• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

တောင်ပေါ်သား ကလေး ၁၆ ယောက်ကို လူပွဲစားလက်မှ ဘင်္ဂလာရဲက ကယ်တင်


2/2/2010
Adjust font size:  

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင်(ရွာတော်) မြို့တွင် တောင်ပေါ် တိုင်းရင်းသား ကလေး ၁၆ ဦးကို လူပွဲစားလက်မှ ဘင်္ဂလာ ရဲတပ်ဖွဲ့က ကယ်တင်လိုက်သည်။

ဘင်ဒရာဘင်မြို့ ဈေးအနီးရှိ ဟာဘီ တည်ခိုးခန်းကို မသင်္ကာ၍ ရဲတပ်ဖွဲ့မှ ၀င်ရောက်စစ် ဆေးရာမှ အဆိုပါ ကလေးငယ်များကို ရဲက ကယ်တင်နိုင်ခဲ့သည်။

သူတို့အား ပညာသင်ပေးမည်ဟု ဆိုကာ ဘင်ဒရိုဘင် ခရိုင် လမားမြို့နယ်မှ လိမ်လည် ခေါ်ဆောင်လာခဲ့သည်ဟု ရဲတာဝန်ရှိသူက ပြောသည်။

လိမ်လည် ခေါ်ယူလာသူမှာ မိုဟန်(တြိပူရ) မှ အဆိုပါ ကလေးများကို ဘင်ဒရိုဘင်မြို့ရှိ
Bangladesh Tribal Association of Baptist Charge (BTABC) အသစ် ဖွင့်လှစ်သောကျောင်းတွင် စာသင်ပေးမည်ဟုဆိုကာ မိဘများထံမှာ ခေါ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသည်ဟု သိရသည်။

အဆိုပါ ကလေးများမှာ လမားမြို့နယ် ဒေါ်လာဆရီဒေသမှ တြိပူရ ခေါ် မြုံတောင်ပေါ် တိုင်းရင်း သားများဖြစ်ကြပြီး သူတို့၏ အသက်မှာ ၆ နှစ်မှ ၁၂ နှစ်အကြား ရှိကြသည်။

ယခုကယ်တင်ခဲ့ရသည့် ကလေးများထဲတွင် ယောက်ျား ၉ ဦးနှင့် မိန်းကလေး ၇ ဦး ပါဝင်သည်။

ယခုအခါ လိမ်ခေါ်ယူလာသူ မိုဟန် (တြိပူရ) ကို ကလေး ကုန်ကူးမှုဖြင့် ဘင်ဒရာဘင် ရဲမှ တရား စွဲဆိုထား သည်ဟု သိရသည်။

လွန်ခဲ့သည့် ဇန္န၀ါရီလ ၁၃ ရက်နေ့က စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်)မြို့တွင် တောင်ပေါ်သား ကလေး ၃၃ ဦးကိုလည်း လူမှောင်ခို ကူးသူများ ထံမှ ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ်ရှိ ဘင်ဒရိုဘင် ခရိုင်အ တွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသား အများစုမှာ သားသမီးများကို ပညာသင်ကြားရန် ငွေကြေး အလုံအလောက် မရှိသဖြင့် ယခုကဲ့သို့ မသမာသော လူကုန် ကူးသူများ၏ လိမ်လည်ခြင်းကို အမြဲ ခံနေကြရသည်ဟု စုံစမ်း သိရှိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |