• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

DVB သတင်းထောက် တဦးကို နှစ်ရှည် ထောင်ဒဏ်ချမှတ်


1/30/2010
Adjust font size:  

မင်းဆက်ခိုင်(နိရဉ္စရာ) ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနမှ ပြည်တွင်း တီဗွီသတင်း ထောက်တဦးကို နအဖ တရားရုံး တခုမှ ထောင်ဒဏ် ၁၃နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ချမှတ်ခံရသူမှာ ကိုငွေစိုးလင်းဖြစ်ပြီး ယခုလ ၂၇ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုငွေစိုးလင်းအား အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃ (က)၊ လူဝင် မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဇွန်လ အတွင်းက ကိုငွေစိုးလင်းအား အင်တာနက်ဆိုင် တဆိုင်မှ အပြန်တွင် ဒေသခံ အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်းပြီး အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခဲ့သည်။

၎င်းအပြင် ၂၀၀၉ခုနှစ် စက်တင်္ဘာလ အတွင်းက ဖမ်းဆီးခဲ့သော
DVB သတင်းထောက် မလှလှဝင်း ကိုလည်း ယခုလ အစောပိုင်းက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

ကိုငွေစိုးလင်းသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော မိဘမဲ့ ကလေးငယ် များအကြောင်း မှတ်တမ်း ဗွီဒီယို ရိုက်ကူးခဲ့၍ ၂၀၀၉ ခုနှစ်
Rory Peck Awards ဗီဒီယို ကင်မရာ သတင်းသမား ဆုကို ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၇၇ဦး ရှိနေပြီ ဖြစ်သည်ဟု ယမန်နေ့ ရက်စွဲဖြင့်
AAPP - နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းမှ ထုတ်ဝေသော နှစ်ပတ်လည် အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

သတင်းသမားများကို ဖမ်းဆီးထောင်ချပြီး ဖိနှိပ်ချုပ်ချယ်မှု နေရာတွင် မြန်မာနိုင်ငံသည် အဆိုးဆုံး ၅ နိုင်ငံ စာရင်းထဲတွင် ပါဝင်နေသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ် ပေးရေးအဖွဲ့
(CPJ) က ၂၀၀၉ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |