခက်အခဲများနှင့် ကြုံတွေ့ နေကြရသည်ဟု သူက ဆက်ပြောသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |