• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

အိမ်ထောင်စု ၆၀၀ နေထိုင်မည့် စံပြကျေးရွာ ၅ ရွာ ဘူးသီးတောင်တွင် တည်ဆောက်နေ


1/31/2010
Adjust font size:  

ဗမာ အိမ်ထောင်စု ၆၀၀ နေထိုင်မည့် နတလ စံပြ ကျေးရွာ (၅) ရွာကို ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်တွင် နအဖ စစ်အာဏာပိုင်များက ယခုနှစ် အစောပိုင်းမှ စပြီး တည်ဆောက်နေကြောင်း ဒေသခံ သတင်းရပ်ကွက်အရ သိရသည်။

တည်ဆောက်နေသော ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုံညိုလိပ်မှ ငွေတောင် ကျေးရွာ အကြားတွင် ဖြစ်ပြီး ယခုနှစ် သင်္ကြန်မကျမှီ အပြီးသတ် တည်ဆောက်သွားမည် ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

ဒေသအတွင်းမှ အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက အဆိုပါ တည်ဆောက်နေမူကို အတည်ပြု ပြောကြားပြီး အဆိုပါ ကျေးရွာများတွင် ဗမာပြည်မှ ပြောင်းရွှေ့လာသူ မိသားစုများကို နေရာ ချပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

“ကျေးရွာတွေကို ဖုံညိုလိပ်ကျေးရွာကနေ ရသေ့တောင်မြို့နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ငွေတောင် ကျေးရွာထိ မေယူမြစ်ရဲ့ အနောက်ကမ်း အရှေ့ကမ်း တလျောက်မှာ တည်ဆောက် နေပါတယ်။ တရွာမှာ ဗမာပြည်က ပြောင်းရွှေ့လာတဲ့ မိသားစု ၁၂၀ စီ ကို ခွဲဝေ နေရာ ချထား ပေးမယ်လို့ သိရပါတယ်။ ကျေးရွာတွေရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။ နောက်မှ သူတို့ ပေးလိမ့်မယ် ထင်ပါတယ်။”

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တနေ့တခြား တိုးပွားလာနေသော အစ္စလာမ် ဘာသာဝင်များ၏ လူဦးရေကို ဗုဒ္ဓဘာသာ လူဦးရေဖြင့် ထိန်းညှိလိုသဖြင့် ဗမာပြည်မှ မိသားစုများကို ခေါ်ယူပြီး အဆိုပါ ဒေသတွင် စံပြကျေးရွာ အများအပြားကို တည်ဆောက် ပေးကာ နေထိုင် ခိုင်းလျှက်ရှိသည်။

လက်ရှိ ရရှိသော သတင်းအရ နအဖ စစ်အာဏာပိုင်များသည် ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် နေထိုင်သည့် အိုးအိမ် အတည်တကျ မရှိသူများအား လိုက်လံ စုဆောင်းပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ပို့ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် သတင်းတပုဒ်အရ ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ကျူးကျော် ရပ်ကွက် မုဒိတာလမ်းတွင် နေထိုင်သော မိသားစု ၅၀၀ ကျော်ကို ဘူးသီးတောင်နှင့် မောင်တော မြို့နယ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု သိရသည်။

နအဖ အာဏာပိုင်များသည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တည်ဆောက်နေသော စံပြကျေးရွာများသို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများကို လယ်မြေများနှင့် စက်ကရိယာများကို အခမဲ့ ဝေခြမ်း ပေးသည့် အပြင် အိမ်များ၊ ဆေးခန်းများနှင့် ကလေးများအတွက် စာသင်ကျောင်းများကိုပါ တည်ဆောက်ပေးသည်။ ၄င်းပြင် တနှစ်စာအတွက် ရိက္ခာများကိုလည်း လိုလေသေး မရှိ ထောက်ပံ့ ပေးကြောင်း သိရသည်။

လက်ရှိ အချိန်၌ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် နတလ စံပြကျေးရွာပေါင်း ၄၀ ကျော် တည်ဆောက်ထားပြီး လူဦးရေအားဖြင့် နှစ်သောင်းကျော် ပြောင်းရွှေ့အခြေချ နေထိုင်လျှက်ရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |