• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ဂတ်စ် ပိုက်လိုင်း တည်ဆောက်ရေး အတွက် ပင်လယ် ရေပြင် တိုင်းတာမည်


1/31/2010
Adjust font size:  

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်မှ ထွက်ရှိသော ဂတ်စ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ တင်ပို့ရန် တည်ဆောက်မည့် ဂတ်စ်ပိုက်လိုင်း အတွက် ရေပြင် တိုင်းတာမူ တရပ်ကို ကျောက်ဖြူ ဒေသတ၀ိုက်တွင် မနက်ဖြန်မှ စတင် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

အဆိုပါ တိုင်းတာမှုကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၇ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ စစ်အစိုးရက ကျေညာသည်။

အဆိုပါ ကျေညာချက်ထဲတွင် ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူ ဒေသတဝိုက်တွင် သွားလာနေသော ကုန်တင်ယဉ်များ၊ စက်တပ် သဗ္ဗာန်များနှင့် ငါးဖမ်းစက်လှေများကို အဆိုပါ နေ့ရက်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားသည်။

ကျောက်ဖြူ မြို့ခံ လှေသမားတဦးက "ကျွန်တော်တို့ဆီမှာ သတိပေးတဲ့စာတွေကို လိုက်ဖြန့် နေတာကို တွေ့ရပါတယ်။ တိုင်းတာရေး လုပ်ငန်းတွေ ဆောင်ရွက် နေချိန် အတွင်းမှာ သင်္ဘောကြီး- ငယ်တွေ ၊ ကုန်တင် စက်လှေတွေ ၊ ငါးဖမ်းဘုတ်နဲ့ စက်တပ်လှေတွေ ဖြတ်သန်း သွားလာခြင်း မပြုဖို့ နဲ့ အဲဒီ သတ်မှတ်ထားတဲ့ ဒေသအတွင်းမှာ ကျောက်ချရပ်နားခြင်းနဲ့ ငါးဖမ်းဆီးခြင်းတွေကို မပြုလုပ်ဖို့ ငါးလုပ်ငန်းဦးစီးဌာနမှ အသိပေးကြေညာ ထားပါတယ်" ဟု ပြောသည်။

အဆိုပါ ကျေညာချက်ကို ဇန္န၀ါရီလ ၂၅ ရက်နေ့ကတည်းက ကျောက်ဖြူမြို့နယ်တွင် ဖြန့်ဝေနေသည်ဟု သူကပြောသည်။

အဆိုပါ တိုင်းတာရေး လုပ်ငန်းများကို ကိုးရီးယားကုမ္ပဏီတခုဖြစ်သော ဒေ၀ူးနှင့် မြန်မာ့ ရေနံတို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းတာမူကို
MV Teknik Putra တိုင်းတာရေး သင်္ဘောမှ ပြုလုပ်မည် ဖြစ်သည်။ တိုင်းတာနေစဉ်အတွင်း ၄ ကီလိုမီတာ အတွင်းရေယာဉ်များ ဖြတ်သန်းခွင့်ကို တားမြစ် ထားသည်ဟု ဆိုသည်။

နအဖ စစ်အစိုးရသည် တရုတ်သို့ တင်ပို့မည် ဂတ်စ်ပိုက်လိုင်းကို စတင်အကောင်အထည်ဖေါ် တည်ဆောက်နေရာ ဂတ်စ် ပိုက်လိုင်း စတင်ဖေါက်လုပ်မည့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် ကျေးရွာများအား ပြောင်းရွှေ့ခြင်း၊ ဖြိုဖျက်ခြင်းများကို ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |