• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

မောင်တောတွင် ဆိုင်ကယ်တိုက်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ


2/3/2010
Adjust font size:  

ခိုင်ခိုင်စံ (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့ တွင် မတော်တဆ ဆိုင်ကယ် တိုက်မူ တခု ဖြစ်ပွားခဲ့ရာမှ လူ တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဆိုင်ကယ်တိုက်မူမှာ မောင်တောမြို့ ၃ မိုင် ကျေးရွာ လမ်းမကြီးပေါ်တွင် ဇန္န၀ါရီလ ၃၀ ရက်နေ့ ညဥ့် ၁၀ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသူမှာ ဦးကျော်ကြီးမောင် အသက် ( ၄၅ )နှစ် ဖြစ်ပြီး သူတွင် ဇနီးနှင့်ကလေး ၄ဦး ကျန်ရှိခဲ့သည်။

ဆိုင်ကယ် တိုက်မူ ဖြစ်ပွားခြင်းကို မျက်မြင် တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ ဆိုင်ကယ်က ကိုကျော်ကြီးမောင်ဆိုက်ကားကို မောင်တောမြို့ နယ် ၃မိုင် ကျေးရွာ ဗွီဒီယိုရုံရှေ့ လမ်းမကြီးပေါ်မှာ တိုက်တာဖြစ်ပါတယ်။ ဆိုင်ကယ် တိုက်စဉ်မှာ ဆိုက်ကား ပေါ်မှာ ခရီးသည် အမျိုးသမီး တဦးနဲ့ ကလေးတဦး ပါပါတယ်။ ဆိုင်ကယ်က အရှိန်နဲ့ တိုက်တော့ ဆိုက်ကားက မှောက်သွားပြီး ဦးကျော်ကြီးမောင် ဦးခေါင်းက ကွဲသွားပြီး ဒဏ်ရာ ပြင်းထန်စွာ ရသွားပါတယ်။

ဆိုက်ကားပေါ်မှာ ပါလာတဲ့ခရီသည် အမျိုးသမီးနဲ့ ကလေးလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပါတယ်။”

၎င်းပြင် သူက “ဆိုင်ကယ် တိုက်မူ ဖြစ်ပွားပြီးနောက် သူတို့ကို မောင်တော ဆေးရုံသို့ ချက်ချင်း ယူသွားခဲ့ပါတယ်။ နောက်တနေ့ မနက် ၉နာရီမှာတော့ ဆိုက်ကား သမား ကိုကျော်ကြီးမောင် ဆုံးသွားပါတယ်။ နောက်ခရီးသည် နှစ်ဦးကတော့ ဆေးရုံမှာ ခုအချိန်ထိ ဆေးကုသမူ ခံယူ နေပါတယ်။”

ဆိုင်ကယ် ဖြင့်တိုက်သူမှာ လူငယ် တဦး ဖြစ်သူ ဦးချင်းချေ၏သား အထွန်းရှင်(၂၀)နှစ် ဖြစ်ပြီး အခုအခါ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |