• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ပုဏ္ဏားကျွန်း-ကျောက်တော် ရထားလမ်းပိုင်း ဖေါက်လုပ်ရာတွင် အလုပ်သမားတဦး သေဆုံး


1/30/2010
Adjust font size:  

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် အတွင်းရှိ ပုဏ္ဏားကျွန်း-ကျောက်တော် ရထားလမ်းပိုင်းကို ဖေါက်လုပ် နေရာတွင် အလုပ်သမား တဦး ရေထဲလိမ့်ကျ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မူဆလင် အမျိုးသား မော်တူဆောင်း ဆိုသူဖြစ်သည်ဟု ရထားလမ်း ဖေါက်လုပ်ရာတွင် အလုပ် လုပ်ကိုင်နေသူ စာရေး တဦးက ပြောသည်။

"သေဆုံးသွားတဲ့သူကတော့ မူဆလင်အမျိုးသား တဦးပါ။ အဲဒီလူဟာ ပုဏ္ဍားကျွန်းမြို့နယ်ထဲက မိုရာနဲ့ ဒေးဝန်း အကြားက ရထားလမ်းကို ရေတိုက်စားရင် မပြိုပျက်ရအောင် ကာရံနေတဲ့ ကွန်ကရက်တိုင်ကြီးတွေကို စိုက်ထူ နေတဲ့ နေရာမှာ မောင်းတံပြုတ်ကျရာက သူ့ကို ရိုက်မိပြီး ရေထဲကို ပြုတ်ကျ သေဆုံးသွားတာ ဖြစ်ပါတယ်။"

သေဆုံးသူမှာ စစ်တွေမြို့နယ် ကသည်းရွာမှ ဖြစ်ပြီး ဇန္န၀ါရီလ ၁၈ ရက်နေ့က သေဆုံး သွားခြင်း ဖြစ်သည်။

သူ၏ အလောင်းကို သေဆုံးပြီး ၂ရက်အကြာ ဇန္န၀ါရီလ ၂၀ ရက်နေ့က ပြန်လည်တွေ့ရှိပြီး သက်ဆိုင်ရာမှ စစ်တွေဆေးရုံ ကြီးသို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။

သေဆုံးသွားသူ အလုပ်သမား အတွက် ယခုအချိန်ထိ လျော်ကြေး တစုံတရာ ပေးခြင်းမရှိသေးဟု စုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် အမ်း ရထားလမ်းကို ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်ဖေါက်လုပ်ခဲ့ရာ ယခုအခါ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း၊ ပုဏ္ဏားကျွန်း-ကျောက်တော်လမ်းပိုင်း၊ ကျောက်တော်-မြောက်ဦး-မင်းပြား လမ်းပိုင်းနှင့် မင်းပြား-အမ်း လမ်းပိုင်းဟူ၍ အပိုင်းလေးပိုင်း သတ်မှတ်ပြီး ဖေါက်လုပ် နေသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |