• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာခရီးစဉ် အတွင်း ရခိုင်ပြည်နယ်သို့ သွားမည်


1/29/2010
Adjust font size:  

မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် လာမည့် ဖေဖေါ်ဝါရီလအတွင်း ပြုလုပ်မည့် သူ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်မည်ဟု သိရသည်။

သူ၏ ခရီးစဉ်အား ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ၂၀ရက်နေတွင် အဆုံးသတ်မည် ဖြစ်သည်။

မစ္စတာ ကင်တေးနားသည် ရခိုင်ပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေကြသော မူဆလင် ဘာသာဝင်များ၏ အခြေအနေများနှင့် လူအခွင့်အရေး အခြေအနေများကို သွားရောက် လေ့လာမည် ဖြစ်သည်။

မစ္စတာ ကင်တေးနားသည် သူ၏ ခရီးစဉ်အတွင်း နအဖ စစ်အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခွင့် ရရှိရန် စစ်အစိုးရအား တောင်းဆိုးထားသည်ဟု ဘီဘီစီနှင့် တွေ့ဆုံခန်း တခုတွင် သူက ပြောသည်။

ယခု ခရီးစဉ်၌ တွေ့ရှိချက်များကို လာမည့် မတ်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်မည့် လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံသွားမည်ဟုလည်း သိရသည်။

မစ္စတာ ကင်တေးနားသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ခုနှစ်တွင် ခန့်အပ်ခံရပြီး ယမန်နှစ် ဖေဖေါ်ဝါရီလ အတွင်းက ဒုတိယအကြိမ် အဖြစ် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သည်။

ယမန်နှစ်က ကုလသမဂ္ဂထံ တင်သွင်းခဲ့သော မစ္စတာ ကင်တေးနား၏ အစီရင်ခံစာတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် လွှတ်ရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို လုပ်ဆောင်ရန် တောင်းဆို တင်ပြခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |