• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

မြန်မာ မူဆလင် ဒုက္ခသည် တဦးကို ဒေသခံများက ဓါးနှင့် ၀ိုင်းခုတ်


1/29/2010
Adjust font size:  

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကိုတောပလောင် ဒုက္ခသည် စခန်းမှ မြန်မာ မူဆလင် ဒုက္ခသည် တဦးကို ဒေသခံ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသားများက ဓါးဖြင့် ၀ိုင်းခုတ်သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး ယခုအခါ ဆေးရုံတင်ထားရသည်ဟု စခန်းမှ ဒုက္ခသည် တဦးဖြစ်သူ ကိုဘင်အာလီက ပြောသည်။

“ သူ့ကို ဓါးနဲ့ ၀ိုင်းခုတ်တဲ့အတွက် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပါတယ်။ ဒဏ်ရာက ငါးချက်တောင် ရပါတယ်။ အခု သူ့ကို ဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ အိုင်ပီဒီ ဆေးရုံမှာ တင်ထားရပါတယ်။ အခြေအနေက တအားဆိုးပါတယ်” ဟုသူက ပြောသည်။

ဓါးခုတ်ခံရသူ မြန်မာ့ ဒုက္ခသည်မှာ ဦးမူစတာ ကာမဲလ် (အသက် ၅၀ နှစ်) ဖြစ်ပြီး သူ၏ ဒုက္ခသည် ကဒ်ပြား အမှတ်မှာ ၄၉၅၈၄ ဖြစ်သည်။

ပြဿနာ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ သူက ကိုတော့ပလောင်စခန်း
Block F မှာနေထိုင်ပါတယ်။ သူ့ရဲ့သားက တောထဲ ထင်းသွားခွေ တာကို လိုက်ရှာရာကနေ ဒေသခံ ဘင်္ဂလီတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတာပါ။ အဓိကတော့ သူ့ဆီမှာ ကိုင်ထားတဲ့ မိုဘိုင်းဖုံးကို လိုချင်တဲ့အတွက် သူ့ကို ခုတ်တာ ဖြစ်ပါတယ်။ သူ့ဆီက မိုဘိုင်းဖုံးကို လူ ၁၂ ယောက်က ၀ိုင်းပီးလုပါတယ်။ မရတော့ ပါလာတဲ့ တယောက်က ဓါးနဲ့ ခုတ်ပါတယ်။ နောက်တော့ သူ့ဆီက မိုဘိုင်းကို သူတို့ လုယူသွားကြပါတယ်။”

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ဘင်္ဂလာရဲအဖွဲ့မှ ရောက်ရှိလာပြီး ဓါးဖြင့် ခုတ်သူများကို လိုက်ရှာသော်လည်း ရှောင်တိမ်းသွားကြသဖြင့် မည်သူ တဦးတယောက်ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

ယခုအခါ ဒေသခံ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ လာရောက်သူ မူဆလင် ဒုက္ခသည်များ အကြား ဆက်ဆံရေး အထူးတင်းမာနေပြီး ယခု တိုက်ခိုက်မူမှာ အဆိုပါ တင်းမာမူ၏ အကျိုးဆက် ဖြစ်နိုင်သည်ဟု ဒေသခံ တဦးက ပြောသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |